မော်စကို၊ ဇူလိုင်-၁၈-၂၀၂၃
မျိုးဆက်(VOM)
ကရိုင်းမီးယားဒေသရှိ ရုရှားစစ်တပ်အသုံးပြုနေတဲ့ တံတားတစင်းကို တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး လက်တုံ့ပြန်သွားမယ်လို့ ရုရှားသမ္မတပူတင်က သတိပေးပြောဆိုလိုက်ပါတယ်။
အဲဒီတံတားဟာ ကရိုင်းမီးယားဒေသနဲ့ ကမ်းလွန်ပိုင်းကို ဆက်သွယ်ထားပြီး ရုရှားစစ်သားတွေ ထောက်ပံ့ပို့ဆောင်ရေးပစ္စည်းတွေ သယ်ယူရာမှာ အသုံးပြုနေတဲ့ တံတားလည်းဖြစ်ပါတယ်။
ယူကရိန်းစစ်တပ်ဟာ တံတားကိုတိုက်ခိုက်ဖို့အတွက် ရေတပ်ဒရုန်းတွေကို စေလွှတ်ခဲ့ပြီး တိုက်ခိုက်မှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ကြောင်း ရုရှားတာ၀န်ရှိသူတွေက ပြောပါတယ်။
ယူကရိန်းရဲ့တိုက်ခိုက်မှုကြောင့် ဆိုးဆိုးရွားရွားပျက်စီးခဲ့ပြီး အပြစ်မဲ့အရပ်သားများသေဆုံးခဲ့တာဟာ ရက်စက်တဲ့ ရာဇ၀တ်မှုဖြစ်ပြီး လက်တုံ့ပြန်သွားမှာဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်ကပြောပါတယ်။
ရုရှားစစ်တပ်ဟာ ယူကရိန်းနိုင်ငံတ၀န်းရှိ နေအိမ်တွေ၊ စွမ်းအင်အခြေခံအဆောက်အအုံတွေနဲ့ အခြားနေရာတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ကရိုင်းမီးယားရှိ တံတားတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ယူကရိန်းဘက်ကတော့ လူသိရှင်ကြား မှတ်ချက်ပြုပြောဆိုခြင်းမရှိပါဘူး။
ဒါပေမယ့် စစ်ပွဲအပြီးမှာတော့ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်သွားမယ်လို့ ယူကရိန်းစစ်တပ်တာ၀န်ရှိသူအချို့က ပြောပါတယ်။
Ref: NHK
Photo:AFP
#voiceofmyanmar #VOM #မော်စကို