နေပြည်တော်မှာ ပြီးခဲ့တဲ့ လပိုင်းက ယာယီပိတ်သိမ်းခဲ့တဲ့ Barအချို့ ပြန်ဖွင့်ခွင့်ရ

ဇူလိုင် ၈-၂၀၂၃
KT(VOM)

နေပြည်တော်မှာ ပြီးခဲ့တဲ့ ဇွန် ၂၄ရက်က ရက်အကန့်အသတ်မရှိ ယာယီပိတ်သိမ်းထားတဲ့ Bar အချို့ဟာ ဒီနေ့မှာပဲ ပြန်ဖွင့်ခွင့်ရတယ်လို့ သိရပါတယ်။

ဧရာဝတီလမ်းရှိ Excellent Bar & Restaurantကတော့ သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာ” ဒီနေ့စဖွင့်ပြီ”ဖြစ်ကြောင်း ကြော်ငြာထားတာကိုလည်း တွေ့ရပါတယ်။

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်၊ဧရာဝတီလမ်းပေါ်မှာဖွင့်ထားတဲ့ Excellent music bar နဲ့ သပြေကုန်းရပ်ကွက်ရှိ Relax music bar ၊ X-one space music bar တို့ကို နေပြည်တော်ကောင်စီ ညွှန်ကြားချက်အရ ဇူလိုင်၂၄ ရက်နေ့က ရက်အကန့်အသတ်မရှိ ပိတ်သိမ်းထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #နေပြည်တော်

Related posts

Leave a Comment

VOM News

FREE
VIEW