နယူးယောက်မှာ ရေကြီးရေလျှံမှုတွေကြောင့် အရေးပေါ်အခြေအနေ ကြေညာ

နယူးယောက်၊ စက်တင်ဘာ-၃၀-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ လေပြင်းတွေတိုက်ခတ်ပြီး ရေကြီးရေလျှံမှုတွေကြောင့် အာဏာပိုင်တွေက အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။ လက်ရှိမှာတော့ နယူးယောက်မြို့ရှိ မြေအောက်ရထားစနစ်တွေ၊ လမ်းတွေနဲ့ အဝေးပြေးကားလမ်း အများအပြားရေလွှမ်းမိုးနေပြီး လာဂွါဒီယာလေဆိပ်မှာလည်း ဂိတ်တခုထက်မနည်းကို စက်တင်ဘာ ၂၉ ရက်က ပိတ်ထားခဲ့ရပါတယ်။ မြို့ရဲ့အချို့နေရာတွေမှာ မိုးရေချိန် ၂၀ စင်တီမီတာထိ ရွာသွန်းခဲ့ပြီး မနက်ဖြန်မှာတော့ နောက်ထပ်မိုးရေချိန် ပိုမိုရွာသွန်းနိုင်ကြောင်း မိုးလေဝသတာဝန်ရှိသူတွေက သတိပေးထုတ်ပြန်ထားပါတယ်။ လက်ရှိအခြေအနေဟာ အသက်အန္တရာယ်ရှိနိုင်တဲ့ မုန်တိုင်းခြိမ်းခြောက်မှုဖြစ်ပြီး အရေးပေါ်အခြေအနေထုတ်ပြန်ပြီးနောက် ပိုမိုသတိထားကြဖို့ ဒေသခံတွေကို မြို့တော်ဝန် အီရစ်အဒမ်စ်က တိုက်တွန်းထားပါတယ်။ လက်ရှိမှာ ရေကြီးရေလျှံမှုတွေကြောင့်ထိခိုက် သေဆုံးမှုမရှိသေးကြောင်း သိရပါတယ်။ ကားတွေထဲမှာ ပိတ်မိနေသူတွေကို ကယ်ဆယ်မှု ၁၅ ကြိမ်နဲ့ အခြားနေရာတွေမှာ ပိတ်မိနေသူတွေကို ကယ်ဆယ်မှု သုံးကြိမ် လုပ်ဆောင်ခဲ့ကြောင်း မြို့တော်ဝန်က ဆိုပါတယ်။ Ref:BBC Photo:Reuters #voiceofmyanmar…

Read More

ဆားလင်းကြီးမြို့နယ်မှာ ထိတွေ့ပစ်ခတ်မှုကြောင့် လူ ၄ ဦးသေဆုံး

စက်တင်ဘာ ၊ ၃၀ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် ၊ မြင်းညာဘွားကျေးရွာနားမှာ မနေ့ စက်တင်ဘာ ၂၉ ရက်က ထိတွေ့ပစ်ခတ်မှုဖြစ်လို့ သေဆုံးဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မြင်းညာဘွားရွာနားမှာ တိုက်ပွဲဖြစ်တယ် ၊ တပ်က စစ်ကြောင်းနဲ့ ဒေသတွင်းလက်နက်ကိုင် အဖွဲ့တွေ ပစ်ကြတယ် ၊ ဒေသတွင်းလက်နက်ကိုင်အဖွဲ့ဘက်က ၃ ယောက်သေတယ် ၊ ဒဏ်ရာရသူ ၂ ဦး ရှိတယ် ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ယင်းမာပင်ခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” မနေ့က ဆားလင်းကြီးနယ် မြင်းညာဘွားရွာနားမှာ ထိတွေ့မှုဖြစ်တယ် ၊ ရန်သူ့ဘက်ကနေ ရုပ်အလောင်း ၃…

Read More

ငွေစက္ကူ အမိန့်ကြော်ငြာစာ သတင်းတု သတင်းအမှားများနဲ့ပတ်သက်ပြီး ဗဟိုဘဏ် ဖြေရှင်းချက်

စက်တင်ဘာ ၃၀-၂၀၂၃ KT(VOM) လူမှုကွန်ရက်စာမျက်နှာမှာ မြန်မာငွေ ၅၀ ကျပ်တန်နှင့် ၁၀၀ ကျပ်တန် ငွေစက္ကူများ ကို မြန်မာနိုင်ငံဗဟိုဘဏ်ကို လာရောက်အပ်နှံကြဖို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နာမည်ဖြင့် အမိန့်စာတစ်စောင်ထုတ်ပြန်ခဲ့မှုနှင့်ပတ်သက်၍ ဗဟိုဘဏ်က အခုလို ဖြေရှင်းချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ #voiceofmyanmar #VOM #ငွေစက္ကူကောလဟလ #ဗဟိုဘဏ်ဖြေရှင်းချက်

Read More

အိပ်မက်စေတမန် ယဉ်

ဆူးငှက် မန္တလေးတောင် ဆုတောင်းပြည့်ဘုရားရင်ပြင်တော်မှ ပတ်ဝန်းကျင်တစ်ခွင် လှမ်းမျှော်ကြည့်လိုက်လျှင် မန္တလေးသည် မြူထဲ၌ လူးလွန့်နေ၏။ တစ်ခါတစ်ရံ အဆောက်အအုံသစ်တချို့၏ သွပ်မိုးပြောင်ပြောင်သည် မှန်ထိုးပြနေသဖြင့် တဖျပ်ဖျပ်…။ မန္တလေးကို ပတ်လည် ဝန်းရံနေတာကရေရိပ်၊ လယ်ရိပ်များသာ ဖြစ်ခဲ့ကြောင်း အစွန်းအထင်းအစအနတွေ တွေ့နေရပါသေးသည်။ အရင်ကတော့ … အောင်ပင်လယ်ကန်၊ နန္ဒာကန်တွေမှာ ရေရိပ်သမ်းခဲ့မှာပေါ့…။ အရင်ကတော့ ငွေတော်ကြည်ကုန်း၊ သင်ပန်းကုန်း၊ ထွန်တုံး၊ ရဲမွန်တောင်နှင့် ကံကောက်နယ်တစ်ကြောမှာလယ်ရိပ် စိမ်းမြမြပင်လယ်ပြင်ကြီး ဖြစ်မှာပေါ့။ အခုတော့ … ထိုရေရိပ်၊ လယ်ရိပ်များဆီမှ သွပ်မိုးပြောင်ပြောင်များ တဖျပ်ဖျပ် မှန်ရိပ်ထိုးပြနေပြန်သည်။ ကုန်လွန်ခဲ့သောကာလများဆီကတော့ သစ်ရိပ် ဝါးရိပ်တွေအောက်ကဣန္ဒြေကြီးသော မန္တလေး…။ ဒီကနေ့တော့ နိုင်လွန်ကတ္တရာလမ်းနှင့် ကွန်ကရစ်တောမှာ လျှပ်ပေါ်လော်လီသော မန္တလေး…။ မန္တလေးမှာ သစ်၊ ဝါးအတွေ့အထိတွေ ချိနဲ့ပါးလျားစပြုလာ၏။ သစ်၊ ဝါးသည် ဧည့်ခန်းဆောင် ကြမ်းခင်း ပါးကေးများအဖြစ် ပါလစ်ရောင်အောက်မှာပဲ ပွတ်သပ်ကြည့်ရတော့မည်။…

Read More

ဇင်ဘာဘွေမှာ ရွှေတွင်းပြိုကျမှုကြောင့် ခြောက်ယောက်သေဆုံး၊ (၁၅) ယောက်ပိတ်မိနေ

ဟာရာရေး၊ စက်တင်ဘာ-၃၀ မျိုးဆက်(VOM) ဇင်ဘာဘွေနိုင်ငံမှာ ရွှေတွင်းပြိုကျမှုကြောင့်လူခြောက်ယောက်သေဆုံးပြီး ၁၅ ယောက်ပိတ်မိနေကြောင်း နိုင်ငံပိုင် သတင်းဌာနက အတည်ပြုထုတ်ပြန်ပါတယ်။ မြို့တော်ဟာရာရေးရဲ့အနောက်ဘက် ၆၂ အကွာ ချီဂူတူရှိ ဘေးဟော့ရွှေတွင်း ပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကနဦးမွာ လူ ၃၀ ကျော်ပိတ်မိနေခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ရွှေတွင်းပြိုကျရတဲ့ အကြောင်းရင်းကို ရှင်းလင်းစွာမသိရသေးပေ။ လက်ရှိတွင် ပိတ်မိနေသူတွေကို ကယ်တင်နိုင်အတွက် ကယ်ဆယ်ရေးသမားတွေက အပူတပြင်းကြိုးပမ်းနေကြပါတယ်။ ရွှေ၊ ပလက်တီနမ်နဲ့ စိန်အများအပြားထွက်ရှိရာ ဇင်ဘာဘွေနိုင်ငံမှာ ဘေးကင်းလုံခြုံရေးစည်းမျဉ်းတွေကို လိုက်နာမှုအားနည်းတာကြောင့် သတ္တုတွင်းမတော်တဆမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပါတယ်။ ၂၀၁၉ ခုနှစ်ကလည်း နိုင်ငံအလယ်ပိုင်း ကာဒိုမာမြို့အနီး ဆေးလ်ဗားမွန်းနဲ့ ခရစ်ကတ်သတ္တုတွင်းတို့မှာ မိုးသည်းထန်စွာရွာသွန်းမပြီး ရေကြီးရေလျှံဖြစ်ပွားခဲ့တာကြောင့် ဒါဇင်နဲ့ချီတဲ့ မိုင်းလုပ်သားတွေ သေဆုံးခဲ့ရပါတယ်။ Ref:BBC Photo:Getty Images #voiceofmyanmar #VOM #SixDead #15Trapped #Zimbabwe #goldMine #collapse

Read More

This Day in History

This Day in History Voice of Myanamr အင်ဒိုနီးရှားနိုင်ငံတွင် ကွန်မြူနစ်ပါတီ(KPI) က ၁၉၆၅ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် အာဏာသိမ်းရန် ကြိုးပမ်းခဲ့ပြီး နောက်ပိုင်းတွင် ဗိုလ်ချုပ်ဆူဟာတိုက စစ်တပ်ကို ပြန်လည်ထိန်းချုပ်ပြီး အာဏာသိမ်းခေါင်းဆောင်များကို ဖြိုခွင်းခဲ့သည်။ #voiceofmyanmar #VOM #ThisDayInHistory #September30th

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (စက်တင်ဘာ-၃၀ ရက်)

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (စက်တင်ဘာ-၃၀ ရက်) Voice of Myanmar -အမေရိကန် ဒေါ်လာ ရောင်းဈေး – ၃၃၁၀ ကျပ် ဝယ်ဈေး – ၃၂၆၀ ကျပ် -စင်္ကာပူ ရောင်းဈေး – ၂၃၉၅ ကျပ် ဝယ်ဈေး – ၂၃၄၅ ကျပ် -ယူရို ရောင်းဈေး – ၃၅၆၁ ကျပ် ဝယ်ဈေး – ၃၄၉၆ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၂.၅၉ ကျပ် ဝယ်ဈေး – ၉၀.၉၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၁၄ ကျပ် ဝယ်ဈေး – ၇၀၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၅၈ ကျပ် ဝယ်ဈေး –…

Read More

ယနေ့ ရွှေဈေးအဖွင့် (စက်တင်ဘာ- ၃၀ ရက်၊ နံနက် ၁၀ နာရီ)

ယနေ့ ရွှေဈေးအဖွင့် (စက်တင်ဘာ- ၃၀ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၈၆၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၅၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၁၅၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #September30th

