နယူးယောက်မှာ ရေကြီးရေလျှံမှုတွေကြောင့် အရေးပေါ်အခြေအနေ ကြေညာ

နယူးယောက်၊ စက်တင်ဘာ-၃၀-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ လေပြင်းတွေတိုက်ခတ်ပြီး ရေကြီးရေလျှံမှုတွေကြောင့် အာဏာပိုင်တွေက အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။

လက်ရှိမှာတော့ နယူးယောက်မြို့ရှိ မြေအောက်ရထားစနစ်တွေ၊ လမ်းတွေနဲ့ အဝေးပြေးကားလမ်း အများအပြားရေလွှမ်းမိုးနေပြီး လာဂွါဒီယာလေဆိပ်မှာလည်း ဂိတ်တခုထက်မနည်းကို စက်တင်ဘာ ၂၉ ရက်က ပိတ်ထားခဲ့ရပါတယ်။

မြို့ရဲ့အချို့နေရာတွေမှာ မိုးရေချိန် ၂၀ စင်တီမီတာထိ ရွာသွန်းခဲ့ပြီး မနက်ဖြန်မှာတော့ နောက်ထပ်မိုးရေချိန် ပိုမိုရွာသွန်းနိုင်ကြောင်း မိုးလေဝသတာဝန်ရှိသူတွေက သတိပေးထုတ်ပြန်ထားပါတယ်။

လက်ရှိအခြေအနေဟာ အသက်အန္တရာယ်ရှိနိုင်တဲ့ မုန်တိုင်းခြိမ်းခြောက်မှုဖြစ်ပြီး အရေးပေါ်အခြေအနေထုတ်ပြန်ပြီးနောက် ပိုမိုသတိထားကြဖို့ ဒေသခံတွေကို မြို့တော်ဝန် အီရစ်အဒမ်စ်က တိုက်တွန်းထားပါတယ်။

လက်ရှိမှာ ရေကြီးရေလျှံမှုတွေကြောင့်ထိခိုက် သေဆုံးမှုမရှိသေးကြောင်း သိရပါတယ်။ ကားတွေထဲမှာ ပိတ်မိနေသူတွေကို ကယ်ဆယ်မှု ၁၅ ကြိမ်နဲ့ အခြားနေရာတွေမှာ ပိတ်မိနေသူတွေကို ကယ်ဆယ်မှု သုံးကြိမ် လုပ်ဆောင်ခဲ့ကြောင်း မြို့တော်ဝန်က ဆိုပါတယ်။

Ref:BBC
Photo:Reuters
#voiceofmyanmar #VOM #NewYorkCity #State-of-emergency #flashFlooding

Related posts

Leave a Comment

VOM News

FREE
VIEW