ဘန်ကောက်၊ အောက်တိုဘာ-၂၅-၂၀၂၅ မျိုးဆက်(VOM) ထိုင်းဘုရင် ဗာဂျီရာလောင်ကွန်း၏ မိခင်ဖြစ်သူ မိဖုရား သီရိခေတ်ဟာ အသက် ၉၃ နှစ်အရွယ်မှာ ကုံကုန်ပြီလို့ ထိုင်းဘုရင့်နန်းတော်က ထုတ်ပြန်ပါတယ်။ မိဖုရားကြီးဟာ သောကြာနေ့ ဒေသစံတော်ချိန် ၉ နာရီ ၂၁ မိနစ်မှာ ဘန်ကောက်ဆေးရုံတခုမှာ ငြိမ်းချမ်းစွာနဲ့ ကံကုန်ခဲ့တယ်လို့ ဆိုပါတယ်။ သူမဟာ ၂၀၁၉ ခုနှစ်ကစပြီး ဆေးရုံတက်နေရပြီး ယခုလအတွင်းမှာတော့ သွေးတွင်အဆိပ်တက်တဲ့ ရောဂါဖြစ်ပွားခဲ့ပါတယ်။ မိဖုရားကြီး သီရိခေတ်ဟာ ၂၀၁၆ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ နန်းသက်အရှည်ဆုံးဘုရင် ဘူမိဘောအဒူယာဒက်နဲ့ ထိမ်းမြားခဲ့ပြီး သားသမီးလေးယောက် ထွန်းကားခဲ့ကာ အကြီးဆုံးသားဖြစ်တဲ့ ဗာဂျီရာလောင်ကွန်းကတော့ ရာမ ၁၀ ဘွဲ့အမည်နဲ့ လက်ရှိဘုရင်ဖြစ်ပါတယ်။ ဖိဖုရားကြီး သီရိခေတ်ရဲ့ ဈာပနကို ထိုင်းတော်ဝင်အစဉ်အလာတွေအတိုင်း ပြုလုပ်သွားမှာဖြစ်ပြီး ရုပ်အလောင်းကို ဘန်ကောက်မြို့ရှိ Grand Palace ရဲ့ Dusit…
Read MoreDay: October 26, 2025
ရန်ကုန်မှာ မီးနီးဖြတ်မောင်းတဲ့ အောက်ဆိုက်ကားမှောက်လို့ တယောက်သေပြီး ခြောက်ယောက်ဒဏ်ရာရ
အောက်တိုဘာ ၂၅ ၊ ၂၀၂၅ GG (VOM) ရန်ကုန် ၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းဒေါင့် မီးပွိုင့်မှာ ဒီကနေ့ အောက်တိုဘာ ၂၅ ရက်နေ့၊ မနက် ၈ နာရီကျော်လောက်မှာ မီးနီဖြတ်မောင်းတဲ့ ခရီးသည်တင် အောက်ဆိုက်ကားတစီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ပြီး တယောက်သေဆုံးကာ နောက်ထပ် ခြောက်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသူ နှစ်ယောက်ပါဝင်ကြောင်း ၊ ဦးခေါင်းထိခိုက်မိသူက သုံးယောက်ပါဝင်တာကြောင့် ဆေးရုံမှာ အရေးပေါ်ကုသမှုတွေခံယူနေရတယ်လို့သိရပါတယ်။ ” အောက်ဆိုက်ကားက မီးနီဖြတ်မောင်းလာပြီး မျက်နှာချင်းဆိုင်ကလာတဲ့တက္ကစီကိုရှောင်ရာကနေ အရှိန်မထိန်းနိုင်ဘဲ ပလက်ဖောင်းတွေတိုက်ပြီးမှောက်သွားတာ။ယာဥ်မောင်းသေတယ်။ ခေါင်းခန်းထဲက နောက်ထပ်အမျိုးသားက အနီရောင်အဆင့် ၅၀ – ၅၀ ပဲ။အခြေအနေမကောင်းဘူး ။နောက်ခန်းက အမျိုးသမီးတယောက်လည်း အနီရောင်အဆင့်ပဲ။ ကျန်လေးယောက်မှာတော့ သုံးယောက်ကခေါင်းထိတယ်။” လို့ ရှင်သန်ရေးကူညီမှုအသင်းမှ တာဝန်ရှိသူကပြောပါတယ်။ ယာဥ်တိမ်းမှောက်မှု သေဆုံးတဲ့အမျိုးသားက ယာဥ်မောင်းဖြစ်ပြီး…
Read Moreပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က သူမအနေနဲ့ ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့်ရပြီးဟုဆို
အောက်တိုဘာ ၂၅ – ၂၀၂၅ SN (VOM) အခု ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့်မရရှိဘူး ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။ ဒေါ်သက်သက်ခိုင် အနေနဲ့ ကိုယ်စားလှယ်လောင်း အရည်အချင်း ပျက်ယွင်းတဲ့အတွက် ရွေးကောက်ပွဲ ယှဥ်ပြိုင်ခွင့်မရဘူးလို့ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က “ကျမ အနေဖြင့် လာမည့် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ပါတီကို ကိုယ်စားပြုပြီး ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၂) မှာ နိုင်သူအကုန်ယူစနစ် (FPTP) စနစ်မှာ ဝင်ရောက် ယှဥ်ပြိုင်ဖို့ UEC ထံမှ…
Read Moreလက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၂၂)
ဆူးငှက် မှတ်မှတ်ရရ ကျွန်တော် လူထုကြီးပွားရေးစာအုပ်တိုက်ကို ၁၉၉၄ သြဂုတ်က စရောက်သည်။ ဒီ့မတိုင်ခင်က ကိုကျော်စိုးဝင်း အစီအစဉ်ဖြင့်လူထုကြီးပွားရေးနှင့် ထီးပေါင်းကားတိုက်ထုတ် စာအုပ်တွေအတွက် ကွန်ပြူတာ စာစီတွေကို ဖြတ်ညှပ်ကပ်layout လုပ်တာ၊ စာဖောင်ဖွဲ့တာ၊ ဖလင်တွေ ဖလက်တွဲတာတွေ ဆောင်ရွက်ခဲ့ရသည်။ မြန်မာ့မဟာဂီတ (၁၉၈၉)၊ ဆေးလိပ်နဲ့လူသား(၁၉၉၀)၊ မန္တလေးသူ မန္တလေးသားများ(၁၉၉၁)၊ ရတနာပုံမန္တလေး မန္တလေး ကျွန်မတို့ မန္တလေး (၁၉၉၃)၊ ထိုင်းဝတ္ထုတိုများ- ၂ (၁၉၉၃)၊ သာသနာ့တန်ဆောင်ဆရာတော်ကြီးများ(၁၉၉၄) တွေကို ဖလက်တွဲပေးရသည်။ မန္တလေးသူ မန္တလေးသားများ စာအုပ်နှင့်ဲ ရတနာပုံမန္တလေး မန္တလေး ကျွန်မတို့ မန္တလေး စာအုပ်ထဲက ဓာတ်ပုံ အချို့ ကူညီခွင့် ရခဲ့သည်။တိုက်ကိုရောက်ရောက်ချင်း ပထမဆုံး အတွေ့အကြုံက လူထုအမှတ်တရ လူထုဦးလှ စာအုပ်လေးကို လက်ခွဲဖလင်မှာ စပ်ရောင်များနှင့် မျက်နှာဖုံးရိုက်ရသည်။ ဘူတာကြီးအနောက်ဖက် ရွှေဟံသာစက်မှာပါ။ နောက် ဆရာမကြီး…
Read More