ဂျပန်အာဏာရပါတီတွင်း အကျင့်ပျက်ချစားမှုကြောင့် ဂျပန်အစိုးရအဖွဲ့ ဝန်ကြီးလေးယောက် ရာထူးကနေ နှုတ်ထွက်

 

တိုကျို၊ ဒီဇင်ဘာ-၁၄-၂၀၂၃

မျိုးဆက်(VOM)

ဂျပန်အာဏာရ ပါတီတွင်း အကျင့်ပျက်ချစားမှု အရှုပ်တော်ပုံကြောင့် ဂျပန်အစိုးရအဖွဲ့ဝန်ကြီးလေးယောက် ဒီနေ့ ဒီဇင်ဘာ ၁၄ ရက်မှာ ရာထူးကနေ နှုတ်ထွက်သွားပြီဖြစ်ပါတယ်။

အာဏာရ လစ်ဘရယ်ဒီမိုရက်တစ်ပါတီအတွင်းမှာ ဒေါ်လာ ၃ ဒသမ ၄ သန်း အလွဲသုံးစားလုပ်တွေရှိနေကြောင်း စွပ်စွဲချက်တွေအပြီးမှာ အစိုးရအဖွဲ့ဝန်ကြီးတွေ ရာထူးကနေ နှုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

နှုတ်ထွက်သွားတဲ့ ဝန်ကြီးတွေကတော့ အစိုးရအဖွဲ့အတွင်းရေး ဟီရိုကာဇူမက်ဆူနို၊ စီးပွားရေးနဲ့ စက်မှုဝန်ကြီး ယာဆူတိုရှီနီရှီမူရာ၊ ပြည်ထဲရေးဝန်ကြီး ဂျန်ဂျီဆူဇူကီးနဲ့ စိုက်ပျိုးရေးဝန်ကြီး အိုင်ချီယိုမီယာရှီတာတို့ဖြစ်ပါတယ်။

ငွေကြေးဖောင်းပွမှုနဲ့ အစောပိုင်း အရှုပ်တော်ပုံတွေကို ကိုင်တွယ်ဖြေရှင်းမှုတွေအပေါ် ကိုင်တွယ်ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် ကီရှှီဒါအပေါ် လူထုထောက်ခံမှုနှုန်းသည် အနိမ့်ဆုံးဖြစ်နေသည်။

အသက် ၆၆ နှစ်ရှိပြီဖြစ်သော ဝန်ကြီးချုပ် ကီရှီဒါသည် ၂၀၂၅ ခုနှစ်ထိ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခွင့် ရှိနေသော်လည်း လာမယ့်နှစ်မှာကျင်းပမယ့် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ခေါင်ဆောင်ရွေးပွဲမတိုင်မီ ကြားဖြတ်ရွေးကောက်ပွဲ ခေါ်နိုင်ကြောင်း ထင်ကြေးပေးမှုတွေလည်းရှိနေပါတယ်။

Ref:AFP

Photo:Getty Images

 

Related posts

VOM News

FREE
VIEW