ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၁ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၄၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၈၂၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၂၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ပြင်သစ် လယ်သမားဆန္ဒပြပွဲ လူ ၁၀၀ နီးပါး အဖမ်းခံရ

ပါရီ၊ ဖေဖော်ရီ-၁-၂၀၂၄ မျိုးဆက်(VOM) ပြင်သစ်နိုင်ငံ ပါရီမြို့မှာ စြဖ်ပွားနေတဲ့ လယ်သမားတွေရဲ့ ဆန္ဒပြမှုတွေကြောင့် တင်းမာမှုတွေ မြင့်တက်နေစဉ်တွင် ပါရီမြို့ပြင်ရှိ စားသောက်ကုန်ဈေးတခုမှာ ဆန္ဒပြမှုတွေကြောင့် လယ်သမား ၁၀၀ နီးပါး အဖမ်းခံခဲ့ရပါတယ်။ လူ ၁၂ သန်းအတွက် စားသောက်ကုန်ဖြန့်ဖြူးတဲ့ အချက်အခြာနေရာဖြစ်တဲ့ ရမ်ဂစ်မှာ လယ်သမားတွေရဲ့ ပိတ်ဆို့ဆန္ဒြ့ပမှုတွေဟာ လက်ခံနိုင်ဖွယ်မရှိကြောင်း အာဏာပိုင်တွေက သတိပေးထားပါတယ်။ ဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး လယ်သမား ၉၁ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ လယ်သမားတွေဟာ ပိုမိုကောင်းမွန်တဲ့ လယ်ယာထွက်ကုန်ရောင်းဝယ်မှုအခြေအနေ၊ ကြိုးနီးစနစ်လျှော့ချဖို့တွေကို တောင်းဆိုနေကြပြီး စူပါမားကတ်တွေကို စားသောက်ကုန်တွေ ပို့ဆောင်တာကို ရပ်တန့်နိုင်ဖို့ ပိတ်ဆို့ ကြိုးပမ်းနေကြပါတယ်။ ပါရီမြို့တောင်ဘက်စွန်းတွင်ရိ ရမ်ဂစ်ဟာ ပါရီမြို့ရဲ့ဝမ်းစာနေရာလို့ လူသိများပြီး နေ့စဉ်စားသုံး လတ်ဆတ်တဲ့ငါးတွေ၊ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ အသားတွေကို ဖြန့်ဖြူးပေးနေပြီး ကမ္ဘာ့ပေါ်မှာ ဒုတိယမြောက် စားသောက်ကုန်ဈေးကြီးဖြစ်ပါတယ်။…

Read More

မြောက်ဥက္ကလာ လျှပ်စစ်မန်နေဂျာရုံး မိုင်းသုံးလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရ

ဖေဖော်ဝါရီ ၁ – ၂၀၂၄ SN (VOM) မနေ့ ဇန်နဝါရီလ ၃၁ ရက်၊ ည ၈ နာရီ မိနစ် ၂၀ ဝန်းကျင်က ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ လျှပ်စစ်မန်နေဂျာရုံး မိုင်းသုံးလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ရပ်ကွက်နေ ပြည်သူတွေဆီက သိရပါတယ်။ “အဲ့ဒီ့နေရာမှာ လုံခြုံရေးတပ်တွေ တပ်စွဲထားတာ။ အသံ‌တော်တော်ကျယ်တယ်။ နောက်ဆုံးတချက် ကြားလိုက်တာက ည ၁၀ နာရီ ထိုးခါနီးလောက်မှာ။ သူတို့ဘက်က နှစ်ယောက်ထိတယ်ကြားတယ်။ ‌ဒဏ်ရာပြင်းလား မပြင်းလားတော့ မသိဘူး” လို့ ရပ်ကွက်နေ ပြည်သူတယောက်က ပြောပါတယ်။ အဲ့ဒီ့ ပေါက်ကွဲမှုဖြစ်စဉ်အပြီး နစက လုံခြုံရေးတပ်တွေက မြောက်ဥက္ကလာအဝိုင်း၊ ရွှေပေါက္ကံမီးပွိုင့်နဲ့ ကြိုးတံတားအဆင်း၊ သုနန္ဒာလမ်းမ မီးပွိုင့်မှာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၄…

Read More

ရွှေဘိုမြို့နယ်မှာ လူငယ်လေးယောက် ပစ်သတ်ဖမ်းဆီးခံရ

ဖေဖော်ဝါရီ ၊ ၁ ၊ ၂၀၂၄ SP ( VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ် ၊ ဇီးဖြူကုန်ကျေးရွာနားမှာ ဒီကနေ့မနက်ပိုင်းက နယ်မြေရှင်းလင်းတဲ့ နစကတပ်ဖွဲ့က လူငယ်လေးယောက်ကို ပစ်သတ်ဖမ်းဆီးသွားတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ရွာနားမှာ ပစ်ခတ်မှုတွေဖြစ်တယ် ၊ အချိန်သိပ်မကြာလိုက်ဘူး ၊ ရွာခံမဟုတ်တဲ့ လူငယ်လေးယောက် ပစ်သတ်ဖမ်းဆီးခံရတယ် ၊ နောက်ပြီး သေဆုံးသူတွေဆီက လက်နက်ခဲယမ်းတွေ သိမ်းသွားတယ်လို့ ကြားရတယ် ၊ ဘာလက်နက်တွေဆိုတာတော့ မသိရသေးဘူး ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ရွှေဘိုခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ရွှေဘိုလမ်းကြောင်းမှာ လက်လုပ်မိုင်းတွေ ပေါက်ကွဲတာကြောင့် လုံခြုံရေးအဖွဲ့တွေက နယ်မြေရှင်းလင်းရေး လုပ်တယ် ၊ ဒီမနက်တော့…

Read More

မတ်ပဲဈေး စံချိန်တင်မြင့်တက်နေသလို ပဲစဉ်းငုံနီဈေးလည်း ဆက်တိုက်မြင့်တက်လာ

  ရန်ကုန်၊ ဖေဖော်ဝါရီ ၁- ၂၀၂၄ GG (VOM) ပြည်တွင်းပဲမျိုးစုံဈေးကွက်မှာ မတ်ပဲက စံချိန်တင်နူန်းအထိ မြင့်တက်လာသလို ပဲစဉ်းငုံနီလည်း ဈေးတွေဆက်တိုက် မြင့်တက်လာနေတယ်လို့ ကုန်စည်ဒိုင်တွေက သိရပါတယ်။ မတ်ပဲနဲ့ ပဲစဉ်းငုံနီ နှစ်မျိူးလုံးကို အိန္ဒိယက သူတို့နိုင်ငံရဲ့ စားနပ်ရိက္ခာလိုအပ်ချက်ကြောင့် မြန်မာကနေ ပဲတန်ချိန်အများအပြားဝယ်ယူဖို့ရှိတဲ့အပြင် အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့ခွင့်ကိုပါ လာမယ့် ၂၀၂၅ ခုနှစ် မတ်လ အထိသက်တမ်းထပ်မံတိုးမြှင့်ပေးလိုက်လို့ မတ်ပဲရော ပဲစဉ်းငုံနီဈေးက ဆက်တိုက်မြင့်တက်လာနေတာဖြစ်တယ်လို့သိရပါတယ်။ ” အိန္ဒိယက ခုနှစ် ပဲအထွက်တွေလျော့တယ်၊ပဲစဉ်းငုံလည်း သိပ်မထွက်ဘူး၊မတ်ပဲလည်းလျော့တယ်ဆိုတော့ မြန်မာကနေပဲအများအပြားဝယ်ယူမယ့်အခြေအနေရှိတယ်၊ဒါကြောင့်သျေးတွေတက်နေတာပေါ့။ အိန္ဒိယက သူ့လိုအပ်ချက်ရှိရင်ဈေးမြင့်ပေးပြီးလည်းဝယ်တယ်။သူ့လိုအပ်ချက်ပြည့်သွားရင်တော့ အဝယ်ကိုရပ်တာမျိုးရှိတယ်။ဒါကြောင့် ပဲဈေးက အချိန်တခုထိတက်နေမယ်၊မတ်လကုန်လောက်အထိ တက်နေမယ်လို့တော့ ခန့်မှန်းရတယ် ” လို့ ပဲကုန်သည်ကြီး တယောက်ကသုံးသပ်ပြောပါတယ်။ လက်ရှိမှာ မတ်ပဲဈေးက ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ တတန်ကို ၃၂၈၅၀၀၀ ကျပ်အထိစံချိန်တင်မြင့်တက်လာပြီး ဟင်္သါတ ၊ပဲခူးတိုင်း…

