လူမှုကွန်ရက်ကနေ ဒေါ်လာရောင်းဝယ်သူတဦးကို ဗဟိုဘဏ်အရေးယူ

စက်တင်ဘာ ၁ – ၂၀၂၃ SN (VOM) လူမှုကွန်ရက်မှာ နိုင်ငံခြားငွေတွေ ရောင်းချနေမှုကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ အသွင်ယူစစ်ဆေးရာမှာ ဒေါ်လာရောင်းချတဲ့ သက်သေတွေနဲ့အတူ ဖမ်းဆီးရမိသူတဦးရှိပြီး ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။ ဗဟိုဘဏ်ရဲ့ အသွင်ယူစစ်ဆေးမှုမှုအရ လူမှုကွန်ယက်စာမျက်နှာတွေဖြစ်တဲ့ “ဒေါ်လာ Dollar Buy/Sell Market and News” နဲ့ “ယူရို၊ ဒေါ်လာ ရောင်းဝယ်ပို့ဆောင်လိုသူများစုံစည်းရာ Euro Dollar Trading Group” တို့ဟာ အမေရိကန်ဒေါ်လာ တဒေါ်လာနဲ့ညီမျှတဲ့ မြန်မာကျပ်ငွေကို တရားဝင်ပေါက်ဈေးထက် ကျော်လွန်ပြီး ဈေးနှုန်းအမျိုးမျိုး သတ်မှတ်ကာ တရားမဝင် ရောင်းဝယ်မှုတွေ ပြုလုပ်လျက်ရှိတာကို တွေ့ရှိရတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ဩဂုတ်လ ၂၈ ရက်နေ့က ဖော်ပြပါ Facebook Page မှတဆင့် အမေရိကန်ဒေါ်လာ ရောင်းချသူတဦးကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးထိန်းသိမ်းခဲ့ကာ လိုအပ်တဲ့…

Read More

မန္တလေးမှာ ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်း(၁၀)ခုနီးပါး ပိတ်သိမ်းခံထားရ

စက်တင်ဘာ ၁ -၂၀၂၃ SP (VOM) မန္တလေးမြို့ပေါ်က ပုဂ္ဂလိကဆေးရုံဆေးခန်း(၁၀)ခုနီးပါး ပိတ်သိမ်းခံထားရပြီး ၊ ဆရာဝန် ၂၀ ကျော် ဖမ်းဆီးခံထားရကာ ၊ ဆရာဝန် ၇၀ ကျော်လည်း ဖမ်းဝရမ်းထုတ်ခံထားရတယ်လို့ ကျန်းမာရေးအသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာထဲမှာ ဆေးခန်း ၂ ခု ပိတ်ခံရတယ် ၊ ဒီနှစ် ၂၀၂၃ ဇန်နဝါရီကနေ သြဂုတ်လကုန်အထိ ၈ လအတွင်း ဆေးရုံဆေးခန်း ၇ ခု ထပ်ပြီးအပိတ်ခံရတယ် ၊ အခုချိန်ထိ မန္တလေးမြို့မှာ ပိတ်ခံထားရတဲ့ ဆေးရုံ ဆေးခန်း ၉ ခုအထိရှိတယ် ၊ ပိတ်ခံထိတဲ့ ဆေးရုံ ဆေးခန်းတွေကတော့ မြို့တော်၊ ကံ့ကော် ၊ နန်းတော် ၊ ထက်နေလင်း ၊ စိန်ပန်း ၊ယုယမေတ္တာ…

Read More

ထောင်ကျနေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် ထိုင်းဘုရင်ရဲ့ တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံ

ဘန်ကောက်၊ စက်တင်ဘာ-၁-၂၀၂၃ မျိုးဆက်(VOM) ထောင်ချခံထားရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာဟာ တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်တောင်းခံထားကြောင်း ထိုင်းတရားရေးဝန်ကြီးက အတည်ပြုပြောဆိုပါတယ်။ အကျင့်ပျက်ချစားမှု အာဏာအလွဲသုံးစားမှုတို့နဲ့ ထောင်ဒဏ်ရှစ်နှစ်ချမှတ်ခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံထားပြီး ဒီကိစ္စအပေါ် လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း တရားရေးဝန်ကြီး ဝစ်ဆာနူခရီယာဂမ်က ပြောပါတယ်။ ထိုင်းဥပဒေအရ အကျဉ်းသားတွေဟာ ထိုင်းဘုရင်ဖြစ်သူ မဟာဝိဇယလောင်ကွန်းရဲ့ တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်ကိုရရှိဖို့ တရားရေးဝန်ကြီးကတဆင့် လျှောက်ထားနိုင်ပါတယ်။ အသက် ၇၄ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်းသက်ဆင်ဟာ ဝန်ကြီးချုပ်အဖြစ်နှစ်ကြိမ်တိုင် တာဝန်ထမ်းဆောင်ပြီးနောက် ၂၀၀၆ ခုနှစ်စစ်အာဏာသိမ်းမှုမှာ ဖြုတ်ချခံခဲ့ရပြီး ၁၅ နှစ်ကြာ ပြည်ပထွက်ပြေးတိမ်းရှောင်ပြီးနောက် ထိုင်းနိုင်ငံသို့ပြန်လာချိန်မှာတော့ ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ သက်ဆင်ထိုင်းသို့ပြန်လာချိန်မှာ ဖြူထိုင်းပါတီဟာ စစ်တပ်လိုလားတဲ့ပါတီတွေနဲ့မဟာမိတ်ဖွဲ့ကာ အစိုးရပြန်ဖြစ်နေချိန်နဲ့ တိုက်ဆိုင်နေတာကြောင့် သူချမှတ်ခံရတဲ့ထောင်ဒဏ်ကို လျှော့ပေါ့ဖို့ သဘောတူညီချက်ရရှိခဲ့ကြောင်း ထင်ကြေးပေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပါတယ်။ Ref:AFP Photo:AFP #voiceofmyanmar #VOM #ThaiEx-PMThaksin #appliesFor #Royalpardon

Read More

This Day in History(September1)

This Day in History(September1) Voice of Myanmar အမေရိကန် သမုဒ္ဒရာဗေဒပညာရှင် ရောဘတ်ဘောလက်ဒ်ဦးဆောင်သော ရှာဖွေမှုတွင် တိုက်တန်းနစ်သင်္ဘော၏ အပျက်အစီးများကို သမုဒ္ဒရာကြမ်းပြင် ပေ ၁၃၀၀၀ အနက်၌ ၁၉၈၅ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ #voiceofmyanmar #VOM #ThisDayInHistory #september1

Read More

ဆီအသင်းဥက္ကဋ္ဌနဲ့ ဆီကုန်သည်ကြီး ၄ ဦး စီးပွား/ကူးသန်းမှာ အစည်းအဝေးလုပ်နေခြင်းသာဖြစ်ပြီး အဖမ်းခံရတာမဟုတ်လို့ နစက ပြော

ဩဂုတ် ၃၁ – ၂၀၂၃ KT + SN (VOM) စားသုံးဆီအသင်းဥက္ကဋ္ဌနဲ့ ဆီကုန်သည်ကြီး ၄ ဦး စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာ အစည်းအဝေးလုပ်နေခြင်းသာဖြစ်ပြီး အဖမ်းခံရတာမဟုတ်ဘူးလို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ မနေ့ ဩဂုတ် ၃၀ ရက် ညနေပိုင်းက စားသုံးဆီအသင်းဥက္ကဋ္ဌ ဦးဆန်းလင်း အပါအဝင် ဆီတင်သွင်းခွင့်ပါမစ်ရ ဆီကုန်သည်တွေဖြစ်တဲ့ ဦးအေးစိန်၊ ဦးမြင့်ကြူ၊ ဦးဝမ်ထိုက်၊ ဦးထွန်းထွန်းဝင်းတို့ကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနဲ့ စစ်ဘက်ရေးရာလုံခြုံရေး (စရဖ)အဖွဲ့က ပူးပေါင်းဖမ်းဆီးလိုက်တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းဆိုခဲ့ပြီး စီးပွား/ကူးသန်းမှာ အစည်းအဝေးလုပ်နေခြင်းသာ ဖြစ်တယ်လို့ ပြောပါတယ်။ “မဖမ်းပါဘူး။ သူ့ဘာသာသူ စီးပွား/ကူးသန်းမှာ အစည်းအဝေးလုပ်နေတာ။ လျှောက်ပြီးတော့ ပြောနေကြတာ”လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ မနေ့ ဩဂုတ် ၃၀ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး…

Read More
VOM News

FREE
VIEW