အစ္စရေးကို ဦးတည်တဲ့ သင်္ဘေားအားလုံးကို ပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့ ဟူသီသူပုန်အဖွဲ့ သတိပေး

 

ဆာနား၊ ဒီဇင်ဘာ-၁၀-၂၀၂၃

မျိုးဆက်(VOM)

အစ္စရေးကို ဦးတည်သွားရောက်တဲ့ သင်္ဘောအားလုံးကို နိုင်ငံခွဲခြားခြင်းမရှိဘဲ ပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့ ယီမင်ရှိ ဟူသီသူပုန်အဖွဲ့က ထုတ်ပြန်လိုက်ပြီး အစ္စရေးဆိပ်ကမ်းတွေနဲ့ အဆက်အဆံမလုပ်ဖို့ သတိပေးလိုက်ပါတယ်။

ဂါဇာမှာလိုအပ်နေတဲ့ အစားအစာနဲ့ ဆေးဝါးတွေမရရှိခဲ့ဘူးဆိုရင် အစ္စရေးကို ဦးတည်သွားနေတဲ့ ပင်လယ်နီက သင်္ဘောတွေအားလုံးကို ဟူသီအဖွဲ့က ပစ်မှတ်ထားတိုက်ခိုက်သွားမယ်လို့ ဟူသီပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပြီး ဂါဇာမှာ လူ ၁၇၇၀၀ သေဆုံးပြီး ၄၉၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့ပြီး အီရန်ရဲ့မဟာမိတ် ဟားမတ်စ်နဲ့ အစ္စရေးတို့အကြား တင်းမာမှုတွေမြင့်တက်နေပါတယ်။

မကြာသေးမီရက်သတ္တပတ်တွေအတွင်း ဟူသီသူပုန်အဖွဲ့ဟာ ပင်လယ်နီနဲ့ ဘတ်အယ်လ်မန်းက်ဘ်ရေလက်ကြားရှိ အစ္စရေးနဲ့ ဆက်နွယ်နေတဲ့ သင်္ဘောအများအပြားကို တိုက်ခိုက်ခဲ့ကြပါတယ်။ ဒါဟာ ပါလက်စတိုင်းတွေကို ထောက်ခံကြောင်း ပြသတာလို့ ဟူသီသူပုန်အဖွဲ့က ဆိုပါတယ်။

နောက်ဆုံးတိုက်ခိုက်မှုမှာ ပုဂ္ဂလိကသင်္ဘောသုံးစင်း နိုင်ငံတကာရေပိုင်နက်မှာ ပြီးခဲ့တဲ့သီတင်းပတ်က တိုက်ခိုက်ခံခဲ့ရပြီး အမေရိကန်ရေတပ်သင်္ဘောတစင်းက ကြားဝင်ဟန့်တားခဲ့ရပါတယ်။ အမေရိကန်နဲ့ ဗြိတိန်တို့ကတော့ ဒီတိုက်ခိုက်မှုတွေကို ပြစ်တင်ရှုတ်ချထားပါတယ်။

Ref:Reuters

Photo: Reuters

 

Related posts

Leave a Comment

VOM News

FREE
VIEW