အာကာသထဲကို နျူကလီးယားလက်နက်တွေ ဖြန့်ကြက်ဖို့ ရုရှားဆန္ဒရှိနေ

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁၅-၂၀၂၄
မျိုးဆက်(VOM)

ရုရှားဟာ အာကာသထဲကို နျူကလီးယားလက်နက်တွေ လွှတ်တင်ဖြန့်ကြက်ဖို့ စီစဉ်နေပြီး ဂြိုဟ်တုတွေကို ဖျက်ဆီးမှုမျာ အသုံးပြုဖွယ်ရှိနေတာကို အမေရိကန်အစိုးရက တွေ့ရှိထားကြောင်း အေဘီစီသတင်းဌာနက ရေးသား ဖော်ပြထားပါတယ်။

အာကာသထဲကို နျူကလီးယားလက်နက်တွေ ရုရှားက ဖြန့်ကြက်လိုတဲ့ သတင်းအချက်အလက်တွေကို သမ္မတဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရက ရရှိထားကြောင်း ကွန်ဂရက်သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။

ဒီအစီအစဉ်ဟာ ကမ္ဘာမြေကို လက်နက်တွေနဲ့ ပစ်ခတ်ဖို့မဟုတ်ဘဲ ဂြိုဟ်တုတွေအတွက် အသုံးပြုဖို့ ရည်ရွယ်ထားဖွယ်ရှိကြောင်း အေဘီစီသတင်းဌာနက ဖော်ပြထားပါတယ်။

အမေရိကန်အနေနဲ့ ပြင်းထန်တဲ့ အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရတာဝန်ရှိသူတွေဆီကနေ အကြောင်းကြားစာရရှိထားကြောင်း အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ ဥက္ကဌမိုက်တာနာက ပြောပါတယ်။

ဒါပေမယ့် အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်လည်း လွှတ်တော်ခေါင်းတွေနဲ့ တွေ့ဆုံဖို့ စီစဉ်နေကြောင်း သူကပြောပါတယ်။

Ref:NHK
Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW