သမ္မတကို အာဏာပြန်မအပ်ရင် နိုင်ဂျာမှာ စစ်ရေးအရကြား၀င်မယ်လို့ အနောက်အာဖရိက ခေါင်းဆောင်တွေ သတိပေး

နီယာမေ၊ ဇူလိုင်-၃၁-၂၀၂၃
မျိုးဆက်(VOM)

လွန်ခဲ့တဲ့သီတင်းပတ်အတွင်းက အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ နိုင်ဂျာစစ်အစိုးရကို စစ်ရေးအရ အရေးယူမယ်လို့ အနောက်အာဖရိကခေါင်းဆောင်တွေက သတိပေးခြိမ်းခြောက်လိုက်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ သမ္မတဖြစ်သူ မိုဟာမက်ဘာဇိုအမ်ကို ရာထူးအာဏာပြန်လည်လွှဲပေးဖို့ နိုင်ဂျာစစ်တပ်ကို အနောက်အာဖရိကခေါင်းဆောင်တွေက ခုနှစ်ရက်အချိန်ပေးထားပါတယ်။

ဒေသတွင်း ဒါမှမဟုတ် အနောက်အုပ်စု အင်အားကြီးနိုင်ငံတွေက နိုင်ဂျာအပေါ် ရန်စမယ့် အစီအစဉ်တွေကို တွန်းလှန်းသွားမယ်လို့ နိုင်ဂျာစစ်အစိုးရက အစောပိုင်းမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။

ဒီအတောအတွင်း စစ်အာဏာသိမ်းမှုကို ထောက်ခံတဲ့သူတွဟာ မြို့တော်နီယာမေရှိ ပြင်သစ်သံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

အနောက်အာဖရိက နိုင်ငံများအဖွဲ့ Ecowas အဖွဲ့၀င်နိုင်ငံခေါင်းဆောင်တွေဟာ မာလီနဲ့ ဘာကီနာဖာဆိုအပါအ၀င် ယခုနောက်ဆုံးဖြစ်ပွားခဲ့တဲ့့ နိုင်ဂျာအာဏာသိမ်းမှုနဲ့ပတ်သက်တက် အကျပ်အတည်းကို နိုင်ဂျီးယားနိုင်ငံ အဘူဂျာမှာ သီတင်းပတ်ကုန်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အခုလိုအာဏာသိမ်းမှုကို အဖွဲ့အနေနဲ့ လုံး၀လက်မခံကြောင်း ၊ တပတ်အတွင်းတောင်းဆိုချက်တွေကို မလိုက်လျောဘူးဆိုရင် နိုင်ဂျာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း အုပ်ချုပ်မှုယန္တယားပြန်လည်ရရှိဖို့ လိုအပ်တာအကုန် ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီလိုဆောင်ရွက်ရာမှာ စစ်ရေးအင်အားအသုံးပြု ကြား၀င်ဖို့အတွက် အဖွဲ့၀င်နိုင်ငံတွေက စစ်တပ်အကြီးအကဲတွေ ချက်ချင်းတွေဆုံရေးတို့ ပါ၀င်နေပါတယ်။

Ref: BBC
PhotoL:AP/ Reuters
#voiceofmyanmar #VOM #နီယာမေ

Related posts

Leave a Comment

VOM News

FREE
VIEW