ဆိုးလ်၊ ဇူလိုင်-၁၉-၂၀၂၃
မျိုးဆက်(VOM)
မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေမြင့်တက်နေစဉ်မှာ နျူကလီးယားလက်နက်တပ်ဆင်ထားတဲ့ အမေရိကန်ရေငုပ်သင်္ဘောတစ်စင်းဟာ နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယားကို ရောက်ရှိနေပါတယ်။
အမေရိကန်ရေငုပ်သင်္ဘော ယူအက်စ်အက်စ် ကန်တပ်ကီဟာ တောင်ကိုရီးယားနိုင်ငံ ဘူဆန်ဆ်ိပ်ကမ်းကို ဇူလိုင် ၁၈ ရက်မှာ ရောက်ရှိလာကြောင်း တောင်ကိုရီးယားတာ၀န်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။
မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကို တန်ပြန်ဖို့အတွက် အမေရိကန်ဟာ တောင်ကိုရီးယားသို့ နျူကလီးယားလက်နက်တွေ တပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘောတွေ အခါအားလျော်စွာ ဖြန့်ကြက်ဖို့ နှစ်နိုင်ငံသဘောတူထားပါတယ်။
ဒါပေမယ့် အဲဒီလိုလုပ်ဆောင်တာဟာ တင်းမာမှုတွေကို မြင့်တက်စေပြီး ဖြစ်နိုင်ခြေရှိတဲ့ နျူကလီးယားဆွေးနွေးပွဲတွေကနေ ဝေးကွာသွားစေနိုင်ကြောင်း မြောက်ကိုရီးယားက သတိပေးထားပါတယ်။
မြောက်ကိုရီးယားဟာ မကြာသေးမီက ဟွာဆောင်-၁၈ တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်မှုပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားပြီး ဒီစမ်းသပ်မှုကို အမေရိကန်အပါအ၀င် အနောက်နိုင်ငံခေါင်းဆောင်တွေက ပြစ်တင်ရှုတ်ချထားပါတယ်။
အမေရိကန်ရေငုပ်သင်္ဘောတွေဟာ ၁၉၇၀ ခုနှစ်တွေအတွင်း တောင်ကိုရီးယားမှာ ဆိုက်ကပ်လေ့ရှိပေမယ့် စစ်အေးတိုက်ပွဲနီးကပ်လာပြီး မြောက်ကိုရီးယားက တောင်ကိုရီးယားအပေါ် ခြိမ်းခြောက်မှုတွေ လျော့ပါးလာပြီးနောက် ၁၉၈၁ ခုနှစ်မှာ ရေငုပ်သင်္ဘောတွေ နောက်ဆုံးဆိုက်ကပ်ခဲ့ပါတယ်။
Ref:BBC
Photo:US Navy
#voiceofmyanmar #VOM #ဆိုးလ်