Read More

ရွှေတိဂုံဘုရား နိုင်ငံခြားသားဝင်ကြေး ၂၀၀၀၀ အဖြစ် တိုးကောက်မယ်

စက်တင်ဘာ ၂၉ – ၂၀၂၃ GG (VOM) ရွှေတိဂုံဘုရားကို နိုင်ငံခြားသားခရီးသွားဧည့်သည်တွေ တက်ရာက်ဖူးမြော်ခွင့်အတွက် ဝင်ကြေးကို ၂၀၀၀၀ ကျပ်အဖြစ် တိုးမြှင့်ကောက်ခံမယ်လို့ ရွှေတိဂုံဂေါပကအဖွဲ့က အသိပေးထုတ်ပြန်လိုက်ပါတယ်။ အခုလို ဝင်ကြေးတိုးမြင့်ကောက်ခံမှုကို အောက်တိုဘာ ၁ ရက်မှာ စတင်မှာဖြစ်ကြောင်း ၊ လက်ရှိမှာတော့ နိုင်ငံခြားသားဧည့်သည် (၁)ယောက်ကို ၁၅၀၀၀ ကျပ်သာကောက်ခံနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ” ဟုတ်ပါတယ် ၊ ၂၀၀၀၀အဖြစ် တိုးကောက်မှာပါ။သုံးသပ်ချက်ကတော့ ကျနော်တို့ မပြောချင်ပါဘူး။ပြောပိုင်ခွင့်လည်းမရှိဘူး “လို့ ရွှေတိဂုံဘုရားဂေါပကအဖွဲ့ရုံးက အလှည့်ကျဝန်ထမ်း(၁)ဦးကပြောပါတယ်။ ရွှေတိဂုံဘုရားကို လက်ရှိမှာ နိုင်ငံခြားသားဧည့်ဝင်နူန်းက တစ်လကို ထောင်ဂဏန်းအောက်သာရှိပြီး အရင်ကနဲ့ယှဥ်ရင် အရမ်းနည်းတဲ့ပမာဏဖြစ်တယ်လို့သိရပါတယ်။ ရွှေတိဂုံဘုရားနည်းတူ ပုဂံရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ်ဇုန် ၊ မန္တလေး အမွေအနှစ်ဇုန်ရဲ့ နိုင်ငံခြားသားဝင်ကြေးတွေကိုလည်း ပုံမှန်ကောက်နေတဲ့နူန်းထားထက် ၅၀၀၀ ကျပ်စီတိုးမြင့်ကောက်ခံမယ်လို့ အသိပေးထားပါတယ်။ ရန်ကုန်အခြေစိုက်ဧည့်လမ်းညွှန်(၁)ဦးက ” အခု တစ်ယောက် ၂၀၀၀၀…

Read More

ဖားကန့်မှာ ထိတွေ့တိုက်ပွဲဖြစ်လို့ လူ ၁၀ ယောက်သေဆုံး

စက်တင်ဘာ၂၉ ၊ ၂၀၂၃ SP (VOM) ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ နန့်တိန်းကျေးရွာနားမှာ မနေ့ စက်တင်ဘာ ၂၈ နေ့ခင်းပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး သေဆုံး ၊ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” နန့်တိန်းရွာနားက ကားလမ်းမှာဖြစ်တာပါ ၊ သေဆုံးသူတွေက အရပ်ဝတ်တွေနဲ့ဖြစ်တယ် ၊ တယောက်ကတော့ ကချင်ယူနီဖောင်း ဝတ်ထားတယ် ၊ သေဆုံးသူအားလုံး ၁၀ ယောက်ဖြစ်တယ် ၊ ဘယ်အဖွဲ့ဆိုတာ မသိရသေးဘူး ၊ စစ်တပ်က လာပစ်သွားတာ”လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ဖားကန့်မြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” နန်းတိန်းရွာနားက ကားလမ်းကို မိုင်းလာထောင်နေတဲ့ အဖွဲ့နဲ့ ထိတွေ့မှုဖြစ်တယ် ၊ အလောင်း (၁၀) လောင်း၊ သူတို့ ကိုင်ဆောင်ထားတဲ့ သေနတ်…

Read More
VOM News

FREE
VIEW