ဟားမတ်စ်တိုက်ခိုက်ရေးသမား ၇၀၀ ကျော်ကို အစ္စရေး ဖမ်းဆီးထား

 

တဲလ်အဗစ်၊ ဒီဇင်ဘာ-၂၄-၂၀၂၃

မျိုးဆက်(VOM)

အစ္စရေးစစ်တပ်ဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဟားမတ်စ်အဖွဲ့ဝင် ၂၀၀ ကို စစ်ဆေးမေးမြန်းဖို့အတွက် အစ္စရေးပိုင်နက်အတွင်းကို ဖမ်းဆီးခေါ်ဆောင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

သံသယရှိသူအချို့ဟာ အရပ်သားတွေကြားမှာ ပုန်းအောင်းနေခဲ့ပြီး ဆန္ဒအလျောက် လက်နက်ချခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဂါဇာကမ်းမြှောင်ဒေသကို စတင်တိုက်ခိုက်ပြီးနောက်ပိုင်း ဟားမတ်စ်အဖွဲ့ဝင် ၇၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

အစ္စရေးဟာ ပါလက်စတိုင်းအမျိုးသမီးနဲ့ ကလေးငယ် အများစုဟာ အစ္စရေးရဲ့ သတ်ဖြတ်မှုကို ခံနေရတယ်လို့ ဟားမတ်စ်တို့က ပြောပါတယ်။ အစ္စရေးကတော့ အရပ်သားတွေ သေဆုံးထိခိုက်မှုတွေကို ရှောင်ရှားခဲ့ပြီး ဟားမတ်စ်တို့က အရပ်သားတွေကြားမှာ အကာအကွယ်ယူပုန်းကွယ်နေတယ်လို့ ဆိုပါတယ်။

ဟားမတ်စ်တို့ဟာ အစ္စရေးကို အောက်တိုဘာ ၇ ရက်က တိုက်ခိုက်မှုကြောင့် လူ ၁၂၀၀ သေဆုံးပြီး ၂၄၀ ဓါးစာခံအဖြစ် ဖမ်းဆီးခံခဲ့ရပါတယ်။ ဂါဇာကို အစ္စရေးရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုအတွင်း လူ နှစ်သောင်းကျော်သေဆုံးပြီး ငါးသောင်းကျော်ဒဏ်ရာရရှိခဲ့ပါတယ်။

ဂါဇာစစ်ဆင်ရေးတွေအတွင်း အစ္စရေးတပ်ဖွဲ့ဝင် ၁၄၄ ယောက်ထိသေဆုံးခဲ့ပြီး ဟားမတ်စ်တို့ကို အပြီးတိုင်ချေမှုန်းဖို့ ဂါဇာတောင်ပိုင်းကိုပါ ထိုးစစ်အရှိန်မြှင့်နေပြီး အရပ်သားတွေကို ဘေးလွတ်ရာရှောင်ရှားကြဖို့ သတိပေးထားပါတယ်။

Ref:BBC

Photo:Colombo Gazette

 

Related posts

VOM News

FREE
VIEW