ထိုင်ဝမ်ရွေးကောက်ပွဲကို ပြည်ပက ဝင်မစွက်ဖို့ အမေရိကန် သတိပေး

တိုင်ပေ၊ ဇန်နဝါရီ-၁၁-၂၀၂၃
မျိုးဆက်(VOM)

တရုတ်နိုင်ငံက ရွေးကောက်ပွဲဝင်ရောက်စွက်ဖက်နိုင်ခြေတွေကို သတိပေးမှုအဖြစ် ထိုင်ဝမ်သမ္မတရွေးကောက်ပွဲနဲ့ ပါလီမန်ရွေးကောက်ပွဲတွေမှာ ဝင်ရောက်စွက်ဖက်မှုမှန်သမျှကို ဆန့်ကျင်ကြောင်း အမေရိကန်က သတိပေးပြောဆိုလိုက်ပါတယ်။

ဇန်နဝါရီ ၁၃ ရက်မှာ ကျင်းပမယ့် ထိုင်ဝမ်သမ္မတရွေးကောက်ပွဲဟာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတရှီကျင်းပင်တို့ ပြီးခဲ့တဲ့ နိုဝင်ဘာလက ကယ်လီဖိုးနီးယားမှာ တွေ့ဆုံခဲ့ပြီး စစ်ဖက်ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့ သဘောတူခဲ့ကာ နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ချောမွေ့နေချိန်ဖြစ်ပါတယ်။

ထိုင်ဝမ်ရွေးကောက်ပွဲကို ပြင်ပက ဝင်ရောက်စွက်ဖက်မှု ဒါမှမဟုတ် သြဇာလွှမ်းမိုးမှုမှန်သမျှကို ဆန့်ကျင်ကြောင်း ၊ ဘယ်သူရွေးချယ်ခံရတယ်ဖြစ်စေ ထိုင်ဝမ်နဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ မူဝါဒဟာ ခိုင်မာနေကြောင်း အမည်မဖော်လိုတဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူတယောက်က ပြောပါတယ်။

အမေရိကန်ဟာ ထိုင်ဝမ်နဲ့ တရားဝင်ဆက်ဆံရေး အားနည်းပေမယ့်လည်း ထိုင်ဝမ်အတွက် အရေးပါတဲ့ နိုင်ငံတကာ ထောက်ခံသူနဲ့ လက်နက်ရောင်းချပေးတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားပြီး ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ပါက စစ်ရေးအင်အား အသုံးပြုမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: Reuters
Photo: Reuters

Related posts

Leave a Comment

VOM News

FREE
VIEW