မူဆယ် ၁၀၅ မိုင်မှာ တပ်နဲ့ ပြည်သူ့စစ် အချင်းချင်းပစ်ခတ်မှုဖြစ်ပြီး ၂ ဦး သေဆုံး

ဩဂုတ် ၂၉-၂၀၂၃
Shy V(VOM)

မူဆယ် ၁၀၅ မိုင်ကနေ လားရှိုးဘက်အထွက် အေးရှားဝေါလ်ဂိတ်အနီးက မောင်းတံဂိတ်နားမှာ ဒီနေ့ ဩဂုတ်လ ၂၉ ရက် နေ့လယ်ပိုင်းက စတပ်နဲ့ ပြည်သူ့စစ် အချင်းချင်းပစ်ခတ်မှုဖြစ်ပွားပြီး ၂ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ အနီးအနားရှိ မျက်မြင်တွေဆီက သိရပါတယ်။

“သူတို့ အချင်းချင်း ပစ်သတ်ကြတာ၊ ပစ်ခတ်မှု ဖြစ်ပွားလို့ ဂိတ်မှာရှိတဲ့ စစ်တပ် ၄၂၁ တပ်က အရာရှိ ၁ ဦး၊ ဆက်သွယ်ရေး တကက ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိတာလို့ ကနဦး သိရတယ်”လို့ ဒေသခံ အမျိုးသား(၁)ဦးက ပြောပါတယ်။

နောက်ထပ်ဒေသခံ(၁)ဦးကလည်း “၁၀၅ မိုင်မှာ ပြည်သူ့စစ်နဲ့ စစ်သား ၂ ယောက်ကို အချင်းချင်း ရန်ဖြစ်လို့ ပစ်သတ်ထားတာတဲ့။ ပြည်သူ့စစ် စစ်သားကိုလည်း စစ်တပ်က ပြန်ပစ်သတ်ထားတယ်၊ ပြည်သူ့စစ်က စစ်သားကို လာပစ်တော့ စစ်တပ်ဘက်ကလည်း ပြည်သူ့စစ်ကို ပြန်ပစ်သတ်တာ”လို့ ပြောပါတယ်။

ကုန်တင်ကားသမား ၁ ယောက်တော့ “အဲ့ဒီမှာ စစ်တပ်နဲ့ လုံထန်ပြည်သူ့စစ်ပဲ ထိုင်တာ။ အရိုးကိုက်လို့ နေမှာပေါ့”လို့ ပြောပါတယ်။

ဒီနေ့မှာတော့ နမ့်အွမ်အနီး KIA တပ်မဟာ ၆၊ တပ်ရင်း ၉ ဘက်မှာ တပ်နဲ့ KIA တို့ တိုက်ပွဲ ပြင်းထန်နေသလို မူဆယ်နဲ့ နမ့်ခမ်းကြားရှိ ဇယ်လန့်အနီးက လွယ်တေးမိန်းတောင်မှာလည်း တပ်နဲ့ TNLA တို့ တိုက်ပွဲပြင်းထန်နေပြီး မွန်းလွဲပိုင်းမှာတော့ လေကြောင်းအသုံးပြုတိုက်ခိုက်တာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ပြည်သူတွေ ထိခိုက်မှု ရှိမရှိ ကိုတော့ VOMအနေနဲ့စုံစမ်းနေဆဲ ဖြစ်ပါတယ်။

မူဆယ်မြို့နယ်မှာ ဩဂုတ် ၂၈၊၂၉ နှစ်ရက်ဆက်တိုက် တပ်နဲ့ KIA, TNLA တို့အကြား တိုက်ပွဲပြင်းထန်နေတာလည်း ဖြစ်ပါတယ်။

Photo Crd – CJ
#voiceofmtanmar #VOM #မူဆယ် #တပ်နဲ့ပြည်သူ့စစ် #အချင်းချင်းပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW