ပေကျင်း၊ စက်တင်ဘာ-၁၆-၂၀၂၃
မျိုးဆက်(VOM)
ထိုင်ဝမ်ကို လက်နက်တွေရောင်းချခဲ့ အမေရိကန်အခြေစိုက် လော့ခ်ဟိမာတင်ကုမ္ပဏီနဲ့ နာ့သ်ရော့ပ်ဂရူးမင်း ကုမ္ပဏီတို့ကို အရေးယူပိတ်ဆို့သွားမှာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
သြဂုတ် ၂၄ ရက်က ကြေညာခဲ့တဲ့ ထိုင်ဝမ်ကို အမေရိကန်ရဲ့ လက်နက်ရောင်းချမှုတွေမှာ လော့ဟိမာတင်ကုမ္ပဏီက တိုက်ရိုက်ပါဝင်နေပြီး နော့သ်ရော့ပ်ဂရူးမင်း ကုမ္ပဏီကလည်း လက်နက်ရောင်းချမှုအချို့မှာ ပါဝင်ပတ်သက်နေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
အခုလို အရေးယူပိတ်ဆို့မှုတွေချမှတ်ခြင်းဟာ တရုတ်နိုင်ငံရဲ့ ဥပဒေနဲ့ လည်း ကိုက်ညီမှုရှိကြောင်း ထုတ်ပြန်ထားပြီး အရေးယူပိတ်ဆို့မယ် ပုံစံနဲ့ အချိန်တို့ကို ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။
အမေရိကန်ဟာ တရုတ်နိုင်ငံရဲ့ တပြည်ထောင်စနစ်ကို ပြင်းပြင်းထန်ထန်ချိုးဖောက်ပြီး တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးအကျိုးစီးပွားကို ထိခိုက်စေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ထိုင်ဝမ်ကို အမေရိကန်ရဲ့ လက်နက်ရောင်းချမှုနဲ့ ထောက်ပံ့မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ တရုတ်နိုင်ငဟာ အမေရိကန်လက်နက်ကုမ္ပဏီတွေအပေါ် အရေးယူပိတ်ဆို့မှုတွေ အကြိမ်ကြိမ်ချမှတ်ခဲ့ပါတယ်။
Ref: NHK
#voiceofmyanmar #VOM #ပေကျင်း