မော်စကို၊ ဒီဇင်ဘာ-၂၆-၂၀၂၃
မျိုးဆက်(VOM)
ယူကရိန်းရဲ့ တိုက်ခိုက်မှုကြောင့် ပင်လယ်နက်မှာ ရုရှားစစ်သင်္ဘောတစင်း ပျက်စီးခဲ့ကြောင်း ရုရှားစစ်တပ်က ဒီနေ့ ဒီဇင်ဘာ ၂၆ ရက်မှာ အတည်ပြုပြောဆိုလိုက်ပါတယ်။
ဒီတိုက်ခိုက်မှုဟာ ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်း ကရိုင်းမီးယားဒေသရှိ ဖီဒိုဆီယာဆိပ်ကမ်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ပဲ့ထိန်းဒုံးကျည်တွေ တပ်ဆင်ထားတဲ့ ယူကရိန်းလေယာဉ်ရဲ့ တိုက်ခိုက်မှုကြောင့် ကမ်းတက်သင်္ဘောကြီးဖြစ်တဲ့ နိုဗိုချာကက်ခ်ကို ထိမှန်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုထားပါတယ်။
ယူကရိန်းလေတပ်က တိုက်လေယာဉ်ဟာ ရုရှားစစ်သင်္ဘောတစင်းကို ဖျက်ဆီးခဲ့ကြောင်း ယူကရိန်းလေတပ်အကြီးအကဲကလည်း အစောပိုင်းမှာ ပြောဆိုထားပါတယ်။ တိုက်ခိုက်မှုကြောင့် လူတဦး သေဆုံးခဲ့တယ်လို့ ရုရှားစစ်တပ်က ပြောပါတယ်။
တိက်ခိုက်မှုကြောင့် မီးငြှိမ်းသတ်နေချိန်မှာ အဲဒီနေရာကို ပိတ်ဆို့ထားမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဆိပ်ကမ်းလုပ်ငန်းတွေ ပုံမှန်အတိုင်း လည်ပတ်နိုင်ခဲ့တယ်လို့ ကရိုင်းမီးယားဒေသမှာ တပ်စွဲထားတဲ့ ရုရှားစစ်တပ်အကြီးက ပြောပါတယ်။
ကရိုင်းမီးယားဟာ ယူကရိန်းရဲ့ အစိတ်အပိုင်းအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုထားပေမယ့် ၂၀၁၄ ခုနှစ်မှာ ရုရှားက ကျူးကျော်တိုက်ခိုက် သိမ်းယူခဲ့ပါတယ်။
Ref:BBC
Photo:Reuters