စစ်ထောက်လှမ်းရေးဂြိုဟ်တု အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယားပြော

 

ပြုံးယမ်း၊ နိုဝင်ဘာ-၂၂-၂၀၂၃

မျိုးဆက်(VOM)

မြောက်ကိုရီးယားသည် စစ်ထောက်လှမ်းရေးဂြုဟ်တုကို အာကာသထဲသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း နိုဝင်ဘာ ၂၂ ရက်တွင် ထုတ်ဖော်ပြောဆိုလိုက်ပြီး ဒီလိုလွှတ်တင်မှုအပေါ် အိမ်နီးချင်းနိုင်ငံတွေက ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။

Malligyong-1 လို့အမည်ရတဲ့ အဲဒီထောက်လှမ်းရေးဂြိုတုဟာ ကမ္ဘာပတ်လမ်းကြောင်းအတွင်းကို တိကျစွာဝင်ရောက်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက ဆိုပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်လည်း ဒီလွှတ်တင်မှုကို စောင့်ကြည့်ခဲ့တယ်လို့ ကေစီအင်န်အေက ပြောပါတယ်။ ဂြိုဟ်တုတင်ဆောင်ထားတဲ့ ဒုံးပျံဟာ ဂျပန်နိုင်ငံ အိုကီနာဝါစီရင်စုကိုဖြတ်ပြီး ပစိဖိတ်သမုဒ္ဒရာကို ဦးတည်ပျံသန်းခဲ့တယ်လို့ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ ဒီလုပ်ရပ်ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုအများအပြားကို ချိုးဖောက်တာဖြစ်ကြောင်း အမေရိကန်ကလည်း ရှုတ်ချထားပါတင်္ယ။

မြောက်ကိုရီးယားဟာ သူ့ရဲ့စစ်ထောက်လှမ်းရေးဂြိုဟ်တုကို လွှတ်တင်ဖို့ ယခုနှစ်ထဲမှာ နှစ်ကြိမ်တိုင်ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ပဲ့ထိန်းဒုံးကျည်နည်းပညာကို အသုံးပြုတာဟာ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာလို့ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက ပြောဆိုထားပါတယ်။

Ref:BBC

Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW