ပြုံးယမ်း၊ မတ်-၂၀-၂၀၂၄ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ တာလတ်ပစ် ဟိုက်ပါဆိုးနစ်ဒုံးကျည်အမျိုးအစားသစ်အတွက် ဒုံးကျည်အင်ဂျင်စမ်းသပ်မှုကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။ ဒုံးကျည်အင်ဂျင် မြေပြင်စမ်းသပ်မှုကို နိုင်ငံအနောက်မြောက်ပိုင်း ဆိုဟေး လွှတ်တင်ရေးစခန်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် တက်ရောက်ခဲ့တယ်လို့ အာဏာရအလုပ်သမားပါတီရဲ့ ရိုဒေါင်ဆင်မွမ်သတင်းစာက ဆိုပါတယ်။ လောင်စာခဲသုံး ဒုံးကျည်အင်ဂျင်ဟာ လောင်စာရည်သုံး ဒုံးကျည်တွေထက် ပိုမိုလျှင်မြန်စွာ ပစ်ခတ်နိုင်ပါတယ်။ လာလတ်ပစ် ဟိုက်ပါဆိုးးနစ်ဒုံးကျည်အမျိုးအစားသစ်ဟာ တိုက်ချင်းပစ်ဒုံးကျည်တွေလိုပဲ စစ်ရေးဗျူဟာအရ အရေးပါကြောင်း ကင်ဂျုံအန်က ပြောပါတယ်။ မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလကတည်း လောင်စာခဲသုံး ဒုံးကျည်အင်ဂျင်စမ်းသပ်မှုကို ပြုလုပ်ခဲ့ပြီး နှစ်လအကြာမှာ တာလတ်ပစ်ဒုံးကျည်ကို စမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်ထိ မြောက်ကိုရီးယားရဲ့ ငါးနှစ်ကြာစစ်ရေးအစီအစဉ်အရ အသံထက် ငါးဆမြန်တဲ့ ဒုံးကျည်အမျိုးအစားသစ်တွေ ထုတ်လုပ်နိုင်ရေး ရည်မှန်းနေပြီး သူ့ရဲ့ လှုပ်ရှားမှုအပေါ် ဒေသတွင်းနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ စိုးရိမ်ပူပန်မှုတွေ…
Read MoreMonth: March 2024
HIV ဗိုင်းရပ်စ်ကို လူ့ခန္ဓာကိုယ် ဆဲလ်တွေထဲကနေ အောင်မြင်စွာ ဖယ်ရှားနိုင်ပြီ
ဝါရှင်တန်၊ မတ်-၂၀-၂၀၂၄ မျိုးဆက်(VOM) နိုဘယ်ဆုရ Crispr gene-editing နည်းပညာကို အသုံးပြုပြီး လူ့ခန္ဓာကိုယ် ဆဲလ်တွေထဲမှာ ကူးစက်နေတဲ့ HIV ဗိုင်းရပ်စ်ကို အောင်မြင်စွာ ဖယ်ရှားနိုင်ပြီလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ဒီနည်းပညာအရ ဗိုင်းရပ်စ်ဆဲတွေကို မော်လီကျူးအဆင့်မှာတင် ဒီအင်န်အေကို ဖြတ်တောက်ပြီး ဖယ်ရှားတာမျိုး သို့မဟုတ် ဆဲလ်တွေ အသက်မဝင်အောင် လုပ်နိုင်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။ လက်ရှိစမ်းသပ်ခံတဲ့ စေတနာ့ဝန်ထမ်းသုံးယောက်ဟာ သီတင်းပတ် ၄၈ ပတ်ကြာချိန်ထိ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးမရှိဘူးလို့ သုတေသီတွေက ဆိုပါတယ်။ HIV ဗိုင်းရပ်စ်တွေကို နောက်ဆုံးမှာ ခန္ဓာတခုလုံးကနေ ဖယ်ရှားနိုင်မယ်လို့ သိပ္ပံပညာရှင်တွေက မျှော်လင့်ထားကြပေမယ့် ဘေးကင်းလုံခြုံမှုနဲ့ ထိရောက်မှုတို့အတွက် စမ်းသပ် စစ်ဆေးမှုတွေ များစွာ လုပ်ဆောင်ရဦးမှာဖြစ်ပါတယ်။ လက်ရှိ ဆေးဝါးတွေဟာ ဗိုင်းရပ်စ်တွေကို တားဆီးနိုင်ပေမယ့် ဖယ်ရှားနိုင်ခြင်းတော့မရှိပါဘူး။ အမ်စတာဒမ် တက္ကသိုလ်က သုတေသီတွေဟာ…
Read Moreဂါဇာမြောက်ပိုင်းမှာ တိုက်ပွဲတွေမရပ်ရင် မေလအတွင်း အငတ်ဘေးဆိုက်နိုင်ကြောင်း သတိပေး
ဂါဇာစီးတီး၊ မတ်-၂၀-၂၀၂၄ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသရှိ ဒေသခံအားလုံးနီးပါဖြစ်တဲ့ လူနှစ်သန်းဟာ ဆိုးရွားတဲ့ စာနပ်ရိက္ခာပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ပြောပါတယ်။ ဒါဟာ လူဦးရေအားလုံးနီးပါ ဒီလိုကြုံတွေ့နေရတာ ပထမဆုံးအကြိမ်ဖြစ်ပြီး အရေးပေါ်လိုအပ်နေသူတွေကို ဦးစားပေးထောက်ပံ့ဖို့ တောင်းဆိုခဲ့ပါတယ်။ ဂါဇာမြောက်ပိုင်းမှာ တိုက်ပွဲတွေ ခေတ္တမရပ်ဘူးဆိုရင် မေလအတွင်းမှာ အငတ်ဘေးဆိုက်နိုင်ကြောင်း ကုလသမဂ္ဂ အကူအညီပေးရေး အေဂျင်စီတွေကလည်း သတိပေးထားပါတယ်။ လက်ရှိမှာတော့ အစ္စရေးနဲ့ ဟာမတ်စ်တို့အကြား အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်ဟာ အောက်တိုဘာနောက်ပိုင်း ခြောက်ကြိမ်မြောက်အဖြစ် အရှေ့အလယ်ပိုင်းကို မကြာမီသွားဖို့ရှိနေပါတယ်။ အစ္စရေးတာဝန်ရှိသူတွေဟာ တိုက်ပွဲတွေရပ်ဖို့၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေရရှိဖို့ နဲ့ ဓါးစာခံတွေ လွတ်မြောက်ဖို့တွေပါဝင်တဲ့ ဟားမတ်စ်တို့နဲ့ သဘောတူညီချက်သစ်အတွက် လာမယ့် မတ် ၂၆ ရက်မှာ ကာတာမှာ ဆွေးနွေးပွဲတွေ စတင်မှာဖြစ်ပါတယ်။ Ref:…
Read Moreမြန်မာ – အိန္ဒိယ နယ်စပ်မှာ သုံးရက်ကြာ ပျောက်နေတဲ့ လူငယ်နှစ်ယောက် အလောင်းသာ ပြန်တွေ့
မတ် ၊ ၂၀ ၊ ၂၀၂၄ SP (VOM) ပြီးခဲ့တဲ့ မတ် ၁၇ ရက် ၊ ညနေပိုင်းက စစ်ကိုင်းတိုင်း ၊ တမူးမြို့ ၊ မြန်မာ အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်နေရာမှာ မြန်မာနိုင်ငံသား လူငယ်နှစ်ယောက် သုံးရက်ကြာ ပျောက်ဆုံးသွားပြီးနောက် ဒီမနက်မှာ သူတို့ရဲ့ ရုပ်အလောင်တွေ ပြန်တွေ့ရတယ်လို့ ဒေသခံ ပရဟိတသမားတွေဆီက သိရပါတယ်။ “သုံးရက်ကြာ ပျောက်ဆုံးနေပြီး အလောင်းပြန်တွေ့ရတဲ့ လူနှစ်ယောက်က တမူးမြို့၊ ဈေးတန်း (၉) ရပ်ကွက်မှာနေတဲ့ ကိုအားနွန်နဲ့ ဈေးတန်း (၁၀) ရပ်ကွက်မှာနေတဲ့ ကိုအားမွန် ဆိုသူ နှစ်ယောက်ဖြစ်တယ် ၊ သူတို့ နှစ်ယောက်စလုံး လည်ပင်း ပြတ်ရှဒဏ်ရာတွေအပြင် ရုပ်အလောင်းတွေကို မီးရှို့ဖျက်ဆီးထားတယ် ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။ သေဆုံးသူ မိသားစု…
Read Moreခြံအမှတ် ၅၄ ကို လေလံဆွဲမယ့်သူမရှိလို့ လေလံပွဲမအောင်မြင်
မတ် ၂၀ – ၂၀၂၄ SN (VOM) ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့တဲ့ ခြံအမှတ် (၅၄) နဲ့ နေအိမ်ကို ဒီကနေ့ မတ်လ ၂၀ ရက်မှာ လေလံတင် ရောင်းချမယ့်ကိစ္စ လေလံဆွဲမယ့်သူမရှိလို့ မအောင်မြင်ခဲ့ဘူးလို့ နီးစပ်သူတွေဆီက သိရပါတယ်။ ခြံအမှတ် (၅၄) လေလံပွဲမှာ တရားရုံးအရာရှိနဲ့ တရားရုံးစာရေးတို့က လေလံဆွဲမယ့်သူ ရှိ၊ မရှိ သုံးကြိမ် မေးမြန်းခဲ့ပြီးနောက် မရှိတဲ့အတွက် လေလံပွဲ မအောင်မြင်တဲ့အကြောင်း ကြေညာခဲ့တယ်လို့ သိရပါတယ်။ ဒီလေလံပွဲနဲ့ ပတ်သက်လို့ စီးပွားရေးနဲ့ ဥပဒေအကြံပေးတယောက်က “ဒီလေလံပွဲကိုတော့ တော်ရုံလူ၊ ဘယ်သူမှ လာပြီးတော့ လေလံဆွဲရဲမယ့်ပုံမပေါ်ဘူး။ အဲတော့ ဒီလေလံပွဲနဲ့ပတ်သက်လို့က တရားရုံးက လေလံတင်မယ့်ရက်တွေကို အကြိမ်ကြိမ် ထပ်ပြီး ကြေညာသွားရဖို့ရှိတယ်” လို့ ပြောပါတယ်။ ဒီကနေ့…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မတ် – ၂၀ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၇၀၀ ကျပ် ဝယ်ဈေး – ၃၆၃၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၇၄၀ ကျပ် ဝယ်ဈေး – ၂၆၉၀ ကျပ် -ယူရို ရောင်းဈေး – ၃၉၆၅ ကျပ် ဝယ်ဈေး – ၃၈၈၅ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၃.၀၉ ကျပ် ဝယ်ဈေး – ၁၀၁.၀၁ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၈၇ ကျပ် ဝယ်ဈေး – ၇၇၇ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၀၄ ကျပ် ဝယ်ဈေး – ၄၉၄ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…
Read Moreယနေ့ ရွှေဈေး (မတ် – ၂၀ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၅၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၁၅၅၀၀၀ ကျပ် ဝယ်ဈေး ၄၁၁၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၉၅၅၀၀၀ ကျပ် ဝယ်ဈေး ၃၉၁၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreဟောင်ကောင်မှာ ပိုမိုတင်းကြပ်တဲ့ အမျိုးသားလုံခြုံရေးဥပဒေသစ် ပြဌာန်း
