အောက်တိုဘာ ၁၈-၂၀၂၅
KKL (VOM)
ဧရာဝတီတိုင်းက ထွက်ရှိတဲ့ ပင်လယ် ငါးစည်ဖောင်း ခြောက်တွေ ပြည်ပဈေးကွက်ကို ပြန်လည်မတင်ပို့နိုင်သေး တာကြောင့် ဈေးကောင်းမရဖြစ်နေပေမယ့် ပြည်တွင်း ရန်ကုန် ဈေးကွက်က ငါးစည်ဖောင်း ခြောက်တွေအဝယ် လိုက်နေတယ်လို့ ငါးစည်ဖောင်းခြောက် ထုတ်လုပ်ရောင်း ချတဲ့လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။
ငါးစည် ဖောင်းခြောက်တွေကို အရင်က ပြည်ပဈေး ကွက် ဖြစ်တဲ့ စင်္ကာပူ ၊ တရုတ် ၊ ထိုင်း ၊ကိုးရီးယာ ၊ အမေရိ ကန် စတဲ့နိုင်ငံတွေကိုတင်ပို့ရောင်းချခဲ့တာဖြစ်ပြီး ကိုဗစ်- ၁၉ ရောဂါနဲ့နိုင်ငံရေး အကျပ်အတည်းတွေကြောင့်ယနေ့အထိ ပြန်လည်တင်ပို့မရောင်းချနိုင်သေးတာကြောင့်ဈေးကောင်း မရဖြစ်နေတာလို့ သိရပါတယ်။
လက်ရှိပြည်တွင်း ရန်ကုန်ဈေးကွက်ကို တခြားပြည်နယ်နဲ့ တိုင်းတွေက ငါးစည်ဖောင်းခြောက်တွေ ဝင်ရောက်မှုမရှိ တဲ့အတွက် ဧရာဝတီတိုင်း တခုတည်းက ငါးစည်ဖောင်းခြောက်တွေအဝယ်လိုက်နေတာလို့ သိရပါတယ်။
”အရင်က ဒီဘက်ကနေ အပြိုင်ရခိုင် ၊ တနင်္သာရီ ၊မွန်ပြည် နယ်ဘက်နေ ရန်ကုန်ကို ငါးစည်ဖောင်းခြောက်တွေဝင် တယ်။အခု စစ်ရေးအခြေအနေတွေကြောင့်မဝင်တော့ ဧရာဝတီတိုင်းက ငါးစည်ဖောင်းခြောက်တွေ ရန်ကုန်ဈေး ကွက်မှာ တခုတည်းဝင်ပြီးနေရာရပြီး အဆင်ပြေတာ။ပြည်ပဈေးကွက်ကိုတော့ လုံးဝကိုမတင်နိုင်သေးတာ။ ဧရာဝတီတိုင်း ရန်ကုန်နဲ့တခြားဒေသတွေနဲ့ယှဉ်ရင်ကုန် စည်တင်ပို့ရတာ မခက်ဖူးလေ။”လို့ဧရာဝတီတိုင်း ငါးစည် ဖောင်းခြောက် ထုတ်လုပ်ရောင်းချတဲ့လုပ်ငန်း ရှင်တယောက်ကပြောပါတယ်။
ပင်လယ် ငါးစည်ဖောင်းခြောက်တွေကို ပင်လယ်ပြင်က ဖမ်းယူရရှိတဲ့ ငါးတွေဖြစ်တဲ့ ငါးရွှေငါး၊ ငါးရောင်ငါး ၊ငါးပုတ်သင်ငါး၊ ကပ်သမျှင်ငါး ၊ ကပ်ကုရမ်ငါးစတဲ့ ငါးတွေ ကိုဝမ်းဗိုက်ခွဲပြီး အတွင်းကနေ ရရှိတဲ့ စည်ဖောင်းတွေကို စနစ်ကျဆေးကြောသန့်ဇင်နေပူလှန်း အခြောက်ခံပြီး ရရှိခြင်းဖြစ်တယ်လို့ သိရပါတယ်။
“ပင်လယ်ငါးစည်ဖောင်း ခြောက်ပြည်ပဈေးကွက်ကျဆင်း နေဆဲဖြစ်တယ်။ ပြည်တွင်းဈေးတခုတည်းကိုအားကိုးနေရ တယ်။ဈေးကဈေးကုန်မရဘူး။အရင်က ပြည်ပဈေးကွက် ရှိတော့အရောင်းလည်းသွက်သလို ဈေးကောင်းလည်း ရတယ်။ဈေးကောင်းရရှိတာ့ ရေလုပ်သားတွေကော ၊ကုန် သည်တွေကော အဆင်ပြေခဲ့တယ်။အခုတောင်ပြည်တွင်း ဈေးကွက်က တခြားဒေသကနေရန်ကုန်ကို ကုန်အဝင် မရှိလို့ အလုပ်ဖြစ်နေတာ။ပြည်ပဈေးကွက်လေး ပြန်ရစေ ချင်တယ်။အလုပ်ကတော့မရပ်သွားပါဘူး။”လို့ ဖျာပုံမြို့က ငါးမျိုးစုံရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင် တယောက်ကပြောပါတယ်။
ငါးစည်ဖောင်ခြောက်ဈေးအနေနဲ့ လက်ရှိ ငါးအမျိုးအစား အပေါ်မူတည်ပြီး တပိသာကိုကျပ် ၂၀၀၀၀၀ ကနေ ၄၅၀၀၀၀ ကျပ် ၊ ၄၅၀၀၀၀ ကနေ ၉၅၀၀၀၀ အထိဈေးအနိမ့်အမြင့်ရှိပြီး ပြည်တွင်မှာ ပြည်ပ ဧည့်သည် အဝင်ရှိတဲ့ ဟိုတယ်တွေ၊ စားသောက်ဆိုင်ကြီး တွေကအဓိကဝယ်ယူသုံးစွဲနေတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းမှာ ပင်လယ်ငါးစည်ဖောင်းခြောက် ထုတ် လုတ်တဲ့ ငါးတွေကို မအူပင် ၊ ဖျာပုံမြို့နယ်၊ လပွတ္တာမြို့နယ် ၊ဘိုကလေးမြို့နယ်၊ ကျိုက်လတ်မြို့နယ် ၊ မော်လမြိုင် ကျွန်းမြို့နယ်နဲ့ ဟိုင်းကြီးကျွန်းမြို့၊ ဒေးဒရဲ ၊ မာမြို့တွေက ပင်လယ်ရေလုပ်ငန်း ရှင်တွေကအဓိက ထုတ်လုပ်တာဖြစ်ကာ ပြည်ပဈေးကွက်မရှိလို့ ဈေးနှုန်းမတည်မငြိမ် ဖြစ်နေတဲ့အပြင် အခုနှစ်တွေမှာ စည်ဖောင်းထုတ်လို့ရတဲ့ ငါးတွေ ဖမ်းဆီးရရှိမှုလျော့ကျလာတဲ့ အခက်အခဲပါရှိ လာတယ်လို့ သိရပါတယ်။
ငါးစည်ဖောင်း ခြောက်ထုတ်လုပ်ရာမှာ ရရှိတဲ့ ငါးအမျိုးအ စားတွေကို ပင်လယ်ကျားဖောင်တွေနဲ့ ပင်လယ် ကမ်းနီး ကမ်းဝေ ကမ်းဖမ်း လုပ်ငန်းတွေကအဓိကရရှိတာလို့ ရေလုပ်သားတွေနဲ့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
Photo:CJ
