ခရမ်းစပ်ကုန်းကျေးရွာမှာ လေကြောင်း ပစ်ခတ်မှုဖြစ်လို့ ကျောင်းထိုင်ဘုန်းကြီး ၁ ပါး အပါအဝင် ၂ ဦးသေဆုံး

စက်တင်ဘာ ၁၆ -၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ အင်းတော်မြို့နယ် ၊ အင်းတော်နဲ့ မဲဇာရွာအကြား ခရမ်းစပ်ကုန်းကျေးရွာနားကို မနေ့ စက်တင်ဘာ ၁၅ ရက် ည ၇ နာရီဝန်းကျင်က လေကြောင်းကနေ ပစ်ခတ်ခံရလို့ ဘုန်းကြီးကျောင်း ထိမှန်ပြီး ကျောင်းထိုင် ဘုန်ကြီး အပါအဝင် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ အင်းတော်ဒေသခံတွေဆီက သိရပါတယ်။

” မနေ့ညပိုင်းက လေယာဥ်လာပြီး ရွာပေါ်ကို ဗုံးကျဲချတယ် ၊ ဘုန်းကြီးကျောင်းပေါ်ကျတယ် ၊ အဲ့ဒီဗုံးပေါက်ကွဲတာကြောင့် သက်တော် ၇၇ နှစ် ၊ ဝါတော် ၅၇ ဝါ ရှိတဲ့ ကျောင်းထိုင်ဆရာတော် ဥူးရာဇိန္ဒ ရဲ့ ဦးခေါင်းကို ထိမှန်ပြီး နေရာမှာတင် ပျံလွန်တော်မူတယ် ၊ ဘုန်းကြီးက ကျိန်းနေ (အိပ်နေ)တဲ့အချိန် ဖြစ်သွားတာပါ ၊ အဲ့ဒီအပြင် ဘုန်းကြီးနားမှာရှိနေတဲ့ ကပ္ပိယကြီး ဦးဝင်းသိန်း ဆိုသူလည်း ဗိုက်ပွင့်ထွက်ပြီး သေဆုံးတယ် ၊ ရွာမှာက လတ်တလော လူစိမ်းအဝင်အထွက်လည်း မရှိဘူး ၊ တိုက်ပွဲလည်း မရှိဘူး”လို့ ဘုန်းကြီး ကျောင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ဒါ့အပြင် ခရမ်းစပ်ကုန်းကျေးရွာနေ ဒေသခံတယောက်က ” လေယာဥ် ဗုံးကျဲပြီးနောက် လက်နက်ကြီးကျည်တွေ ၅ လုံးထက်မနည်း ရွာနားကိုကျတယ် ၊ အုပ်ချုပ်ရေးမှူး နေအိမ်အပါအဝင် အိမ် ၅ လုံး ထိမှန်တယ် ၊ လူတွေက ထွက်ပြေးတိမ်းရှောင်နေလို့ ထိမှန်ဒဏ်ရာရတာ မရှိဘူး ” လို့ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကသာခရိုင် လုံခြုံရေးအဖွဲ့ဆီ ဒီမနက်ပိုင်းက ဖုန်းဆက်မေးပေမယ့် အကြောင်းပြန်ကြားတာ မရှိသေးပါဘူး ။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၁၆ ရက် နေ့လယ် ၁ နာရီဝန်းကျင်က စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ဒီပဲယင်းမြို့နယ် ၊ လက်ယက်ကုန်းကျေးရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းကို လေကြောင်းပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး စာသင်နေတဲ့ ကလေးငယ် ၅ ဦး အပါအဝင် လူတချို့ သေဆုံးတာဖြစ်ပွားတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

Photo Crd -ခရမ်းစပ်ကုန်းရွာ ဒေသခံတဦး
#voiceofmyanmar #VOM #အင်းတော်

Related posts

Leave a Comment

VOM News

FREE
VIEW