ဟောင်ကောင်၊ မတ်-၂၀-၂၀၂၄ မျိုးဆက်(VOM) ဟောင်ကောင်မှာ တင်းကြပ်တဲ့ အမျိုးသားလုံခြုံရေးဥပဒေကြမ်းကို ဟောင်ကောင်ဥပဒေပြုကောင်စီက တညီတညွတ်တည်း အတည်ပြုလိုက်သည်။ ဥပဒေသစ်ဟာ ၂၀၂၀ ခုနှစ်မှာ စတင်သက်ဝင်ခဲ့တဲ့ ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေကို ချဲ့ထွင်ထားပြီး နိုင်ငံတော်လျှို့ဝှက်ချက် ခိုးယူတာ၊ သူလျှိုလုပ်တာနဲ့ ပြည်ပဝင်ရောက်စွက်ဖက်မှုအပါအဝင် အမျိုးသားလုံခြုံရေးကို အန္တရာယ်ဖြစ်စေတာတွေကို ကျူးလွန်ရင် ထောင်ဒဏ်တသက်တကျွန်းထိ ချမှတ်နိင်ပါတယ်။ ဥပဒေသစ်ပြဌာန်းနိုင်မှုဟာ သမိုင်းဝင်အခိုက်အတန့်ဖြစ်ပြီး အမျိုးသားလုံခြုံရေးကို အကာကွယ်ပေးထားတဲ့ ဥပဒေဟာ လာမယ့် မတ် ၂၃ ရက်မှာ စတင်သက်ဝင်မှာဖြစ်တယ်လို့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး ဂျွန်လီက ပြောပါတယ်။ ဥပဒေရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေဟာ လွန်စွာကျယ်ပြန့်ပြီး စီးပွားရေး၊ သတင်းမီဒီယာနဲ့ အခြားနယ်ပယ်တွေအပေါ် သက်ရောက်လာမှာတွေကို စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ ဟောင်ကောင်အစိုးရဟာ ဥပဒေကို မတ် ၈ ရက်မှာတင်သွင်းခဲ့ပြီး ၁၁ ရက်အကြာမှာ အခုလို အတည်ပြုခဲ့တာဖြစ်ကာ ဟောင်ကောင်ပြည်သူတွေအပေါ် ပိုမိုတင်းကြပ်တဲ့ထိန်းချုပ်မှုတွေလုပ်ဖို့ အစိုးရကို ခွင့်ပြုပေးသွားမှာဖြစ်ပါတယ်။…
Read MoreThis Day in History
Voice of Myanmar AZT (azidothymidine) ဆေးသည် အေအိုင်ဒီအက်စ်ရောဂါကို ကုသရန်အတွက် အမေရိကန် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာနက ၁၉၈၇ ခုနှစ် မတ် ၂၀ ရက်တွင် ခွင့်ပြုချက်ပေးခဲ့သည့် ပထမဆုံးသော အေအိုင်ဒီအက်စ် ကုသဆေးဝါးဖြစ်သည်။
Read Moreသာသနာလိုင်စင်နံပါတ်ပြားတပ်ကားတွေနဲ့ ယာဥ်မတော်တဆမှု
မတ် ၊ ၂၀ ၊ ၂၀၂၄ SP ( VOM) ဒီရက်ပိုင်းအတွင်း နိုင်ငံတဝှမ်းမှာ ယာဥ်မတော်တဆမှုဖြစ်စဥ်တွေအနက် အချို့ ယာဥ်မတော်တဆမှု ဖြစ်စဥ်တွေမှာ ဘုန်းကြီး(သာသနာ့ယာဥ်)ကားတွေပါတာကို မကြာခဏ ကြားနေတွေ့နေရပါတယ်။ ဒီလိုတွေ ဘာကြောင့် ဖြစ်နေရတာလဲဆိုတာကို သက်ဆိုင်ရာ ဘုန်းကြီးတွေနဲ့ လူပုဂ္ဂိုလ် တချို့ကို VOM က မေးမြန်းထားပါတယ်။ စစ်ကိုင်းတိုင်းမှာ သီတင်းသုံးနေထိုင်တဲ့ သဒ္ဓမ္မဇောတိက ဆရာတော် တပါးက ” ဘုန်းကြီးတွေ မြင်းလှည်း ၊ နွားလည်း မစီးရ ၊ မမောင်းရဘူးဆိုတာ ဝိနည်းအရ ပြဌာန်းထားတာရှိတယ် ၊ အကြောင်းကတော့ တိရစ္ဆာန်ကို ညှင်းပန်းနှိပ်စက်ရာရောက်စေတဲ့အတွက် မဖြစ်ဖို့ ပြဌာန်းတာဖြစ်တယ် ၊ စက်တပ်ယာဥ်တွေကို သံဃနာယအဖွဲ့က ကိုယ်တိုင် မမောင်းကြဖို့ ထုတ်ပြန်ထားတာတော့ရှိတယ် ၊ ဝိနည်းအရတော့မဟုတ်ဘူး ၊ သိက္ခာအရတော့ စက်ယာဥ်ဖြစ်တဲ့ ဆိုင်ကယ်ထက်…
Read More