ပေကျင်း၊ ဖေဖော်ဝါရီ-၃-၂၀၂၄
မျိုးဆက်(VOM)
တရုတ်နိုင်ငံမှာ ကလေးငယ်နှစ်ယောက်ကို ၁၅ ထပ်အမြင့် ပြတင်းပေါက်ကနေ ပစ်ချပြီး သတ်ခဲ့တဲ့ စုံတွဲတတွဲကို အာဏာပိုင်တွေက ကွပ်မျက်လိုက်ပါတယ်။
ကလေးတွေရဲ့ ဖခင်ဖြစ်တဲ့ ကျန်ဘိုနဲ့ ယီချန်ချန်းဆိုသူအမျိုးသမီးတို့ဟာ ၂၀၂၀ ခုနှစ်မှာ နှစ်နှစ်အရွယ် မိန်းကလေးနဲ့ တနှစ်သားအရွယ်ကလေးငယ်တို့ကို သတ်ဖြတ်မှုအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။
ကျန်ဘိုဟာ ယီချန်ချန်းနဲ့ ဆက်ဆံရေးစတင်ပြီးနောက် ဇနီးဖြစ်သူနဲ့ကွာရှင်းခဲ့ပြီး သားသမီးတွေကို သတ်ဖြတ်ဖို့ ပူးပေါင်းကြံစည်ခဲ့တယ်လို့ အာဏာပိုင်တွေကဆိုပါတယ်။
ဒီစုံတွဲရဲ့ လုပ်ရပ်အတွက် စေ့ဆော်မှုဟာ အလွန်အမင်းအန္တရာယ်များပြီး သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်နဲ့ နည်းလမ်းတွေကို ပိုမိုပေါ်လွင်စေခဲ့တယ်လို့ တရုတ်နိုင်ငံ အထူးတရားရုံးက ထုတ်ပြန်ပါတယ်။
ပြစ်မှုကျူးလွန်တဲ့ အဲဒီစုံတွဲကို နိုင်ငံအနောက်တောင်ပိုင်း ချုံကင်းမြို့မှာ ကွပ်မျက်ခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ သေဒဏ်ပေးမှုအများအပြားကို အများအားဖြင့် ဆေးထိုးခြင်းနဲ့ ပစ်သတ်ခြင်းတို့စတဲ့ နည်းလမ်းတွေကို အသုံးပြုလေ့ရှိပေမယ့် လက်ရှိကွပ်မျက်မှုမှာ ဘယ်နည်းလမ်းကို အသုံးပြုတယ်ဆိုတာ ရှင်းလင်းစွာ မသိရပါဘူး။
Ref:BBC
Photo:Getty Images