ဆားလင်းကြီးမြို့နယ်မှာ ထိတွေ့ပစ်ခတ်မှုကြောင့် လူ ၄ ဦးသေဆုံး

စက်တင်ဘာ ၊ ၃၀ ၊ ၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် ၊ မြင်းညာဘွားကျေးရွာနားမှာ မနေ့ စက်တင်ဘာ ၂၉ ရက်က ထိတွေ့ပစ်ခတ်မှုဖြစ်လို့ သေဆုံးဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” မြင်းညာဘွားရွာနားမှာ တိုက်ပွဲဖြစ်တယ် ၊ တပ်က စစ်ကြောင်းနဲ့ ဒေသတွင်းလက်နက်ကိုင် အဖွဲ့တွေ ပစ်ကြတယ် ၊ ဒေသတွင်းလက်နက်ကိုင်အဖွဲ့ဘက်က ၃ ယောက်သေတယ် ၊ ဒဏ်ရာရသူ ၂ ဦး ရှိတယ် ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ယင်းမာပင်ခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” မနေ့က ဆားလင်းကြီးနယ် မြင်းညာဘွားရွာနားမှာ ထိတွေ့မှုဖြစ်တယ် ၊ ရန်သူ့ဘက်ကနေ ရုပ်အလောင်း ၃ လောင်း ၊ M-22 သေနတ် ၁ လက်၊ ကာဘိုင်သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု နဲ့အတူ ကျည် ၁၅ တောင့် သိမ်းဆည်းရမိတယ် ” လို့ပြောပါတယ်။

ဒါ့အပြင် ဆားလင်းကြီးမြို့နယ် ၊ ရွာသမင်းကျေးရွာနားမှာလည်း ဒေသတွင်း လက်နက်ကိုင် အဖွဲ့ဝင် အလောင်း ၁ လောင်း နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာရှိတယ်လို့ သိရပါတယ်။

ဆားလင်းကြီးမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၂ က ဆားလင်းကြီးမြို့မရဲစခန်းကနေ စျေးဝယ်ထွက်လာတဲ့ ရဲ ၄ ဦး ပစ်သတ်ခံရပြီး လက်နက်တွေပါသွားတယ်လို့ သိရပါတယ်။

ဆားလင်းကြီးမြို့နယ် ၊ ညောင်ပင်ကြီးရဲစခန်းမှာလည်း စျေးဝယ်ထွက်လာတဲ့ ရဲ ၄ ဦး ပစ်သတ်ခံရပြီး လက်နက်တွေပါသွားတဲ့အပြင် ရဲစခန်းဝင်တိုက်ခံရလို့ နောက်ထပ် ရဲ ၄ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #ဆားလင်းကြီး

Related posts

Leave a Comment

VOM News

FREE
VIEW