ဝါရှင်တန်၊ စက်တင်ဘာ-၂၀-၂၀၂၃
မျိုးဆက်(VOM)
တရုတ်နိုင်ငံခြာရေးဝန်ကြီးဟောင်း ချင်ဂန်းဟာ အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်က လူမှုရေးအရှုပ်အရှင်း အိမ်ထောင်ရေးဖောက်ပြန်မှု တွေရှိခဲ့တာကြောင့် ရာထူးကနေ ထုတ်ပယ်ခံရတာဖြစ်ကြောင်း အမေရိကန်အခြေစိုက် ဝေါလ်စရိဂျာနယ်က ရေးသားဖော်ပြထားပါတယ်။
ချင်ဂန်းဟာ အဲဒီအမျိုးသမီးနဲ့ ကလေးယူခဲ့တယ်လို့ ဝေါလ်စရိဂျာနယ်က ဆိုပါတယ်။ သူ့ကို ဝမ်ယီရဲ့နေရာမှာအစားထိုးပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဇူလိုင်လအတွင်းက ခန့်အပ်ခဲ့ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီတွင်း စုံစမ်းစစ်ဆေးမှုတွေကြောင့် ချင်ဂန်းရဲ့ လူမှုရေးအရှုပ်တော်ပုံကို ဖော်ထုတ်နိုင်ခဲ့ပြီး တရုတ်ထိပ်တန်းတာဝန်ရှိသူတွေကို သြဂုတ်လအတွင်းက အသိပေးအကြောင်းကြားခဲ့ကြောင်း သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။
အမေရိကန်မှာ မွေးဖွားတဲ့ကလေးဟာ အလိုအလျောက်အမေရိကန်နိုင်ငံသားဖြစ်ပြီး တရုတ်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေတာကြောင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးချင်ဂန်းကို ရာထူးကနေ ထုတ်ပယ်ခဲ့တာလို့ ဝေါလ်စရိဂျာနယ်က ဆိုပါတယ်။
တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်းဖူဟာလည်း အကျင့်ပျက်ချစားမှုတွေနဲ့ စုံစမ်းစစ်ဆေးခံနေရကြောင်း သတင်းတွေထွက်ပေါ်နေပြီး သူဟာ လူမြင်ကွင်းကနေ ပျောက်ကွယ်နေတာ သီတင်းသုံးပတ်ရှိပြီဖြစ်ပါတယ်။
Ref: NHK
#voiceofmyanmar #VOM #China #Ex-foreignMinister #Allegations #inUS