တောင်ကိုရီးယားက ဆန္ဒပြဆရာဝန်တွေ အလုပ်ပြန်မဝင်ရင် ဖမ်းမယ်လို့ အစိုးရ သတိပေး

 

ဆိုးလ်၊ ဖေဖော်ဝါရီ-၂၉-၂၀၂၄

မျိုးဆက်(VOM)

တောင်ကိုရီးယားမှာ ဆန္ဒပြနေတဲ့ ထောင်နဲ့ချီတဲ့ အငယ်တန်းဆရာဝန်တွေအနေနဲ့ ဒီနေ့ ဖေဖော်ဝါရီ ၂၉ ရက်မှာ အလုပ်ပြန်မဝင်ဘူးဆိုရင် သူတို့ကိုဖမ်းဆီးပြီး ဆေးကုသခွင့်လိုင်စင်တွေ ရုပ်သိမ်းသွားမယ်လို့ တောင်ကိုရီးယားအစိုးရက သတိပေးလိုက်ပါတယ်။

နိုင်ငံရှိ အငယ်တန်းဆရာဝန်တွေရဲ့ လေးပုံသုံးပုံဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး အလုပ်ကနေ နှုတ်ထွက်စာတင်ခဲ့ကြပြီး အဓိကသင်ကြားရေးဆေးရုံတွေမှာ ခွဲစိတ်မှုတွေ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဆရာဝန်အရေအတွက် မြှင့်တက်လာစေဖို့ ဆေးတက္ကသိုလ်ဝင်ခွင့်ကို ပိုမိုပေးမယ့် အစိုးရရဲ့ အစီအစဉ်အပေါ် ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ အစိုးရက လာမယ့်နှစ်ဆေးတက္ကသိုလ်ဝင်ခွင့်ကို ဆေးကျောင်းသား သုံးထောင်ကနေ ငါးထောင်ထိ တိုးဖို့ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီအစီအစဉ်ဟာ ဆရာဝန်အဖြစ် အရည်အချင်းပြည့်မီထူးချွှန်ရေးနဲ့ ကျန်းမာရေးစောက်ရှောက်မှုမှာ အရည်အသွေးကျဆင်းမှာကို ဆရာဝန်အသိုင်းအဝိုင်းမှာ ငြင်းခုံမှုတွေရှိနေပါတယ်။

တောင်ကိုရီးယားဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေထဲမှာ လူနာနဲ့ဆရာဝန်အချိုး အနိမ့်ဆုံးဖြစ်ပြီး သက်ကြီးရွယ်အိုတွေ အလျင်အမြန်တိုးပွားလာမှုနဲ့အတူ ဆယ်စုနှစ်တခုအတွင်း ဆရာဝန်နည်းပါးမှုနဲ့ ရင်ဆိုင်နေရတယ်လို့ အစိုးရက သတိပေးထားပါတယ်။

Ref:BBC

Photo: Reuters

Related posts

Leave a Comment

VOM News

FREE
VIEW