နှစ်နိုင်ငံ တင်းမာနေစဉ် ဂျိုးဘိုင်ဒင်နဲ့ ရှီကျင်းပင်တို့ ဆန်ဖရန်စစ္စကိုမှာ ထိပ်သီးဆွေးနွေးဖွယ်ရှိ

ဝါရှင်တန်၊ အောက်တိုဘာ-၆-၂၀၂၃
မျိုးဆက်(VOM)
အမေရိကန်နဲ့တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးတည်ငြိမ်စေရန် ကြိုးပမ်းနေစဉ်မှာ သမ္မတဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတရှီကျင်းပင်တို့ နိုဝင်ဘာအတွင်း ဆန်ဖရန်စစ္စကိုမှာ မျက်နှာချင်းဆိုင် ထိပ်သီးဆွးနွေးဖို့ အိမ်ဖြူတော်က စီစဉ်နေကြောင်း ဝါရှင်တန်ပို့စ်သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။
ထိုင်ဝမ်ရေး၊ ကိုဗစ်-၁၉ ရောဂါရဲ့ မူလဇစ်မြစ်၊ သူလျှိုလုပ်မှုစွပ်စွဲချက်တွေ၊ လူ့အခွင့်အရေးပြသနာနဲ့ ကုန်သွယ်ရေးကိစ္စတွေအပါအဝင် အခြားသောအရေးကိစ္စတွေကြောင့် ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံအကြား မကြာသေးမီနှစ်တွေအတွင်း ဆက်ဆံရေးတင်းမာနေခဲ့ပါတယ်။
သမ္မတနှစ်ဦးရဲ့ တွေ့ဆုံဆွေးနွေးမယ့်အစီအစဉ်ဟာ အလွန်သေချာကြောင်း အမည်မဖော်လိုတဲ့ အမေရိကန်တာဝန်ရှိသူနှစ်ဦးကို ကိုးကားပြီး ဝါရှင်တန်ပို့စ်သတင်းဌာနက ဖော်ပြထားပါတယ်။
“ ဒီကိစ္စအထမြောက်ဖို့ ကျွန်တော်တို့ စတင်စီစဉ်နေပါပြီ” လို့အမည်မဖော်လိုတဲ့ အမေရိကန်တာဝန်ရှိသူက ဆိုပါတယ်။ ဝါရှင်တန်ရှိ တရုတ်သံရုံးကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး မှတ်ချက်တစုံတရာမပြုသေးပါဘူး။
တရုတ်နိုင်ငံသို့ ဇွန်လမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်၊ ဇူလိုင်လမှ ဘဏ္ဍာရေးဝန်ကြီး ဂျနက်ယဲလ်လန်၊ သြဂုတ်လမှာ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဂျီနာရိုင်မွန်ဒိုတို့အပါအဝင် အမေရိကန်တာဝန်ရှိသူတွေ တရုတ်နိုင်ငံကို သွားရောက်ပြီးနောက် သမ္မတနှစ်ဦးတွေ့ဆုံဆွေးနွေးမယ့် အစီအစဉ်နဲ့ပတ်သက်တဲ့ သတင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
Ref:CNA
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW