ဆီနီဂေါရွေးကောက်ပွဲ ရွှေ့ဆိုင်းတဲ့ သမ္မတ ဆုံးဖြတ်ချက် ဖွဲ့စည်းပုံအရ အာဏာသိမ်းတာလို့ အတိုက်အခံတွေ ဝေဖန်

 

ဒက်ကာ၊ ဖေဖော်ဝါရီ-၆-၂၀၂၄

မျိုးဆက်(VOM)

ဆီနီဂေါနိုင်ငံမှာ ကျင်းပဖို့စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို သမ္မတက ရွှေ့ဆိုင်းလိုက်တဲ့ကိစ္စအပေါ် လွှတ်တော်ရှေ့မှာ ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပါတယ်။

ရွေးကောက်ပွဲကျင်းပဖို့ သုံးပတ်အလိုမှာ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းလိုက်ပြီးနောက်မှာ သမ္မတ မက်ကီဆေးလ်ရဲ့ ရာထူးသက်တမ်း တိုးဖို့နဲ့ ရွေးကောက်ပွဲရွေးကောက်ပွဲ ရွှေ့ဆိုင်းမှုကို လွှတ်တော်က အတည်ပြုခဲ့ပါတယ်။

အခုလို ရွေးကောက်ပွဲ ရွှေ့ဆိုင်းတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာသိမ်းတာဖြစ်ကြောင်း အတိုက်အခံခေါင်ဆောင်နဲ့ ဒက်ကာမြို့တော်ဝန်ဟောင်းဖြစ်သူ ခါလီဖာဆေးလ်က ဝေဖန်ထားပြီး ဒီကိစ္စအပေါ် ဆန့်ကျင်ကြဖို့ ပြည်သူတွေကို တိုက်တွန်းထားပါတယ်။

သူရဲ့ နိုင်ငံရေးညွှန့်ပေါင်းအဖွဲ့ဟာလည်း တရားရုံးချုပ်ကို သွားရောက်မှာဖြစ်ပါတယ်။ “ ဒါဟာ နိုင်ငံတော် သစ္စာဖောက်မှုကြီးဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ သမိုင်းရဲ့ အမှန်တရားဘက်မှာ ရပ်တည်ကြပါ” လို့ သမ္မတလောင်း ကိုယ်စားလှယ်တယောက်ဖြစ်သူ သီယာနိုအယ်လ်စိန်းဆေးလ်က ပြောပါတယ်။

လွှတ်တော်ဟာ ရွေးကောက်ပွဲကို ခြောက်လရွှေ့ဆိုင်းဖို့ မူလက အဆိုပြုခဲ့ပေမယ့် နောက်ဆုံးမိနစ် ဆွေးနွေးမှုအရ ၁၀ လထိရွှေ့ဆိုင်းမှုကို အတည်ပြုခဲ့ပါတယ်။ သမ္မတမက်ကီဆေးလ်ကတော့ သူဟာ နောက်တကြိမ်သမ္မတရာထူး ထမ်းဆောင်ဖို့ အစီအစဉ်မရှိဘူးလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref:BBC

Photo:AFP

 

Related posts

Leave a Comment

VOM News

FREE
VIEW