ယူကရိန်းအရေး ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပယ်ချမထားကြောင်း ရုရှားသမ္မတပူတင်ပြော

မော်စကို ၊ ဇူလိုင်-၃၁-၂၀၂၃
မျိုးဆက်(VOM)

ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးမယ့် အစီအစဉ်ကို ပယ်ချမထားကြောင်း ရုရှားသမ္မတ ပူတင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

တရုတ်နဲ့ အာဖရိကခေါင်းဆောင်တွေရဲ့ ကြိုးပမ်းမှုတွေဟာ ငြိမ်းချမ်းရေးကိုရှာဖွေဖို့ အခြေခံအုတ်မြစ်တခုအဖြစ် လုပ်ဆောင်နိုင်ကြောင်း စိန့်ပီတာစဘာ့ဂ်မှာ အာဖရိကခေါင်းဆောင်တွေနဲ့ တွေ့ဆုံအပြီး ရုရှားသမ္မတပူတင်ကပြောပါတယ်။

ဒီလို ငြိမ်းချမ်းရေးဆွေးနွေးမယ့် အစီအစဉ်ရှိပေမယ့် ယူကရိန်းက ထိုးစစ်ဆင်နေတဲ့အချိန်မှာတော့ အပစ်အခတ်ရပ်စဲရေးက မဖြစ်နိုင်ကြောင်း ရုရှားသမ္မတက ပြောပါတယ်။

မကြာသေးမီက ယူကရိန်းဟာ မော်စကိုမှာ မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက်ခိုက်မှုပြုခဲ့ကြောင်း သူကစွပ်စွဲပြောဆိုပါတယ်။

စစ်ပွဲဟာ ယူကရိန်းကနေ ရုရှားကို ပြန်လည်ရောက်ရှိလာကြောင်း မောင်းသူမဲ့လေယာဉ်နဲ့တိုက်ခိုက်ပြီးနောက် ယူကရိန်းသမ္မတဇီလန်စကီးက သတိပေးပြောဆိုပါတယ်။

စစ်ပွဲဟာ တဖြည်းဖြည်းနဲ့ ရုရှားရဲ့နယ်မြေထဲက အချက်အခြာကျတဲ့နေရာတွေနဲ့ စစ်စခန်းတွေဆီကို ပြန်ရောက်နေပြီး ဒါဟာ စစ်သဘောအရ မလွှဲမရှောင်သာဖြစ်ပြီး တရားမျှတတဲ့ လုပ်ငန်းစဉ်ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW