တက္ကဆက် ပြည်နယ်သမိုင်းမှာ ဒုတိယအပြင်းထန်ဆုံး တောမီးလောင်ကျွမ်းမှုနဲ့ ရင်ဆိုင်နေရ

 

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂၉-၂၀၂၄

မျိုးဆက်(VOM)

အမေရိကန်နိုင်ငံတက္ကဆက်ပြည်နယ်မှာ လျှင်မြန်စွာကူးစက်လောင်ကျွမ်းနေတဲ့ တောမီးကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။

တောမီးလောင်ကျွမ်းမှုဟာ တက္ကဆက်ပြည်နယ်သမိုင်းမှာ ဒုတိယအပြင်းထန်ဆုံး တောမီးအကြီးအကျယ် လောင်မှုဖြစ်ပြီး အေမာရီလိုမြို့မြောက်ဘက်မှာ ဧကငါးသိန်းထိတောမီလောင်ကျွမ်းခဲ့ပြီးဖြစ်ပါတယ်။

တောမီးကြောင့် ပြည်နယ်အတွင်းရှိလူနေအိမ်နဲ့ စီးပွားရေးလုပ်ငန်းတွေ လျှပ်စစ်ဓါတ်အား ပြတ်တောက်နေပြီး နျူကလီးယားလက်နက်စက်ရုံ တရုံကိုလည်း လုပ်ငန်းများခေတ္တရပ်နားထားရပါတယ်။

မြက်ခြောက်တွေ၊ အပူချိန်မြင့်မားမှုနဲ့ လေပြင်းတိုက်ခိုက်မှုတွေက တောမီးလောင်မှုကို ပိုမိုဆိုးရွားစေပါတယ်။ တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရက်အက်ဘော့က ခရိုင် ၆၀ မှာ သဘာဝဘေးအန္တရာယ် သတိပေးချက် ထုတ်ပြန်ထားပါတယ်။

တောမီးကို ငြှိမ်းသတ်ဖို့ မီးသတ်သမားရာပေါင်းများစွာဖြန့်ကြက်ထားပါတယ်။ တောမီးဟာ လက်ရှိမှာတော့ မြေဧကသန်းတဝက်ထိလောင်ကျွမ်းခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ ပြည်နယ်အတွင်း ဧကကိုးသိန်းကျော် လောင်ကျွမ်းခဲ့တဲ့ တောမီးပြီးရင် ဒုတိယအကြီးဆုံးတောမီးဖြစ်ပါတယ်။

Ref:BBC

Photo:AFP

Related posts

VOM News

FREE
VIEW