ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲ မတိုင်ခင်မှာ ဘုန်းကြီးကျောင်းတကျောင်းအပါအဝင် မဲရုံ ၁၄ ရုံ မီးရှို့ခံရ

 

ဒါကာ၊ ဇန်နဝါရီ-၇-၂၀၂၄

မျိုးဆက်(VOM)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင်တရက်အလိုမှာ မြို့တော်ဒါကာမှာ မဲရုံ ၁၄ ရုံ မီးရှို့ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ကလည်း လူအပြည့်တင်လာတဲ့ ရထားတစင်း မီးရှို့ခံရမှုကြောင့် လူလေးယောက်သေဆုံးခဲ့ပါတယ်။ ဝန်ကြီးချုပ် ရှိတ်ဟာစီနား ဝန်ကြီးချုပ်အဖြစ် လေးကြိမ်မြောက်အရွေးချယ်ခံဖွယ်ရှိတဲ့ ရွေးကောက်ပွဲကို အတိုက်အခံတွေကတော့ သပိတ်မှောက်နေပါတယ်။

ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ (ဘီအင်န်ပီ)မှ ထင်ရှားတဲ့အတိုက်အခံနိုင်ငံရေးသမား နာဘူလာနာဘီနဲ့ အခြားသော ပါတီတက်ကြွလှုပ်ရှားသူခြောက်ယောက်ကို ဒါကာမြို့လယ်မှာ ရထားမီးလောင်မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

ရွေးကောက်ပွဲမဲပေးမှုမတိုင်ခင်မှာ စစ်တကောင်းမြို့အရှေ့တောင်ပိုင်းရှိ ဘုန်းတော်ကြီးကျောင်းတကျောင်း မီးရှို့ခံခဲ့ရကြောင်း ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားထားပါတယ်။ ဘီအင်န်ပီပါတီကတော့ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့နဲ့ နိုင်ငံတဝန်းမှာ နှစ်ရက်ကြာ ဆန္ဒပြကြဖို့ မဲဆန္ဒရှင်တွေကို တောင်းဆိုထားပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေဟာ အပြစ်မဲ့ပြည်သူတွေကို အကြောက်တရားဖုံးလွှမ်းစေကာ ရွေးကောက်ပွဲကို နှောက်ယှက်တဲ့ လုပ်ရပ်ဖြစ်ကြောင်း အာဏာရ အဝါမီအဖွဲ့ချုပ်ပါတီက ပြောဆိုထားပါတယ်။

Ref:BBC

Photo:Dhaka Tribune

 

Related posts

Leave a Comment

VOM News

FREE
VIEW