ဝိုင်းမော်က သိန်း ၅၀၀၀ ကျော်ဖိုး ဓားပြတိုက်မှုကျူးလွန်သူထဲက ၃ ယောက်ကိုအရှင်ဖမ်းမိပြီး ၁ ယောက်ကို အသေပစ်ခတ်ဖမ်းဆီးရမိ

ဩဂုတ် ၂၉ – ၂၀၂၃
GG(VOM)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ ရပ်ကွက် (၅)က နွားဝယ်ရောင်းလုပ်ကိုင်သူ ဦးမိုးကျော်ထွန်းရဲ့ နေအိမ် ဓားပြတိုက်သူတွေထဲက ၃ ယောက်ကို အရှင်ဖမ်းမိပြီး၊ တစ်ယောက်ကို အသေပစ်ခတ်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းမိထားတဲ့ ၄ ယောက်နဲ့အတူ ဓားပြတိုက်ခံရတဲ့ ငွေသား၊ ရွှေထည်ပစ္စည်းတွေကို ဩဂုတ်လ ၂၇ ရက်နေ့မှာ သိမ်းဆည်းရမိခဲ့တာဖြစ် ကြောင်း ၊ နောက်ထပ် ဖမ်းဆီးဖို့ကျန်တဲ့ ၂ ယောက်ကိုလည်း ဖမ်းမိ​နိုင်ရေး ဆက်လက်စစ်ဆေးနေတယ်လို့သိရပါတယ်။

လုံခြုံရေးအဖွဲ့နဲ့နီးစပ်သူတစ်ယောက်က ” ၄ ယောက်ဖမ်းမိတယ် ၊အဲ့ဒီအထဲက ၃ ယောက်ကအရှင်မိတာ၊ တစ်ယောက်က ဖမ်းစဥ် ထွက်ပြေးလို့ သေနတ်နဲ့ပစ်ဖမ်းတာမှာ သေသွားတယ်။ပစ္စည်းတွေလည်းမိတယ်။ ပထမ ၂ ယောက်မိတယ်၊သူတို့ကို စစ်တော့ နောက်နှစ်ယောက်မိတာပါ ။ဖမ်းမိတာကတော့ တနေ့ကပါ ။ အခုလည်း ကျန်တဲ့သူတွေကို ဖမ်းမိအောင် တာဝန်ရှိသူတွေက စစ်ဆေးမှုတွေလုပ်နေပါတယ် “လို့ ပြောပြပါတယ်။

လက်ရှိမှာ အသက်ရှင်လျက် ဖမ်းမိထားသူတွေကတော့ ဘရန်ဆိုင်း၊ လွမ်းခေါင် ၊ဆွတ်ရိန်နော် ဆိုသူတို့ဖြစ်ပြီး ထွက်ပြေးလို့ပစ်ခတ်ဖမ်းဆီးခံရပြီးသေဆုံးသူကတော့ မာတူးဆိုသူတို့ဖြစ်တယ်လို့သိရပါတယ်။

” ၄ ယောက်မိတယ်၊အဲ့ဒီအထဲကတစ်ယောက်သေတယ်ဆိုတာလောက်ပဲသိတယ်၊မှုခင်းကိစ္စဆိုတော့ သေချာမသိဘူး”လို့ ဒေသခံ တစ်ဦးကပြောပါတယ်။

ဓားပြတိုက်မှုကိုတော့ ဩဂုတ်လ ၂၂ ရက်နေ့ ညနေပိုင်း ၅ နာရီလောက်မှာ ကျူးလွန်ခဲ့ကြတာဖြစ်ပြီး ဓားပြတိုက်ခံရမှုမှာ နေအိမ်အတွင်း သိမ်းထားတဲ့ မြန်မာငွေ သိန်း ၁၀၀၀ ကျော် ၊ တရုတ်ငွေ ယွမ် ၈၀၀၀၀ ဝန်းကျင်၊ ရွှေ တပိဿာ ၊ ဆိုင်ကယ် တစီး၊ ဖုန်းအချို့ကို ယူဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ် ။

#voiceofmtanmar #VOM #ဝိုင်းမော် #ဓားပြမှု #ပစ်ခတ်ဖမ်းဆီးမှု

Related posts

Leave a Comment

VOM News

FREE
VIEW