ဆိုးလ်၊ ဇူလိုင်-၁၄-၂၀၂၃
မျိုးဆက်(VOM)
တောင်ကိုရီးယားနဲ့ အမေရိကန်လေတပ်တို့ဟာ ကိုရီးယားကျွန်းဆွယ်မှာ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်က ထုတ်ပြန်ပါတယ်။
မြောက်ကိုရီးယားက ဟွာဆောင်-၁၈ တိုက်ချင်းပစ်ဒုံးကျည်ကို စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ပြီး နောက်တရက်မှာ နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
စစ်ရေးလေ့ကျင့်မှုမှာ ဘီ-၅၂ ဗုံးကြဲလေယာဉ်အပြင် အမေရိကန်နဲ့ တောင်ကိုရီးယားတို့က တိုက်လေယာဥတွေ ပါ၀င်ခဲ့ပြီး ဇူလိုင် ၁၃ ရက်မှာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ထုတ်ပြန်ထားပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ လက်ရှိအခြေအနေတွေကို အတူတကွကိုင်တွယ်ပြီး ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးကို ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ မြောက်ကိုရီးယားရဲ့ နောက်ထပ်ရန်စမှုတွေ မလုပ်ဆောင်ဖို့ တားဆီးမှုအဖြစ် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ပြောဆိုထားပါတယ်။
Ref: NHK
Photo:Getty Images
#voiceofmyanmar #VOM #ဆိုးလ်