နိုင်ငံတကာ ထောက်ခံမှုမရှိလည်း ဂါဇာကို အဆုံးတိုင် တိုက်ခိုက်မယ်လို့ အစ္စရေးပြော

 

တဲလ်အဗစ်၊ ဒီဇင်ဘာ-၁၄-၂၀၂၃

မျိုးဆက်(VOM)

ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံတကာက ဖိအားတွေပေးနေပေမယ့် အဆုံးတိုင် တိုက်ခိုက်သွားမယ်လို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

လက်ရှိ အဆင့်အပစ်အခတ်ရပ်စဲရေးဟာ ဟာမတ်စ်အကြမ်းဖက်သမားတွေအတွက် လက်ဆောင်ဖြစ်ပြီး ဒီစစ်ပွဲဟာ နိုင်ငံတကာက ပံ့ပိုးကူညီသည်ဖြစ်စေ မကူညီသည်ဖြစ်စေ ဆက်လက်ဖြစ်ပွားနေဦးမယ်လို့ အစ္စရေး နိုင်ငံခြားရေးဝန်ကြီး အီလီကိုဟန်က ပြောပါတယ်။

ဂါဇာကမ်းမြှောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေး တောဆင်းဆိုတဲ့ ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဒီဇင်ဘာ ၁၂ ရက်က တခဲနက် အတည်ပြုခဲ့ပါတယ်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကတော့ ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးက ခွဲခြားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် နိုင်ငံတကာ ထောက်ခံမှု ဆုံးရှုံးနေပြီလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဂါဇာရှိ ပါလက်စတိုင်း ဒုက္ခသည်အရေးနဲ့ပတ်သက်ပြီးတော့လည်း အစ္စရေးကို နိုင်ငံတကာက ဖိအားပေးမှုတွေရှိနေပြီး နှစ်ဘက်အကြား အပစ်အခတ်ရပ်စဲရေးအတွက် ကာတာနိုင်ငံက ဦးဆောင် ညှိနှိုင်းနေပါတယ်။

အစ္စရေးကို ဟားမတ်စ်တွေရဲ့ နိုဝင်ဘာ ၇ ရက်တိုက်ခိုက်မှုမှာ လူ ၁၂၀၀ သေဆုံးပြီး ၂၄၀ ဓါးစာခံခံအဖြစ် ဖမ်းဆီးခံခဲ့ရပါတယ်။ အစ္စရေးရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် ဂါဇာမှာ ၁၈၆၀၀ သေဆုံးပြီး ငါးသောင်းကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

Ref:BBC

Photo:AFP

 

Related posts

Leave a Comment

VOM News

FREE
VIEW