ကွာလာလမ်ပူ၊ ဧပြီ-၂၀-၂၀၂၄
မျိုးဆက်(VOM)
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် ပဋိပက္ခတွေချက်ချင်းရပ်ဖို့နဲ့ နယ်စပ်ဒေသတွေမှာ လတ်တလောဖြစ်ပွားနေတဲ့ အခြေအနေတွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
အထူးသဖြင့် ကရင်ပြည်နယ် မြ၀တီမြို့နဲ့ ရခိုင်ပြည်နယ်တို့မှာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေ အရှိန်အဟုန်မြင့်တက်လာတဲ့အပေါ် လွန်စွာစိုးရိမ်ပူပန်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ထပ်မံပြီးတော့ ပြောဆိုကြပြန်ပါတယ်။
ဘယ်လိုပုံစံမျိုးနဲ့မဆို ပဋိပက္ခပြင်းထန်လာခြင်းက ဖြစ်ပေါ်လာတဲ့ လူသားချင်စာနာမှုဆိုင်ရာ နောက်ဆက်တွဲအကျိုးဆက်တွေကို ရှောင်ရှားနိုင်ဖို့အတွက် တင်းမာမှုတွေ လျှော့ချရေး၊ အရပ်သားတွေကို အကာကွယ်အကွယ်ပေး လုံခြုံမှုရှိစေရေး၊ နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာ အခြေခံမူတွေကို လိုက်နာဖို့၊ အကြမ်းဖက်ပဋိပက္ခကို ချက်ချင်းရပ်ဖို့နဲ့ အဆုံးစွန်ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေက တိုက်တွန်းထားပါတယ်။
လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို အချိန်နဲ့တပြေးညီ ပေးပို့နိုင်မယ့် ဘေးကင်းတဲ့ဝန်းကျင်တခု ဖန်တီးရေးအပါအဝင် အရပ်သားတွေအပေါ် ပဋိပက္ခတွေကြောင့် ထိခိုက်မှုအနည်းဆုံးဖြစ်မယ့် အရေးပေါ်လုပ်ဆောင်မှုတွေပြုလုပ်ဖို့ကိုလည်း ဝန်ကြီးတွေက တောင်းဆိုထားပါတယ်။
အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ညှိုနှိုင်းမှုဌာနနဲ့ ထိုင်းနိုင်ငံကတဆင့် နယ်စပ်ဖြတ်ကျော်ပြီး လူသားချင်းစာနာမှုဆိုင်ရာ အားထုတ်မှုတွေအပေါ် ထောက်ခံပြီး အမျိုးသားအဆင့် ဆွေးနွေးပွဲတွေဖြစ်လာရေးကိုလည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက တိုက်တွန်းထားပါတယ်။
Ref: Veitnam Plus
Photo: Reuters
နယ်စပ်ဒေသက ပဋိပက္ခတွေအပေါ် အာဆီယံ ဝန်ကြီးတွေ စိုးရိမ်ပူပန်ကြပြန် ၊ နိုင်ငံတကာ လူသားချင်းစာနာမှု အခြေခံမူတွေကို လိုက်နာဖို့ တိုက်တွန်း
