ဘန်ကောက်၊ စက်တင်ဘာ-၁-၂၀၂၃
မျိုးဆက်(VOM)
ထောင်ချခံထားရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာဟာ တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်တောင်းခံထားကြောင်း ထိုင်းတရားရေးဝန်ကြီးက အတည်ပြုပြောဆိုပါတယ်။
အကျင့်ပျက်ချစားမှု အာဏာအလွဲသုံးစားမှုတို့နဲ့ ထောင်ဒဏ်ရှစ်နှစ်ချမှတ်ခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံထားပြီး ဒီကိစ္စအပေါ် လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း တရားရေးဝန်ကြီး ဝစ်ဆာနူခရီယာဂမ်က ပြောပါတယ်။
ထိုင်းဥပဒေအရ အကျဉ်းသားတွေဟာ ထိုင်းဘုရင်ဖြစ်သူ မဟာဝိဇယလောင်ကွန်းရဲ့ တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်ကိုရရှိဖို့ တရားရေးဝန်ကြီးကတဆင့် လျှောက်ထားနိုင်ပါတယ်။
အသက် ၇၄ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်းသက်ဆင်ဟာ ဝန်ကြီးချုပ်အဖြစ်နှစ်ကြိမ်တိုင် တာဝန်ထမ်းဆောင်ပြီးနောက် ၂၀၀၆ ခုနှစ်စစ်အာဏာသိမ်းမှုမှာ ဖြုတ်ချခံခဲ့ရပြီး ၁၅ နှစ်ကြာ ပြည်ပထွက်ပြေးတိမ်းရှောင်ပြီးနောက် ထိုင်းနိုင်ငံသို့ပြန်လာချိန်မှာတော့ ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
သက်ဆင်ထိုင်းသို့ပြန်လာချိန်မှာ ဖြူထိုင်းပါတီဟာ စစ်တပ်လိုလားတဲ့ပါတီတွေနဲ့မဟာမိတ်ဖွဲ့ကာ အစိုးရပြန်ဖြစ်နေချိန်နဲ့ တိုက်ဆိုင်နေတာကြောင့် သူချမှတ်ခံရတဲ့ထောင်ဒဏ်ကို လျှော့ပေါ့ဖို့ သဘောတူညီချက်ရရှိခဲ့ကြောင်း ထင်ကြေးပေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပါတယ်။
Ref:AFP
Photo:AFP
#voiceofmyanmar #VOM #ThaiEx-PMThaksin #appliesFor #Royalpardon