အီရန်တပ်မှူးရဲ့ အုတ်ဂူအနီး ဗုံးပေါက်ကွဲမှုကြောင့် လူ ၉၅ ယောက်သေဆုံး

 

တီဟီရန်၊ ဇန်နဝါရီ-၄-၂၀၂၄

မျိုးဆက်(VOM)

လွန်ခဲ့တဲ့ လေးနှစ်က အမေရိကန်ရဲ့ မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ အီရန်တော်လှန်ရေးအစောင့်တပ်မှူး ကာဆမ်ဆိုလိုင်မာနီရဲ့ အုတ်ဂူအနီးမှာ ပေါက်ကွဲမှုနှစ်ခုဖြစ်ပွားမှုကြောင့် လူ ၉၅ ယောက် ထက်မနည်း သေဆုံးခဲ့တယ်လို့ အီရန်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။

သူသေဆုံးမှုနှစ်ပတ်လည်အခမ်းအနားနဲ့ ဂုဏ်ပြုဖို့အတွက် ကာမန်မြို့ ဆာဟတ်အယ်လ်ဇာမန် ဗလီအနီးမှာ လူတွေ ရာနဲ့ချီတဲ့လူတွေ အုတ်ဂူကို လာရောက်ချိန်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဒါဟာ အီရန်မှာ ၄၂ နှစ်အတွင်း လူအသေအပျောက်အများဆုံး လူအသေအပျောက်အများဆုံး တိုက်ခိုက်မှုဖြစ်ပြီး ဘယ်အဖွဲ့ရဲ့ လက်ချက်ဆိုတာ ရှင်းလင်းစွာမသိရသေးပါဘူး။

အီရန်ဘာသာရေးခေါင်ဆောင် ခါမေနီကတော့ ဒီတိုက်ခိုက်မှုကို ရှုတ်ချလိုက်ပြီး ပြင်းထန်တဲ့ လက်တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရမယ်လို့ သတိပေးထားပါတယ်။

ဒီတိုက်ခိုက်မှုဟာ မကြာသေးမီနှစ်တွေအတွင်း အီရန်မှာ အရပ်သားနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တဲ့ အိုင်အက်စ်အဖွဲ့နဲ့ ဆွန်နီဂျီဟတ်အဖွဲ့တွေရဲ့ လက်ချက်လို့ ယူဆရပါတယ်။

ဗိုလ်ချုပ်ကြီး ဆိုလိုင်မာနီဟာ ၂၀၂၀ ခုနှစ်အတွင်းက အီရတ်မှာ အမေရိကန်ရဲ့ မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှုအတွင်း အသတ်မခံရမီ အီရန်ဘာသာရေးခေါင်းဆောင် ခါမေနီပြီးရင် သြဇာအရှိဆုံးလို့ ရှုမြင်ခဲ့ကြပါတယ်။

လက်ဘနွန်မှာ အစ္စရေးရဲ့ မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှုအတွင်း အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ဟားမတ်စ်အဖွဲ့ လက်ထောက်ခေါင်းဆောင်သေဆုံးပြီးနောက် ဒေသတွင်းတင်းမာမှုတွေ မြင့်တက်နေချိန်မှာ အခုဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

Ref:BBC

Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW