ဆူးငှက်
ကျွန်တော်သည် ၁၉၉၉ ကတည်းက ယခုနေထိုင်သောအာင်ပင်လယ် လမိုင်းလယ်အဝန်းအဝိုင်းရှိ လယ်တောအိမ်ကလေးသို့ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ထိုစဉ်ကကျွန်တော့အိမ်ကလေး၏မြောက်ဘက်ခြမ်းမှာသာ လူနေအိမ်ခြေတွေရှိသည်။တောင်ဘက်ခြမ်းမှာက ကွင်းပြင်တစ်လျှောက်လုံး၊ ဟို .အောင်ပင်လယ် ကန်ဘောင်ရိုးအထိ ပိတ်စွယ်ရိုင်းတာကြီးဖြစ်သည်။
ယခု ၂၆ ဘီလမ်းမကြီးကမြေသားလမ်းပေါ် ကျောက်ကြမ်းတွေခင်းပြီးကာစ၊ မချောမွေ့သေး ညတိုင်ရောက်လျှင်ခြောက်ဗို့ဘက်ထရီ မီးလုံးလေး၏ အလင်းရောင်မှိန်မှိန်အောက်၌ ရေဒီယိုလေးတစ်လုံးနှင့် ထိုင်နေရင်း ပိတ်စွယ်ပင်တွေကြား တိုင်ဦးတမ်းကစားနေကြသောပိုးစုန်းကြူးအုပ်ကြီး၏ ပဒေသာကပွဲ ကိုပဲကြည့်ရှုနေရသည်။
ကျွန်တော်သည် ၁၉၉၉ ကတည်းက ယခုနေထိုင်သော အောင်ပင်လယ် လမိုင်းလယ်အဝန်းအဝိုင်းရှိ လယ်တောအိမ်ကလေးသို့ယာတောကြီးပေါ်ကနေ ဝါတွင်း ကာလတွင် တောင်ဘက် ကျန်းမာရေးရပ်ကွက်ဓမ္မာရုံဆီက ဖွင့်နေသည့် အသံချဲ့စက်မှ ဗုဒ္ဓဝင် ဖွားတော်မူခန်း ဓာတ်ပြားမှအသံများနှင့် နှလုံးစိတ်ဝမ်းအေးချမ်းရပြန်၏။
မနက်လင်းလျှင်ဖြင့် ကိုယ့်အိမ် အရှေ့ဖက်မှာလည်း ပိတ်စွယ်တောကြီးမို့အရှေ့ရိုးမပေါ်က ခေါင်းပြူလာသော ထွန်းသစ်စ နေရောင်ခြည်ကို အစောဆုံးထိတွေ့ရပြန်သည်။ နံနက်ခင်း၏ နေရောင်ခြည်အောက်တွင် ရန်ကင်းတောင်ပေါ်မှစေတီပုထိုးတို့၏ မှန်စီရွှေချအရောင်လက်လက်များလည်း ကွန့်မြူးနေ၏။ ရန်ကင်းတောင်နှင့်အရှေ့ရိုးမကြား က ထုံးသင်္ကန်းဖြူဖြူတွေက ရေထံခွန်တောင်ဖြစ်မှာပေါ့။
လယ်တော အိမ်လေး ပတ်ဝန်းကျင်မှာ သရက်ခြံ၊ သပြေခြံကြီးတွေလည်းရှိသည်။ပေ ၅၀ ပတ်လည်လောက်ရှိမည့် ရေကန်ကြီးတွေလည်းရှိသည်။ တောစပ်လက်ကျန်မှာမနက်ကတည်းက ကျေးငှက်ပါင်းစုံတို့ ညီလာခံကြ၏။ ချိုးကူးသံ့နွဲ့က ညီလာခံကိုစည်ရွန်းပေးနေသည်နှင့်တူသည်။ မနက်စောစော ကတော့ ညကအိပ်တန်းတက်ခဲ့သောရေဘဲအုပ်တွေအသံပေးရင်း အစာရှာထွက်သွားကြပြီ။ အိမ်ရှေ့တာလမ်းလေးဘေးကမြက်ရိုင်းပင်တွေမှာ နှင်းငွေ့အစိုပြန်နေ၏။ တောစပယ်ပန်းလေးတွေကမွှေးပျံ့သည်။ လမ်းကလေးက အနောက်ဖက် မြို့ပတ်မီးရထားလမ်းနှင့်ရေနီမြောင်းဆီဦးတည်သည်။
အစက ထိုလယ်တောအိမ်လေးမှာနေထိုင်းရင်း မြို့လယ်ခေါင်က “အတိတ်” ကိုလွမ်းဆွတ်နေမိသ၏။ အထီးကျန်သလိုလည်း ခံစားမိသေး၏။ နောက်တော့နေသားကျသွားသည်။ မနက်စောစော လမ်းလျှောက်ထွက်ရင်း နားခိုအပန်းဖြေစရာနေရာလေးတစ်ခုကိုတွ့ရှိသွားခဲ့သည်။ အောင်ပင်လယ် ကန်ပေါ် ရိုးမေးတင်သော ကန်စပ်ကစိမ်းမြအေးရိပ်ငြိမ်သက်နေရာဖြစ်သည်။ ထိုနေရာမှာ ပိတောက်တွေ ေ၀နေအောင်လည်း ပွင့်တတ်သလို ဝါစက်သောပိတောက်ပွင့်ဖတ်တွေလည်း ဖွေ့ဖွေ့ကြွေတတ်သည်။ စမ်းချောင်းရေစပ်လည်း ရှိ၏။ မဟော်ဂနီရွက် ဖားဖားတွေလည်းရှိ၏။ စက္ကူပန်းရောင်စုံတွေလည်းရှိ၏။ အယုဒ္ဓယမြန်မြန်နမ်းလှည့် ပန်းနီနီဖြူတွေလည်းရှိ၏။ ဗုဒ္ဓံသရဏံပွင့်ဝါ၊ပွင့်နီတွေ လည်းရှိ၏။ နန်းဦးလွင်ရွာက ထိုမိသားစု ပန်းခြံ လက်ဖက်ရည်ဆိုင်လေးမှာ ထိုင်ရင်း“ မန္တလေး ” ကို ပိုမိုသိရှိခံစားခဲ့ရသည်။
ထိုပိတောက်ပင်ရိပ်အာက်က သစ်သားစာပွဲလေးပေါ်မှာ “မန္တလေး” ရှိနေတာသေချာပြီ။ အဘယ်ကြောင့် ဆိုသော် ထိုစားပွဲလေးမှာ အစွဲအလမ်းကြီးလွန်းလှစွာသော“ငါတို့ မန္တလေး မှ မန္တလေး သား” တွေ မနက်တိုင်းလိုလို စုဖြစ်ကြလို့ဖြစ်သည်။
သီချင်းရေးဆရာပါသည်။ ပြဇာတ် ရုပ်ရှင်ဒါရိုက်တာပါသည်။ ဆိုင်းဆရာ ရွာစားပါသည်။စာရေးဆရာပါသည်။ ကာတွန်းဆရာပါသည်။ ဂီတမှူးပါသည်။ သရုပ်ဆောင် ပါသည်။အဆိုတော်ပါသည်။ ရုပ်ရှင်ထုတ်လုပ်သူပါသည်။ ပန်းပုဆရာပါသည်။ ဆက်တင်ဆရာပါသည်။ ပန်းချီဆရာပါသည်။ ပြဇာတ်မင်းသား ပါသည်။ ကဗျာဆရာပါသည်။ ရိုက်ကူးရေး မန်နေဂျာပါသည်။ ဇာတ်မန်နေဂျာ ပါသည်။ လေမှုတ်တူရိယာပညာရှင် ပါသည်။ မြန်မာစာ ကထိကပါသည်။
ထို “မန္တလေး” စကားဝိုင်းက မနက် ခုနှစ်နာရီလောက်မှ တစ်ခါခါ ၁၀ နာရီလောက်ထိုင်သွား တတ်သေးသည်။ မန္တလေး ကို ဘယ်သူတွေ ဘယ်လိုပဲ ရွှေ့ရွှေ့ထိုစားပွဲလေးမှာတော့ မရွေ့စတမ်း ကုပ်ကပ် အားတင်းနေကြခြင်းဖြစ်သည်။ထိုကြောင့်လည်း မန္တလေး ကို မရွှေ့စေချင်သူတွေ ရောက်လာပြန်၏။တစ်ခါတစ်ခါ မန္တလေး ရောက်နေသည့် ဇာတ်မင်းသားလေးလည်း သူ့အိမ်ဆီကခြေကျင်ကူး လာချေသည်။ တစ်နှစ်မှာ တစ်ကြိမ်နှစ်ကြိမ်ဆိုသလို မန္တလေး သားဖြစ်သောမန္တလေး နှင့်နွယ်သော ၊ မန္တလေး ကို နားလည်သော နာမည်ကျော် ရုပ်ရှင်ဒါရိုက်တာ တစ်ဦးစနှစ်ဦးစလည်းရာက်လာတတ်သည်။ သူတို့က ရန်ကုန်မှာ အနေကြာ (သို့မဟုတ်) ရန်ကုန်သားဖြစ်နေပြန်တော့ မန္တလေး ကို ခေတ်နှင့် လိုက်လျော ညီထွေစွာဟု ဆိုကာ ရွှေ့ဖို့သြဝါဒီ လာခြွေတတ်၏။ ဒီမှာက အရိုးစွဲ၊ ခေါက်ရိုးကျိုး၊ခေါင်းမာ၊ပုကပ်နေကြတော့မန္တလေး မရွှေ့ရေး အာဘော်များအောက် နစ်မွှန်းပြီး လက်လျော့ပေးသွားကြသည်။
မန္တလေးကို မရွေ့စေချင်သူတွေ ကတော့ လက်ဖက်ရည်ကြမ်းအိုးများစွာနှင့်ပဲ ခုခံနေကြဆဲ၊ရွှေ့သည့် မန္တလေး က (ထုံးစံအတိုင်း) ရွေ့နေသည်။ မတတ်နိုင်ရွေ့ခြင်းကသူ့ကိစပဲ။ ကျွန်တော်တို့ စားပွဲဝိုင်းလေး ကတော့ မရွေ့ရေးကြံ့ကြံ့ခံဆဲ။ဘာကြာသေးလို့လဲ။ မန္တလေး မရွေ့ရေး ခေါင်းမာခဲ့ကြပြီးပိုင်ရာနိုင်ရာ အနုပညာ ဆိုသဟာများနှင့် ခေါင်းမာခဲ့ကြတာ ဘာကြာသေးလို့လဲ၊ ထိုသို့ထင်စရာရှိသည်။ သေချာတာတစ်ခုကလည်း ကုန်လွန်ခဲ့သော နှစ်၂၀ နီးပါးက နန်းဦးလွင်ရွာ မိသားစုလက်ဖက်ရည်ဆိုင်က စာပွဲလေးမှာ မနက်တိုင်း သည်းကြီးမဲကြီး ဆုံကြပြီး မန္တလေး မရွေ့ရေးခေါင်းမာခဲ့ကြသော “ငါတို့ မန္တလေး မှ မန္တလေး သား”တွေ အကွဲကွဲ အပြားပြားနှင့်ဘယ်ဆီသို့ ဘယ်ညာသို့ လွမ်းပါရမယ်ဆွေးပါရမယ် အခြေအနေပင်ဖြစ်ပါ၏။ မန္တလေး လည်းထိန်းမနိုင်သိမ်း မနိုင်ရွေ့၊ မန္တလေး သားတွလည်း ကုန်းကောက်စရာ မရှိအောင်ရွေ့။ ေနာက်ဆုံး ခံတပ် ဟူသည်ကား သပြေတန်းခံတပ် အလား ကျဆုံးခဲ့လေပြီ။ ဘယ်သူက အလံဖြူလွှင့်စေခဲ့တာလဲ။ ။
ဆူးငှက်