ရခိုင်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြန်မာ-ဘဂ်လားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်

 

ရန်ကုန် ၊နိုဝင်ဘာ ၁၄ -၂၀၂၃

GG( VOM)

 

ရခိုင်ပြည်နယ်ကို ရေကြောင်းနဲ့ ကုန်းကြောင်းကပါ ဝင်ရောက်ခွင့် ၊ထွက်ခွာခွင့် ပိတ်ထားတဲ့အတွက် မြန်မာ နဲ့ ဘင်္ဂလား ဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားပြီဖြစ်တယ်လို့ သိရပါတယ်။

 

ရခိုက်ပြည်နယ်ထဲက ရသေ့တောင်နဲ့ မင်းပြားမြို့နယ်အပါအဝင် နေရာတချို့မှာ AA နဲ့ စစ်တပ် အကြားတိုက်ပွဲတွေ ဖြစ်နေတာကြောင့် နစက ဘက်က ရခိုင်ပြည်နယ်ကို အဝင်အထွက်ပိတ်လိုက်တာဖြစ်ပါတယ်။

 

ဒါ့ကြောင့် လက်ရှိ ရန်ကုန် – စစ်တွေ အဝေးပြေးကားလမ်းမှာ ရောက်နေတဲ့ ကုန်စိမ်းကားတွေ ၊ရေထွက်ကုန်ပစ္စည်းကားတွေ မြို့ထဲကိုဝင်ခွင့် ပိတ်မိနေသလို စစ်တွေနဲ့ မောင်တောကုန်သွယ်ရေးစခန်းတွေကနေလည်း ဘင်္ဂလား ဒေ့ရှ် ဘက်ကို ကုန်တင်ပို့တာ ၊ ပြည်တွင်းကို ပစ္စည်းတင်သွင်းတာတွေ အားလုံးရပ်ကုန်ပြီဖြစ်တယ်လို့သိရပါတယ်။

 

” လမ်းကြောင်းတွေအကုန်ပိတ်လိုက်တော့ အကုန်ခက်ခဲကုန်တယ်၊ ရန်ကုန်ကနေ စစ်တွေလမ်းကြားမှာ ပိတ်မိနေတဲ့ကုန်စိမ်းတွေ ၊ ငါးပုဇွန်တွေ အကုန်ပိတ်မိနေတယ်၊ပြည်ပမထဲကလာတဲ့စားသောက်ကုန်တွေ လည်းပိတ်မိနေတယ်၊အသီးအရွက်တွေရောပေါ့။ ရန်ကုန်ကနေ လာတဲ့ကားတွေလည်းပိတ်မိနေတယ်။ရှိပြီးသားတွေလည်း မတင်ပို့ရဲကြဘူး၊ပစ္စည်းတွေလည်းမတင်သွင်းနိုင်ဘူး ” လို့ ရခိုင်ပြည်နယ် နယ်စပ်ကုန်သည်တ ယောက်ကပြောပါတယ်။

 

ဒါကြောင့် လက်ရှိရခိုင်ပြည်နယ်အခြေအနေသည် ဒေသတွင်း ပြည်မထဲနဲ့လည်း ကုန်စည်စီးဆင်းမှု ရပ်တန့်သွားသလို ပြည်ပနယ်စပ်ကုန်စည်စီးဆင်းမှုလည်းရပ်တန်းသွားပြီဖြစ်တယ်လို့သိရပါတယ်။

 

ဒါ့အပြင် ရခိုင်ပြည်နယ်ထဲက မြို့နယ် တခုနဲ့တခုကိုလည်း သွားလာခွင့်တွေ ကန့်သတ်ထားသလို မြို့ပေါ်တွေမှာလည်း ပိတ်ဆို့မှုတွေပြုလုပ်ထားတယ်လို့သိရပါတယ်။

 

” မြို့ပေါ်လည်း လုံခြုံရေးယူနေတာတွေ ရှိတယ်၊ နေရာတိုင်းသွာစမရဘူးပိတ်ထားတယ်။နောက်ပြီး မြို့ဝင်မြို့ထွက်တွေလည်း သွားခွင့် ခွင့်မပြုတာတွေတွေ့ရတယ်၊ တိုက်ပွဲတွေ ခုထိဖြစ်နေတုန်းပဲ ” လို့ မောင်တောဒေသခံတ ယောက်ကပြောပါတယ်။

 

ကုန်စည်စီးဆင်းမှု ရပ်တန့်တာ အခြေကြာမြင့်မယ်ဆိုရင် ရခိုင်ပြည်နယ်မှာ ကုန်စျေးနူန်း မြင့်တက်တာ ၊ စားသောက်ကုန်ပစ္စည်း ပြတ်လတ်မှုတွေ အပါအဝင် စတဲ့ အခက်အခဲတွေကို ကြုံတွေ့လာရနိုင်တာကြောင် ့ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

 

ရခိုင်ပြည်နယ်ကို ကုန်းလမ်း၊ရေလမ်းကနေ အဝင်အထွက်ပိတ်ထားပေမယ့် လေကြောင်းလိုင်ကတော့ ဒီနေ့အထိ ပြေးဆွဲပေးနေတာရှိတယ်လို့ သိရပါတယ်။

 

ဓါတ်ပုံ- ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW