တက္ကဆက် ပြည်နယ်သမိုင်းမှာ ဒုတိယအပြင်းထန်ဆုံး တောမီးလောင်ကျွမ်းမှုနဲ့ ရင်ဆိုင်နေရ

  ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂၉-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်နိုင်ငံတက္ကဆက်ပြည်နယ်မှာ လျှင်မြန်စွာကူးစက်လောင်ကျွမ်းနေတဲ့ တောမီးကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။ တောမီးလောင်ကျွမ်းမှုဟာ တက္ကဆက်ပြည်နယ်သမိုင်းမှာ ဒုတိယအပြင်းထန်ဆုံး တောမီးအကြီးအကျယ် လောင်မှုဖြစ်ပြီး အေမာရီလိုမြို့မြောက်ဘက်မှာ ဧကငါးသိန်းထိတောမီလောင်ကျွမ်းခဲ့ပြီးဖြစ်ပါတယ်။ တောမီးကြောင့် ပြည်နယ်အတွင်းရှိလူနေအိမ်နဲ့ စီးပွားရေးလုပ်ငန်းတွေ လျှပ်စစ်ဓါတ်အား ပြတ်တောက်နေပြီး နျူကလီးယားလက်နက်စက်ရုံ တရုံကိုလည်း လုပ်ငန်းများခေတ္တရပ်နားထားရပါတယ်။ မြက်ခြောက်တွေ၊ အပူချိန်မြင့်မားမှုနဲ့ လေပြင်းတိုက်ခိုက်မှုတွေက တောမီးလောင်မှုကို ပိုမိုဆိုးရွားစေပါတယ်။ တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရက်အက်ဘော့က ခရိုင် ၆၀ မှာ သဘာဝဘေးအန္တရာယ် သတိပေးချက် ထုတ်ပြန်ထားပါတယ်။ တောမီးကို ငြှိမ်းသတ်ဖို့ မီးသတ်သမားရာပေါင်းများစွာဖြန့်ကြက်ထားပါတယ်။ တောမီးဟာ လက်ရှိမှာတော့ မြေဧကသန်းတဝက်ထိလောင်ကျွမ်းခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ ပြည်နယ်အတွင်း ဧကကိုးသိန်းကျော် လောင်ကျွမ်းခဲ့တဲ့ တောမီးပြီးရင် ဒုတိယအကြီးဆုံးတောမီးဖြစ်ပါတယ်။ Ref:BBC Photo:AFP

Read More

စစ်တွေမြို့မဈေးထဲ လက်နက်ကြီးကျလို့ ၁၂ ယောက်ထက်မနည်း သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိ

  ဖေဖော်ဝါရီ ၂၉ – ၂၀၂၄ SN (VOM) ရခိုင်ပြည်နယ်က စစ်တွေမြို့မဈေးကြီးထဲကို ဒီကနေ့ ဖေဖော်ဝါရီ ၂၉ ရက်၊ မနက် ၈ နာရီခွဲအချိန်ဝန်းကျင်က လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် အရပ်သား ၁၂ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး အယောက် ၃၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ လက်နက်ကြီးကျည်တလုံးဟာ မြို့မဈေးကြီးအနီး၊ ကိုးရီးယားဆိပ်ကမ်းပျံကျဈေး၊ ရန်ပြေမာန်ပြေဘုရား နောက်ဘက်ရှိ ဦးမောင်မောင်သန်းပွဲရုံမှာ ကျရောက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ “မနက်ပိုင်း ဈေးချိန်ဆိုတော့ ဈေးမှာ လူတွေက အများကြီးပဲ။ ဒီအချိန်ကြီးမှာမှ လုပ်ရက်တယ်။ ဒီလို ဖြစ်ရတယ်လို့။ လက်နက်ကြီး ကျလာတာမြင်လို့ ပြေးကြပေမယ့် မလွတ်တာက များတယ်။ သေတဲ့သူတွေလည်း သေသလို ဒဏ်ရာ ရတဲ့သူတွေကလည်း အရေးပေါ် ဆေးကုသမှု ခံယူနေရတယ်” လို့ ဒေသခံတယောက်က…

Read More

ပျောက်ဆုံးနေဆဲ မြန်မာ့သတင်း လွတ်လပ်ခွင့်

  ဖေဖော်ဝါရီ-၂၉-၂၀၂၄ SN (VOM) မြန်မာနိုင်ငံမှာ သတင်းစာလွတ်လပ်ခွင့်နဲ့ သတင်းတွေ သိရှိပိုင်ခွင့်အခြေအနေဟာ လက်ရှိအချိန်အထိ ရုန်းကန် တိုက်ပွဲဝင်နေရဆဲ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကစလို့ မြန်မာနိုင်ငံမှာ ပြည်တွင်းသတင်းမီဒီယာ လွတ်လပ်ခွင့်ဟာ တစထက်တစ ကျဆင်း ယိုယွင်းလာခဲ့တယ်လို့ အကဲခတ်တွေက ထောက်ပြထားပြီး သတင်းမီဒီယာသမားတွေ အနေနဲ့ သတင်းရယူ ရေးသားဖော်ပြရာမှာ မတရားဖမ်းဆီးချုပ်နှောင်ခံရမှုတွေ၊ အကြမ်းဖက် ခံရမှုတွေလည်း ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကစလို့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ သုံးနှစ်တာကာလအတွင်း သတင်းမီဒီယာတွေ ပြင်းပြင်းထန်ထန် ဖိနှိပ်ခံနေရပြီး သတင်းသမားတွေရဲ့ အသက်ရှင်သန် ရပ်တည်ရေးနဲ့ သတင်းရေးသားမှုပိုင်းတွေမှာ အခက်အခဲတွေ တိုးလာနေတယ်လို့ သတင်းသမားတွေက ပြောပါတယ်။ အထူးသဖြင့် ပြည်တွင်းမှာနေပြီး သတင်းရေးသားတင်ဆက်နေတဲ့ သတင်းသမားတွေက ပိုပြီးတော့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေကြရတာပါ။ “မြန်မာနိုင်ငံ…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဖေဖော်ဝါရီ- ၂၉ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၆၃၀ ကျပ် ဝယ်ဈေး – ၃၅၈၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၆၀ ကျပ် ဝယ်ဈေး – ၂၆၁၀ ကျပ် -ယူရို ရောင်းဈေး – ၃၈၈၅ ကျပ် ဝယ်ဈေး – ၃၈၀၇ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၁.၀၀ ကျပ် ဝယ်ဈေး – ၉၉.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၆၇ ကျပ် ဝယ်ဈေး – ၇၅၇ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၈ ကျပ် ဝယ်ဈေး – ၄၈၈ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၂၉ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၅ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၉၂၀၀၀၀ ကျပ် ဝယ်ဈေး ၃၈၈၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၇၂၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၈၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

တောင်ကိုရီးယားက ဆန္ဒပြဆရာဝန်တွေ အလုပ်ပြန်မဝင်ရင် ဖမ်းမယ်လို့ အစိုးရ သတိပေး

  ဆိုးလ်၊ ဖေဖော်ဝါရီ-၂၉-၂၀၂၄ မျိုးဆက်(VOM) တောင်ကိုရီးယားမှာ ဆန္ဒပြနေတဲ့ ထောင်နဲ့ချီတဲ့ အငယ်တန်းဆရာဝန်တွေအနေနဲ့ ဒီနေ့ ဖေဖော်ဝါရီ ၂၉ ရက်မှာ အလုပ်ပြန်မဝင်ဘူးဆိုရင် သူတို့ကိုဖမ်းဆီးပြီး ဆေးကုသခွင့်လိုင်စင်တွေ ရုပ်သိမ်းသွားမယ်လို့ တောင်ကိုရီးယားအစိုးရက သတိပေးလိုက်ပါတယ်။ နိုင်ငံရှိ အငယ်တန်းဆရာဝန်တွေရဲ့ လေးပုံသုံးပုံဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး အလုပ်ကနေ နှုတ်ထွက်စာတင်ခဲ့ကြပြီး အဓိကသင်ကြားရေးဆေးရုံတွေမှာ ခွဲစိတ်မှုတွေ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဆရာဝန်အရေအတွက် မြှင့်တက်လာစေဖို့ ဆေးတက္ကသိုလ်ဝင်ခွင့်ကို ပိုမိုပေးမယ့် အစိုးရရဲ့ အစီအစဉ်အပေါ် ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ အစိုးရက လာမယ့်နှစ်ဆေးတက္ကသိုလ်ဝင်ခွင့်ကို ဆေးကျောင်းသား သုံးထောင်ကနေ ငါးထောင်ထိ တိုးဖို့ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီအစီအစဉ်ဟာ ဆရာဝန်အဖြစ် အရည်အချင်းပြည့်မီထူးချွှန်ရေးနဲ့ ကျန်းမာရေးစောက်ရှောက်မှုမှာ အရည်အသွေးကျဆင်းမှာကို ဆရာဝန်အသိုင်းအဝိုင်းမှာ ငြင်းခုံမှုတွေရှိနေပါတယ်။ တောင်ကိုရီးယားဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေထဲမှာ လူနာနဲ့ဆရာဝန်အချိုး အနိမ့်ဆုံးဖြစ်ပြီး သက်ကြီးရွယ်အိုတွေ အလျင်အမြန်တိုးပွားလာမှုနဲ့အတူ ဆယ်စုနှစ်တခုအတွင်း ဆရာဝန်နည်းပါးမှုနဲ့ ရင်ဆိုင်နေရတယ်လို့…

Read More

This Day In History

Voice of Myanmar ယူဂိုဆလားဗီးယား နောက်ဆုံးတွင် ပြိုကွဲခြင်းကို ဦးတည်သွားစေခဲ့သည့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲများနှင့် လူမျိုးရေးတင်းမာမှုများပြီးနောက် ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားတို့သည် လွတ်လပ်ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်၌ စတင်ကျင်းပခဲ့သည်။

Read More

ဝိုင်းမော်မြို့မရဲစခန်းက အချုပ်ကား မိုင်းခွဲတိုက်ခိုက်ခံရပြီး ၊ ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရ

ဖေဖော်ဝါရီ ၊ ၂၉ ၊ ၂၀၂၄ SP(VOM) ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့နယ်နဲ့ ဝိုင်းမော်မြို့နယ်အကြား နောင်တာလောကျေးရွာ နားမှာ မနေ့ ဖေဖော်ဝါရီ ၂၈ ရက် ညနေပိုင်း ၃ နာရီဝန်းကျင်က ဝိုင်းမော်မြို့မရဲစခန်းက အချုပ်ကား တစီး မိုင်းခွဲတိုက်ခိုက်ခံရပြီး ကားပေါ်မှာ လိုက်ပါလာတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကချင်ပြည်နယ်ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ” အဲ့ဒီ ရဲအချုပ်ကားက ဝိုင်းမော်မြို့ရဲစခန်းက အချုပ်သားတချို့ကို မြစ်ကြီးနားမြို့ကို ပို့ဆောင်ပေးခဲ့ပြီး ဝိုင်းမော်မြို့ဘက်ကို ပြန်အလာ ၊ နောင်တာလောကျေးရွာနားမှာ မိုင်းခွဲတိုက်ခိုက်ခံရတာ ၊ အဲ့ဒီ တိုက်ခိုက်မှုကြောင့် အချုပ်ကား ထိခိုက်ပျက်စီးပြီး ရဲတပ်ကြပ်တယောက် ပြင်းထန်ဒဏ်ရာရသွားတယ် ၊ အခု အဲ့ဒီ ဒဏ်ရာရ တပ်ဖွဲ့ဝင်က မြစ်ကြီးနား စစ်ဆေးရုံမှာ အရေးပေါ်…

Read More

ဝိုင်းမော်မြို့မရဲစခန်းက အချုပ်ကား မိုင်းခွဲတိုက်ခိုက်ခံရပြီး ၊ ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရ

ဖေဖော်ဝါရီ ၊ ၂၉ ၊ ၂၀၂၄ SP(VOM) ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့နယ်နဲ့ ဝိုင်းမော်မြို့နယ်အကြား နောင်တာလောကျေးရွာ နားမှာ မနေ့ ဖေဖော်ဝါရီ ၂၈ ရက် ညနေပိုင်း ၃ နာရီဝန်းကျင်က ဝိုင်းမော်မြို့မရဲစခန်းက အချုပ်ကား တစီး မိုင်းခွဲတိုက်ခိုက်ခံရပြီး ကားပေါ်မှာ လိုက်ပါလာတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကချင်ပြည်နယ်ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ” အဲ့ဒီ ရဲအချုပ်ကားက ဝိုင်းမော်မြို့ရဲစခန်းက အချုပ်သားတချို့ကို မြစ်ကြီးနားမြို့ကို ပို့ဆောင်ပေးခဲ့ပြီး ဝိုင်းမော်မြို့ဘက်ကို ပြန်အလာ ၊ နောင်တာလောကျေးရွာနားမှာ မိုင်းခွဲတိုက်ခိုက်ခံရတာ ၊ အဲ့ဒီ တိုက်ခိုက်မှုကြောင့် အချုပ်ကား ထိခိုက်ပျက်စီးပြီး ရဲတပ်ကြပ်တယောက် ပြင်းထန်ဒဏ်ရာရသွားတယ် ၊ အခု အဲ့ဒီ ဒဏ်ရာရ တပ်ဖွဲ့ဝင်က မြစ်ကြီးနား စစ်ဆေးရုံမှာ အရေးပေါ်…

Read More

ပန်းမြိုင်လယ်မှ အစ

    ဆူးငှက်   ကျွန်တော် “ပန်မြိုင်လယ်”ကို တော်တော် စွဲလန်းခဲ့ပါတယ်။ တကယ်တမ်း “ပန်မြိုင်လယ်”ကို နှစ်ခြိုက် စွဲလန်းခဲ့ပေမယ့်လည်း “ပန်မြိုင်လယ်”ကို ဂဏသေချာစွာ ကျွန်တော်မသိရိုးအမှန်ပါ။ ရွာစားစိန်ချစ်တီး ဆိုင်းဝိုင်းထဲက ဦးပြေဟန်နှင့် ဦးစပယ်ရှယ်ပြောသလို “ပန်မြိုင်လယ်ဆိုတာ ကိုဖိုးခ လယ်နဲ့ ကန်သင်းချင်းယှဉ်နေတဲ့ လယ် ပေါ့”ဆိုတဲ့ ပြက်လုံးထဲကလိုပင် မတွေးမိခဲ့။ကျွန်တော် စာအုပ်အငှားဆိုင်လေး ဖွင့်မှာမို့ ဆိုင်နာမည် ဆိုင်းဘုတ်လေးကို အဲဒီအချိန်က ခေတ်စားနေတဲ့ ရောင်စုံစတစ်ကာပလတ်စတစ် အစိမ်းရောင်လေး စာလုံးလှီးပြီး ကျောက်သင်ပုန်းဆေး အနက်သုတ်ထားတဲ့ သုံးထပ်ပြားလေးပေါ်ကပ်တော့ ရွာကရောက်နေတဲ့ဦးကြီးက ပါးစောင်ရှိ ကွမ်းတွေ ဖွီးကနဲထွေးပြီး “မင်း ဆိုင်နာမည်ကလည်းကွယ် အတိတ်နိမိတ်မရှိ၊ ပန်းလည်းပန်း၊ လယ်လည်း လယ်ဦးမှာ ဆိုတော့ မဟန်ပါဘူးကွယ်”လို့ ဆိုတယ်။ ကျွန်တော်လည်း ဦးကြီးကို ရှင်းပြမနေတော့ပါဘူး။ ဒါပေမယ့် ဘွဲ့ရပြီးလူငယ်တစ်ယောက်ပေမယ့် ဦးကြီးပြောသလို အဆင်မပြေ တပင်တပန်း…

Read More
VOM News

FREE
VIEW