စစ်ရေးအချက်အလက်တွေ တရုတ်ကိုလွှဲပြောင်းမှု အမေရိကန်ရေတပ် သင်္ဘောသားနှစ်ဦး ဖမ်းဆီးခံရ

ဝါရှင်တန်၊ သြဂုတ်-၄-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန် ကယ်လီဖိုးနီးယားရှိ အမေရိကန်ရေတပ်မှ သင်္ဘောသားနှစ်ဦးဟာ အရေးပါတဲ့ စစ်ရေးသတင်းတွေကို တရုတ်နိုင်ငံကိုပေးအပ်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အသက် ၂၂ နှစ်အရွယ် ဂျင်ချာအိုဝေဆိုသူဟာ အမေရိကန်နိုင်ငံသားဖြစ်ပြီး တရုတ်အေးဂျင့်တဦးကို နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အချက်အလက်တွေ ပေးဖို့ ပူးပေါင်းကြံစည်ခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။

အသက် ၂၆ နှစ်အရွယ် ဝမ်ဟမ်ကျောင်ဆိုသူ သင်္ဘောအမှုထမ်းကတော့ အရေးကြီးတဲ့ ဓါတ်ပုံနဲ့ဗီဒီယိုတွေကို လွှဲပြောင်းပေးမှုအတွက် ငွေလက်ခံမှုစွဲချက်နဲ့ ဖမ်းဆီးခံထားရပါတယ်။ သူတို့တို့နှစ်ဦးစလုံးကို တရုတ်အေးဂျင့်တဦးထဲကသာ ဆက်သွယ်ခဲ့ခြင်းဟုတ်မဟုတ် ရှင်းလင်းစွာမသိရသေးပါဘူး။

မစ္စတာဝေဟာ အမေရိကန်ကုန်းရေနှစ်သွယ် ချေမှုန်းရေးသင်္ဘော ယူအက်စ်အက်စ်အက်ဆက်စ်နဲ့ပတ်သက်တဲ့ အရေးကြီး အချက်အလက်တွေကို ရယူခဲ့ကြောင်း တာဝန်ရှိသူများတွေကပြောပါတယ်။

သူဟာ အမေရိကန်နိုင်ငံသားဖြစ်ဖို့ လုပ်ငန်းစဉ်ကိုဖြတ်သန်းနေစဉ် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလှာ တရုတ်အေးဂျင့်တဦးက ချဉ်းကပ်ခဲ့ကြောင်း တာဝန်ရှိသူတွေက စွပ်စွဲထားပါတယ်။

Ref: BBC
Photo:AFP

#voiceofmyanmar#VOM#အေမရိကန္#စစ်ရေးအချက်အလက်#လွှဲပြောင်းမှု

Related posts

Leave a Comment

VOM News

FREE
VIEW