ဘရပ်ဆဲလ်၊ အောက်တိုဘာ-၁၈-၂၀၂၅ မျိုးဆက်(VOM) မြန်မာနိုင်ငံမှာ လာမယ့်ဒီဇင်လအတွင်းကျင်းပမယ့် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာသူတွေ စေလွှတ်မှာမဟုတ်ဘူးလို့ ဥရောပသမဂ္ဂ ထိပ်တန်းတာဝန်ရှိသူတယောက်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုမရှိကြောင်းနဲ့ အပြောင်းအလဲအတွက် တွန်းအားပေးဆောင်ရွက်ကြဖို့ အာဆီယံအဖွဲ့ကို သူက တိုက်တွန်းထားပါတယ်။ အာဆီယံနိုင်ငံတွေအပါအဝင် အိမ်နီးချင်းနိုင်ငံတွေ အားလုံးက အပြောင်းအလဲအတွက် ခိုင်ခိုင်မာမာ တိုက်တွန်းကြဖို့ ဥရောပသမဂ္ဂ ကော်မရှင်နာ Kajsa Ollongren က မလေးရှားမြို့တော် ကွာလာလမ်ပူမှာ အေအက်ဖ်ပီကို ပြောပါတယ်။ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးအနေနဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ ၊ သက်ဆိုင်သူအားလုံးနဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်ကို ပြောင်းလဲဖို့ Ollongren က တိုက်တွန်းထားပါတယ်။ အဲဒီကနေစပြီး ငြိမ်းချမ်းရေးကို ကူးပြောင်းကာ အနာဂတ်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ လုပ်ဆောင်ကြဖို့ လိုတယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၂၈ ရက်…
Read MoreDay: October 19, 2025
သီပေါ – မန္တလေး ကားလမ်းမကြီး ကနေ ကားလေးတွေ စတင် သွားလာလို့ရ
အောက်တိုဘာ ၁၈၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ – မန္တလေး ကားလမ်းမကြီး ကနေ ဒီနေ့ အောက်တိုဘာလ ၁၈ ရက်ကစ ကားလေးတွေ စတင် သွားလာလို့ရပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “သီပေါ ကနေ မန္တလေး ပြည်ထောင်စု လမ်းမအတိုင်း သွားလို့ ရပြီ။ ကျင်သီတံတားလည်း ကား ဖြတ်လို့ ရပြီ။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ လက်ရှိ ကားခက သီပေါ – မန္တလေး တယောက်ကို ၈၀၀၀၀ ကျပ် နှုန်း ရှိတယ်လို့ သိရပြီး ကျောက်မဲ – မန္တလေးကတော့ ၆၀၀၀၀ ကျပ် ရှိတယ်လို့ ကြားသိရကြောင်း သူကပြောပါတယ်။ “ကားသေးတွေပါပဲ။ တံတားတွေက ခံနိုင်ရည် မရှိလောက်ဘူး။…
Read Moreလိုင်စင်သက်တမ်းတိုး တင်းကျပ်မှုကြောင့် ပြည်ပအလုပ်အကိုင် အေဂျင်စီတွေ အခက်အခဲဖြစ်နေ
အောက်တိုဘာ ၁၈ – ၂၀၂၅ SN (VOM) ပြည်ပအလုပ်အကိုင် အေဂျင်စီတွေကို လိုင်စင်သက်တမ်းတိုး စည်းမျဉ်းတွေ ထမ်မံ တင်းကျပ်လာတဲ့အတွက် သတ်မှတ်ရက်အတွင်း လိုင်စင် သက်တမ်းတိုးနိုင်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။ ပြည်ပအလုပ်အကိုင် အကျိုးဆောင် ကုမ္ပဏီ (အေဂျင်စီ) တွေအနေနဲ့ ရက်ပေါင်း ၉၀ အတွင်း လိုင်စင် သက်တမ်းတိုးဖို့ အလုပ်သမား ဝန်ကြီးဌာနက ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့မှာ အသိပေးလာပြီး သတ်မှတ်ရက် ကျော်လွန်တဲ့အထိ လိုင်စင် သက်တမ်းတိုးအတွက် တင်ပြခြင်း မရှိပါက လိုင်စင်ပိတ်သိမ်းမယ်လို့ သိရပါတယ်။ “အခုလို ရက် ၉၀ အတွင်း မတင်ရင် ပိတ်သိမ်းမယ် ဆိုတာကတော့ တော်တော်ကို ပြင်းထန်လာတယ်လို့ ပြောရမယ်။ အခု အခြေအနေကလည်း မူဝါဒတွေ မတည်ငြိမ်တော့ လုပ်ရကိုင်ရ…
Read Moreဈေးကောင်းမရပေမယ့် ပင်လယ်ငါးစည်ဖောင်းခြောက် ပြည်တွင်းဈေးကွက် အဝယ်လိုက်
အောက်တိုဘာ ၁၈-၂၀၂၅ KKL (VOM) ဧရာဝတီတိုင်းက ထွက်ရှိတဲ့ ပင်လယ် ငါးစည်ဖောင်း ခြောက်တွေ ပြည်ပဈေးကွက်ကို ပြန်လည်မတင်ပို့နိုင်သေး တာကြောင့် ဈေးကောင်းမရဖြစ်နေပေမယ့် ပြည်တွင်း ရန်ကုန် ဈေးကွက်က ငါးစည်ဖောင်း ခြောက်တွေအဝယ် လိုက်နေတယ်လို့ ငါးစည်ဖောင်းခြောက် ထုတ်လုပ်ရောင်း ချတဲ့လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။ ငါးစည် ဖောင်းခြောက်တွေကို အရင်က ပြည်ပဈေး ကွက် ဖြစ်တဲ့ စင်္ကာပူ ၊ တရုတ် ၊ ထိုင်း ၊ကိုးရီးယာ ၊ အမေရိ ကန် စတဲ့နိုင်ငံတွေကိုတင်ပို့ရောင်းချခဲ့တာဖြစ်ပြီး ကိုဗစ်- ၁၉ ရောဂါနဲ့နိုင်ငံရေး အကျပ်အတည်းတွေကြောင့်ယနေ့အထိ ပြန်လည်တင်ပို့မရောင်းချနိုင်သေးတာကြောင့်ဈေးကောင်း မရဖြစ်နေတာလို့ သိရပါတယ်။ လက်ရှိပြည်တွင်း ရန်ကုန်ဈေးကွက်ကို တခြားပြည်နယ်နဲ့ တိုင်းတွေက ငါးစည်ဖောင်းခြောက်တွေ ဝင်ရောက်မှုမရှိ တဲ့အတွက် ဧရာဝတီတိုင်း တခုတည်းက ငါးစည်ဖောင်းခြောက်တွေအဝယ်လိုက်နေတာလို့ သိရပါတယ်။ ”အရင်က ဒီဘက်ကနေ အပြိုင်ရခိုင်…
Read Moreနမ့်ဆန် နဲ့ ကျောက်မဲ မြို့နယ်တွေမှာ လေကြောင်း ထပ်မံ တိုက်ခိုက်ခံရလို့ ထိခိုက် သေဆုံးမှုရှိ
အောက်တိုဘာ ၁၉၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်၊ TNLA ထိန်းချုပ်ရာ နမ့်ဆန် နဲ့ ကျောက်မဲ မြို့နယ်တွေမှာ အောက်တိုဘာလ ၁၈ ရက်နေ့ ညနေနဲ့ ညပိုင်းက လေကြောင်း တိုက်ခိုက်ခံရလို့ ထိခိုက် သေဆုံးမှုရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မနေ့ညက နမ့်ဆန်မြို့နယ် ကွမ်ဟယ်ကိုကြဲသွားတာ အတော်ဆိုးတယ်။ နေရာက လူနေအိမ် ထူထပ်တဲ့နေရာဖြစ်တယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။ အမျိုးသမီး ငါးယောက်ပွဲချင်းပြီး သေဆုံးသွားပြီး အမျိုးသား တယောက်လည်း သေဆုံးတယ်လို့ သူက ပြောပါတယ်။ “နမ့်ဆန် ကွမ်ဟယ်ရွာထဲ မန်ကင် ရပ်ကွက်မှာ ကျတာ လူ ၆ ဦးသေတယ်လို့ ကနဦး သိရတယ်။ ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့နယ်ခွဲ၊ နမ့်ခုံးအုပ်စု၊ လွယ်စုရွာ လည်းကြဲဝယ်။ အမျိုးသမီး တယောက်ထိတယ်”…
Read Moreငလျင်ဘေး ပြန်လည်ထူထောင်ရေးအတွက် ချေးငွေ လျှောက်ထားနိုင်
အောက်တိုဘာ ၁၉ – ၂၀၂၅ SN (VOM) ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ငလျင်ဒဏ်သင့် ဒေသတွေက ပြည်သူတွေ အနေနဲ့ ပြန်လည် ထူထောင်ရေးအတွက် ချေးငွေတွေ စတင် လျှောက်ထားနိုင်ပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မနေ့ အောက်တိုဘာ ၁၈ ရက်မှာ ထုတ်ပြန် ကြေညာထားပါတယ်။ ငလျင်ဒဏ်ခံခဲ့ရတဲ့ ဒေသတွေမှာ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ နိုင်ငံတော်က ထည့်ဝင်ပံ့ပိုးတဲ့ ရန်ပုံငွေနဲ့ သက်တမ်း ၃ နှစ်မှ ၅ နှစ်အထိရှိတဲ့ ချေးငွေတွေကို သက်သာတဲ့ အတိုးနှုန်းနဲ့ ထုတ်ချေးပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ “အခုက ငလျင်ကြီးဖြစ်ပြီး ခုနစ်လနီးပါးကြာမှ ချေးငွေ လျှောက်ဖို့ဆိုပြီး အသိပေးလာတာပေါ့။ အမှန်က ချေးငွေ ဆိုတာထက်…
Read Moreသီပေါမှာ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ပြန်လည်ဝင်ရောက်
အောက်တိုဘာ ၁၉၊ ၂၀၂၅ Shy V (VOM) အစိုးရတပ်က ပြန်လည် သိမ်းပိုက် ထိန်းချုပ်ထားတဲ့ သီပေါမြို့မှာ အောက်တိုဘာလ ၁၈ ရက်နေ့ ညနေပိုင်းကစပြီး ဌာနဆိုင်ရာ ရုံးဝန်ထမ်းတွေ ပြန်လည်ဝင်ရောက်လာပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မနေ့ တုန်းကတော့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ဝင်လာတာတွေ့တယ်။ ဌာနဆိုင်ရာတွေ အကုန် ဝင်လာကြပြီ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ လဝက၊ ရဲ၊ မီးသတ် အကုန်လုံးပါတာတွေ့ရပြီး ဒေသခံ တချို့ သွားကြိုနေတာ တွေ့ရတယ်လို့ သူက ပြောပါတယ်။ ဌာနဆိုင်ရာတွေ မနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ ညနေပိုင်း ၂ နာရီခွဲကျော်ခန့်က သီပေါမြို့ထဲ ဝင်ရောက်လာတာလို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။ မြို့တွင်းထဲ လက်ရှိ…
Read More၃၇ နှစ်ပြည့်ပြီးဖြစ်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရဲ့ အတိတ် ပစ္စုပ္ပန်နဲ့ အနာဂါတ်
နေပြည်တော်၊ အောက်တိုဘာ- ၁၈-၂၀၂၅ SA(VOM) လာမယ့် ဒီဇင်ဘာမှာ ကျင်ပမယ့် ရွေးကောက်ပွဲမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဟာ တနိုင်ငံလုံးက မဲဆန္ဒဒနယ် အများစုမှာ ဝင်ပြိုင်မယ်ဆိုတာကြောင့် နိုင်ငံရေးစိတ်ဝင်စားသူတွေ အံ့သြကြရပါတယ်။ ပြည်ခိုင်ဖြိုးပါတီပြီးရင် ဝင်ပြိုင်မယ့် က်ိုယ်စားလှယ်လောင်း အရေအတွက် ဒုတိယအများဆုံးလို့ သိရပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီ ဒုဥက္ကဋ္ဌ ဦးသိန်းထွန်း ကို သူတို့ပါတီအနေနဲ့ ဘယ်လို မူဝါဒတွေဆွဲကိုင်ထားသလဲ၊ ဘယ်လို ကိုယ်စားလှယ်တွေ စာရင်းသွင်းထားသလဲဆိုတာနဲ့ ပါတီရဲ့ ၃၇ နှစ်တာခရီးတွေအကြောင်းကို VOM အယ်ဒီတာချုပ် ဦးနေလင်း က တွေ့ဆုံ မေးမြန်းထားပါတယ်။ ရိုက်ကူး/ တည်းဖြတ် ရှိုင်းအောင် #voiceofmyanmar #vom #naypyitaw တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
Read More