တောင်ကိုရီးယား အတိုက်အခံခေါင်းဆောင် လီဂျေးမြောင် သတင်းစာရှင်းလင်းပွဲမှာ လည်ပင်းကို ဓါးထိုးခံရ

 

ဆိုးလ်၊ ဇန်နဝါရီ-၂-၂၀၂၄

မျိုးဆက်(VOM)

တောင်ကိုရီးယားအတိုက်အခံခေါင်ဆောင် လီဂျေးမြောင်ဟာ ဘူဆန်မြို့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်နေချိန်မှာ ဓါးထိုးခံခဲ့ရကြောင်း သိရပါတယ်။

၂၀၂၂ ခုနှစ်သမ္မတရွေးကောက်ပွဲမှာ မဲရလဒ်ကျဉ်းမြောင်းစွာနဲ့ ရှုံးနိမ့်ခဲ့တဲ့ အတိုက်အခံခေါင်ဆောင်လီဂျေးမြောင်ဟာ ဇန်နဝါရီ ၂ ရက်က ဓါးထိုးခံခဲ့ရတဲ့ဖြစ်စဉ်ကြောင့် လည်ပင်းဘယ်ဘက်ခြမ်းမှာ ဒဏ်ရာရရှိသွားခဲ့ပါတယ်။

မစ္စတာလီဟာ တိုက်ခိုက်ခံရမှုကြောင့် ၁ စင်တီမီတာ ပြတ်ရှခဲ့ပြီး သတိလစ်သွားခဲ့ပြီး ဆေးရုံး၌ကုသမှုခံယူခဲ့ရကာ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။

ကျူးလွန်ခဲ့သူ အသက် ၅၀ ကျော်အမျိုးသားဟာ မစ္စတာလီထံအနေဖြင့် အမှတ်တရလက်မှတ်ရေးထိုးပေးဖို့ ချဉ်းကပ်လာပြီးနောက် ရုတ်တရက် ဓါးဖြင့် ထိုးခဲ့တာဖြစ်ပြီး သူ့ကို အခင်းဖြစ်ရာနေရာမှာ ချက်ချင်းဖမ်းဆီးနိုင်ခဲ့ပါတယ်။

အသက် ၅၉ နှစ်အရွယ် မစ္စတာလီဟာ ကိုရီးယားဒီမိုကရက်တစ်ပါတီကို ဦးဆောင်နေသူဖြစ်ပြီး လက်ရှိလွှတ်တော်ကအမတ်မဟုတ်ပေမယ့် ၂၀၂၄ ခုနှစ်ရွေးကောက်ပွဲမှာ အမတ်နေရာအတွက် ရွေးချယ်ခံမယ်လို့ ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ထားပါတယ်။

သူဟာ လက်ရှိသမ္မတ ယွန်းဆွတ်ခ်ယိုးလ်ကို ၂၀၂၂ ခုနှစ်သမ္မတရွေးကောက်ပွဲမှာ မဲအရေအတွက် သုည ဒသမ ၇၃ ရာခိုင်နှုန်းနဲ့ ကျဉ်းမြောင်းစွာ ရှုံးနိမ့်ခဲ့သူဖြစ်ပြီး ၂၀၂၇ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖွယ်ရှိနေပါတယ်။

Ref:BBC

Photo:Reuters

 

Related posts

Leave a Comment

VOM News

FREE
VIEW