Read More

ကိုဗစ်-၁၉ ရန်ပုံငွေ မှ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများပြန်လည်ပေးဆပ်ရမည့်ကာလအား သက်တမ်း ၁ နှစ် ထပ်မံ တိုးမြှင့်ပေးကြောင်း အသိပေးကြေညာခြင်း

ကိုဗစ်-၁၉ ရန်ပုံငွေ မှ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများပြန်လည်ပေးဆပ်ရမည့်ကာလအား သက်တမ်း ၁ နှစ် ထပ်မံ တိုးမြှင့်ပေးကြောင်း အသိပေးကြေညာခြင်း

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဖေဖော်ဝါရီ- ၁ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၅၀ ကျပ် ဝယ်ဈေး – ၃၅၀၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၄၀ ကျပ် ဝယ်ဈေး – ၂၅၉၀ ကျပ် -ယူရို ရောင်းဈေး – ၃၈၆၅ ကျပ် ဝယ်ဈေး – ၃၇၈၉ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၀.၅၀ ကျပ် ဝယ်ဈေး – ၉၈.၅၂ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၅ ကျပ် ဝယ်ဈေး – ၇၄၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၆ ကျပ် ဝယ်ဈေး – ၄၈၆ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ- ၁ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၈၃၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၃၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ထိုင်း ရွေးကောက်ပွဲအနိုင်ရ ရှေ့သို့ပါတီ ဖျက်သိမ်းဖို့ ဖိအားတွေရှိလာနိုင်

ဘန်ကောက်၊ ဖေဖော်ဝါရီ-၁-၂၀၂၄ မျိုးဆက်(VOM) ပြီးခဲ့တဲ့နှစ် ထိုင်းနိုင်ငံ ရွေးကောက်ပွဲမှာ ထောက်ခံမဲအများဆုံးနဲ့ အနိုင်ရရှိခဲ့တဲ့ ရှေ့သို့ပါတီရဲ့ အဓိကမူဝါဒတွေဟာ တရားမဝင်ဘူးလို့ ထိုင်းတရားရုံးက ဆုံးဖြတ်ခဲ့တာကြောင့် ပါတီကို ဖျက်သိမ်းဖို့ ဖိအားတွေ ရှိလာနိုင်ပါတယ်။ ရှေ့သို့ပါတီဟာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုတွေအတွင်း ထိုင်းဘုရင်စနစ်ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး စည်းရုံးမှုတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တာဖြစ်ကြောင်း ထိုင်းတရားရုံးက တွေ့ရှိခဲ့တာဖြစ်ပါတယ်။ နိုင်ငံရေးဝေဖန်မှုတွေကို ဟန့်တားဖို့ တော်၀င်မိသားစုကို အသရေဖျက်မှုဥပဒေနဲ့ အသုံးပြုဖိနှိပ်နေတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ပါတီဖျက်သိမ်းခြင်းနဲ့အတူ ပါတီခေါင်းဆောင် ပီတာလည်း နိုင်ငံရေးကနေ ပိတ်ပင်ခံရနိုင်ပါတယ်။ ဟားဗက်တက္ကသိုလ်ကျောင်းဆင်းဖြစ်သူ ပီတာဟာ ထိုင်းဘုရင်စနစ်နဲ့ စစ်တပ်နဲ့ဆက်နွယ်နေတဲ့ အထက်တန်းစားတွေအတွက် ခြိမ်းခြောက်မှုတခုအဖြစ် ရှုမြင်ခံရပြီးနောက် ဝန်ကြီးချုပ်ဖြစ်ခွင့်ကို လွှတ်တော်မှာ ပိတ်ဆို့ခံခဲ့ရပါတယ်။ သူဟာ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ တားမြစ်နိုင်တဲ့ စီရင်ချက်တခုကနေ ပြီးခဲ့တဲ့သီတင်းပတ်က လွတ်မြောက်ခဲ့ပေမယ့် ပါတီနဲ့ပတ်သက်တဲ့ တရားရင်ဆိုင်မှုကတော့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ Ref:BBC Photo:AP

Read More
VOM News

FREE
VIEW