ယူကရိန်းစစ်ပွဲမှာ လတ်တလော မပါ၀င်တော့ကြောင်း ၀ဂ္ဂနာကြေးစားအဖွဲ့ခေါင်းဆောင် ပရီဂိုဇင်ပြော

မင့်စ်၊ ဇူလိုင် -၂၀-၂၀၂၃
မျိုးဆက်(VOM)

ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်က တိုက်ခိုက်ပေးနေတဲ့ ၀ဂ္ဂနာကြေးစားအဖွဲ့ဟာ ယူကရိန်းစစ်ပွဲမှာ လတ်တလောပါ၀င်တော့မှာမဟုတ်ဘဲ အာဖရိကဒေသက စစ်ဆင်ရေးတွေအတွက် အင်အားစုထားဖို့ အမိန့်ပေးထားကြောင်း အဖွဲ့ခေါင်းဆောင် ပရီဂိုဇင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

၀ဂ္ဂနာတပ်ဖွဲ့၀င်တွေအနေနဲ့ ဘီလာရုစ်ဒေသခံပြည်သူတွေအပေါ် ကောင်းမွန်စွာ ပြုမူဆက်ဆံဖို့နဲ့ ဘီလာရုစ်စစ်တပ်ကို လေ့ကျင့်ပေးနေကာ အာဖရိကခရီးသစ်အတွက် ပြင်ဆင်ထားဖို့ ညွှန်ကြားထားကာ တချိန်ချိန်တွင် ယူကရိန်းစစ်မြေပြင်သို့ ပြန်သွားမှာဖြစ်ကြောင်း ပရီဂိုဇင်က ၀ဂ္ဂနာတိုက်ခိုက်ရေးသမားတွေကို ဘီလာရုစ်ကနေ ကြိုဆိုတဲ့ ရုပ်သံမှာ ပြောပါတယ်။

၀ဂ္ဂနာအဖွဲ့ကို ရုရှား၏ ဂျီအာယူစစ်ထောက်လှမ်းရေးဟောင်း ပရီဂိုဇင်နဲ့ ဒီမီထရီအပ်ယူကင်တို့က ရုရှား၊ ဆီးရီးယား၊ လစ်ဗျား၊ မာလီအပါအ၀င် အခြားနိုင်ငံတွေရဲ့ စစ်ပွဲတွေမှာ ပါ၀င်နိုင်ဖို့ တည်ထောင်ခဲ့တာဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံ ကရိုင်းမီးယားဒေသကို ရုရှားက ၂၀၁၄ ခုနှစ်မှာ သိမ်းယူခဲ့စဉ်ကလည်း ၀ဂ္ဂနာအဖွဲ့က ကူညီတိုက်ခိုက်ခဲ့ပြီး ဆီးရီးယားနဲ့ မာလီရှိ အိုင်အက်စ်စစ်သွေးကြွများကို တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကာ လက်ရှိယူကရိန်းစစ်ပွဲမှာ ယူကရိန်း ဘက်မွတ်မြို့ကို သိမ်းယူရာမှာလည်း ၀ဂ္ဂနာအဖွဲ့ ပါ၀င်ခဲ့ပါတယ်။

ဇွန်လအတွင်းက ဖြစ်ပွားခဲ့တဲ့ ၀ဂ္ဂနာကြေးစားအဖွဲ့ရဲ့ ရုရှားစစ်တပ်ကို ပုန်ကန်မှုဟာ သမ္မတပူတင်နဲ့ ရုရှားအစိုးရရဲ့ အာဏာချုပ်မှုအာဏာကို စိန်ခေါ်မှုအဖြစ် အနောက်နိုင်ငံတွေက ယူဆထားပါတယ်။

Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #မင့်စ်

Related posts

Leave a Comment

VOM News

FREE
VIEW