တိုက်ခိုက်မှုတွေ ဆက်လုပ်နေရင် လက်ဘနွန်နယ်စပ်က ဟဇ်ဘိုလာတွေကို တိုက်ထုတ်သွားမယ်လို့ အစ္စရေး သတိပေး

 

တဲလ်အဗစ်၊ ဒီဇင်ဘာ-၂၈-၂၀၂၃

မျိုးဆက်(VOM)

ဟဇ်ဘိုလာတို့အနေနဲ့ တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် လက်ဘနွန်နယ်စပ်မှာရှိတဲ့ ဟဇ်ဘိုလာတွေကို တိုက်ထုတ်ဖို့ လုပ်ဆောင်သွားမှာဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး ဘန်နီဂန့်ဇ်က သတိပေးပြောဆိုလိုက်ပါတယ်။

အစ္စရေးမြောက်ပိုင်းကို ဟဇ်ဘိုလာစစ်သွေးကြွတွေက တိုက်ခိုက်နေတာကို ကမ္ဘာ့နဲ့ လက်ဘနွန်အစိုးရက ရပ်တန့်အောင်မလုပ်ဘူးဆိုရင် အစ္စရေးစစ်တပ်က ကြားဝင်တိုက်ခိုက်မယ်လို့ ကာကွယ်ရေးဝန်ကြီးက သတိပေးပြောဆိုပါတယ်။

အစ္စေရေးမြောက်ပိုင်းက အခြေအနေတွေကို ပြောင်းလဲဖို့ တိုက်တွန်းကြောင်းနဲ့ သံတမန်နည်းအရ ဖြေရှင်းဖို့ အချိန်ကုန်နေပြီလို့ ဘန်နီဂန့်စ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အစ္စရေးကို အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုပြီးနောက် လက်ဘနွန်အခြေစိုက် ဟဇ်ဘိုဘာအဖွဲ့နဲ့ အစ္စရေးစစ်တပ်တို့အကြား နယ်စပ်ဖြတ်ကျော် အပြန်အလှန်ပစ်ခတ်မှုတွေ ပိုမိုပြင်းထန်လာပါတယ်။

သံတမန်နည်းအရ ဖြေရှင်းဖို့အချိန်တွေ ကုန်သွားပြီဖြစ်ပြီး ကမ္ဘာကြီးနဲ့ လက်ဘနွန်အစိုးရက အစ္စရေးမြောက်ပိုင်း ဒေသခံတွေကို ပစ်ခတ်နေတာကို မတားဆီးနိုင်ရင် ဟဇ်ဘိုလာတွေကို နယ်စပ်မှမရှိအောင် တိုက်ထုတ်သွားမယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး ပြောဆိုပါတယ်။

Ref:BBC

Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW