မြန်မာနိုင်ငံကို ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ‌တွေ မစေလွှတ်ဘူးလို့ ဥရောပသမဂ္ဂပြော

ဘရပ်ဆဲလ်၊ အောက်တိုဘာ-၁၈-၂၀၂၅
မျိုးဆက်(VOM)
မြန်မာနိုင်ငံမှာ လာမယ့်ဒီဇင်လအတွင်းကျင်းပမယ့် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာသူတွေ စေလွှတ်မှာမဟုတ်ဘူးလို့ ဥရောပသမဂ္ဂ ထိပ်တန်းတာဝန်ရှိသူတယောက်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုမရှိကြောင်းနဲ့ အပြောင်းအလဲအတွက် တွန်းအားပေးဆောင်ရွက်ကြဖို့ အာဆီယံအဖွဲ့ကို သူက တိုက်တွန်းထားပါတယ်။ အာဆီယံနိုင်ငံတွေအပါအဝင် အိမ်နီးချင်းနိုင်ငံတွေ အားလုံးက အပြောင်းအလဲအတွက် ခိုင်ခိုင်မာမာ တိုက်တွန်းကြဖို့ ဥရောပသမဂ္ဂ ကော်မရှင်နာ Kajsa Ollongren က မလေးရှားမြို့တော် ကွာလာလမ်ပူမှာ အေအက်ဖ်ပီကို ပြောပါတယ်။
မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးအနေနဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ ၊ သက်ဆိုင်သူအားလုံးနဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်ကို ပြောင်းလဲဖို့ Ollongren က တိုက်တွန်းထားပါတယ်။ အဲဒီကနေစပြီး ငြိမ်းချမ်းရေးကို ကူးပြောင်းကာ အနာဂတ်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ လုပ်ဆောင်ကြဖို့ လိုတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၂၈ ရက် ရွေးကောက်ပွဲဟာ လက်ရှိအုပ်ချုပ်ရေးကို တရားဝင်ဖြစ်စေဖို့လို့ ကုလသမဂ္ဂကျွမ်းကျင်သူတွေနဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့အပါအဝင် နိုင်ငံတကာ အကဲခတ်တွေက ဆိုပါတယ်။
မြန်မာနိုင်ငံက မတည်မငြိမ်ဖြစ်နေသရွေ့ ဒေသတွင်း မတည်ငြိမ်မှုတွေက အာဆီယံနိုင်ငံတွေအတွက် နံပါတ်တစ် စိုးရိမ်စရာဖြစ်တယ်လို့ ဥရောပသမဂ္ဂ ကော်မရှင်နာ Ollongren သတိပေးပါတယ်။
အခုလိုတိုက်တွန်းမှုဟာ လာမယ့်သီတင်းပတ်အတွင်း ကွာလာလမ်ပူမှာကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်ခင် ထွက်ပေါ်လာတာဖြစ်ပြီး အစည်းအဝေးမှာတော့ အဖွဲ့ဝင်နိုင်ငံတွေဟာ မြန်မာနိုင်ငံကို ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေ စေလွှတ်ရေးကိစ္စ ဆွေးနွေးကြမှာဖြစ်ပါတယ်။
အာဆီယံတောင်းဆိုထားတဲ့ ချက်ချင်း အပစ်အခတ်ရပ်စဲရေး အပါအဝင် ဘုံသဘောတူညီချက်ငါးရပ်ကိုတော့ မြန်မာဘက်က အကောင်အထည်ဖော်မှုအားနည်းတဲ့အပေါ် အဖွဲ့ဝင်နိုင်ငံများအကြား ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
Ref:CNA
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW