သထုံမြို့နယ်မှာ ပရို​​​ဘောက်နဲ့ တွဲကားတိုက်မိလို့ ပရိုဘောက်ပေါ်လိုက်ပါသူ ခုနစ်ယောက်သေဆုံး

ဖေဖော်ဝါရီ ၁၅ – ၂၀၂၄
SN (VOM)
သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ ကရင်လေးဆိပ်ကျေးရွာ၊ ဘီးလင်း-ကျိုက်ကော်လမ်းပိုင်း၊ မိုင်တိုင်အမှတ် ၁၃၄/၇၊ ရွှေမိုးဓါတ်ဆီဆိုင်အနီးမှာ ဒီကနေ့ ဖေဖော်ဝါရီလ ၁၅ ရက်၊ မနက် ၁၁ နာရီခွဲဝန်းကျင်က တွဲကားနဲ့ ပရိုဘောက်တို့ တိုက်မိခဲ့ပြီး ခုနစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
“သေဆုံးတာက ပရိုဘောက် အိမ်စီးကားပေါ်ကလူ အကုန်လုံးပါပဲ။ အမျိုးသား ငါးယောက်၊ အမျိုးသမီး နှစ်ယောက်၊ စုစုပေါင်း ခုနစ်ယောက်ပါ” လို့ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် ပရိုဘောက်ယာဉ်မှာ တစီးလုံးနီးပါး ကြေမွသွားခဲ့ပြီး လူမှုကူညီ‌ရေး အသင်းတွေအနေနဲ့ ကားထဲညပ်နေတဲ့သူတွေကို ကရိန်းနဲ့ဆွဲထုတ်ခဲ့ရတယ်လို့ သိရပါတယ်။
ယာဉ်တိုက်မှုဖြစ်စဉ်သို့ ဘီးလင်းနဲ့ ကျိုက်ကော်မီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ၊ မိုးကောင်းကယ်ဆယ်ရေးအဖွဲ့နဲ့ ပီတိနှလုံးသား ကယ်ဆယ်ရေးအဖွဲ့တို့က ကူညီဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW