ဒုက္ခသည် ခိုလှုံခွင့်ဆိုင်ရာမူဝါဒ သဘောကွဲလွဲမှုကြောင့် နယ်သာလန်အစိုးရ ပြိုလဲ

သည်ဟိတ်၊ ဇူလိုင်-၈-၂၀၂၃
မျိုးဆက်(VOM)

နယ်သာလန်နိုင်ငံမှာ ဒုက္ခသည် ခိုလှုံခွင့်ဆိုင်ရာ မူဝါဒတွေနဲ့ပတ်သက်ပြီး ပါတီတွေအကြား သဘောထားကွဲလွဲမှုကြောင့် နယ်သာလန်အစိုးရ ပြိုလဲသွားခဲ့ကြောင်း နယ်သာလန်၀န်ကြီးချုပ် မာ့ခ်ရူတီက ဇူလိုင် ၇ ရက်မှာ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဇူလိုင် ၇ ရက်မှာ မစ္စတာရူတီဦးဆောင်ပြီး ဆွေးနွေးပွဲတွေ ကျင်းပခဲ့ပေမယ့်လည်း ပါတီလေးခုအကြား သဘောတူညီမှုမရရှိခဲ့ပါဘူး။

လွန်ခဲ့တဲ့ တနှစ်ကျော်ကာလက အစိုးရသစ်ဖွဲ့စည်းခဲ့ပေမယ့်လည်း ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ မူဝါဒတွေအပေါ် ပါတီတွေရဲ့ဆန့်ကျင်ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

၀န်ကြီးချုပ် ရူတီဟာ ဇူလိုင် ၇ ရက်မှာ အရေးပေါ်အစည်းအဝေးကျင်းပပြီးနောက် နယ်သာလန်အစိုးရ ပြိုလဲသွားပြီဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုပြောဆိုပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲသစ်မတိုင်မီ ၀န်ကြီးတွေဟာ အိမ်စောင့်အစိုးရအဖွဲ့အဖြစ် တာ၀န်ယူသွားမှာဖြစ်ပါတယ်။

နို၀င်ဘာလမှာ ရွေးကောက်ပွဲသစ်ကျင်းဖွယ်ရှိကြောင်း နယ်သာလန်အခြေစိုက် ပြည်တွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။

မစ္စတာရူတီရဲ့ ရှေးရိုးစွဲ ဗီဗီဒီပါတီဟာ နိုင်ငံတွင်းမှာ ခိုလှုံခွင့်ရှာဖွေသူတွေ ၀င်ရောက်လာမှုကို ကန့်သတ်ဖို့ကြိုးစားနေပြီး ညွှန့်ပေါင်းမဟာမိတ်အချို့က ကန့်ကွက်နေပါတယ်။

Ref: BBC
Photo:AFP
#voiceofmyanmar #VOM #သည်ဟိတ်

Related posts

Leave a Comment

VOM News

FREE
VIEW