၂၄၊ ၂၀၂၄
Shy V(VOM)
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့မှာ ယမန်နေ့ ဧပြီလ ၂၃ ရက်နေ့ မနက် ၇ နာရီကျော်ခန့်ကစ စစ်တပ် နဲ့ KIA တို့အကြား တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံ တွေဆီက သိရပါတယ်။
“မိုးမောက် ခါနန် နဲ့ ဝဝမ်ဘက် ချနေပြီ။ ဒီမနက်က စစ်တပ်ရှိတဲ့ဘက် ဟိုဘက်အဖွဲ့က ထုထည့်လိုက်လို့ စစ်တပ်ဘက်ရ လက်နက်ကြီးေတွထုနေတယ်။ စစ်သားတွေက မိုးမောက်မြို့မှာ ပြည့်နေပြီ။ ဘုရားကျောင်းတွေမှာရောပဲ။ မနေ့က မနေ့က မနက်တော့ စစ်တပ်ဘက်က ထိုးစစ်ဆင်လာတဲ့ အဖွဲ့က မိုးမောက်မြို့ထိပ်က ဟိုဘက် အဖွဲ့တွေကို ပစ်တာ။ အဲကနေ တိုက်ပွဲ ပြင်းထန်လာတာ” လို့ ဒေသခံ တယောက်က ပြောပါတယ်။
ဒေသခံ တချို့တော့ အနေ့က နှစ်ဖက် တပ်ရဲ့ကြား စစ်ပမြပြင်မှာ ပိတ်မိနေခဲ့တယ်လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
မနေ့ကမနက် ၇ နာရီလောက်ကနေ နေ့လယ်ပိုင်းအထိ တိုက်ပွဲ ပြင်းထန်နေပြီး နှစ်ဖက် တိုက်ပွဲအတွင်း လက်နက်ကြီးကျည်စ ထိမှန်လို့ ဒေသခံ ပြည်သူ ၃ ဦး သေဆုံးသွားကာ ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိတယ်လို့ဆိုပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးအုပ်စု၊ ဆယ်ဇင်း က စစ်တပ်နဲ့ ကှမ်းနီ ပူးပေါင်း စခန်းချထားတဲ့ ခမရ – ၁၁၆ ကို ဒီနေ့ ဧပြီလ က စစ်တပ်နဲ့ ရှမ်းနီ ပူးပေါင်း စခန်းချထားတဲ့ ခမရ – ၁၁၆ ကို ဒီနေ့ ဧပြီလ ၂၄ ရက်နေ့ မနက် အစောပိုင်း ၁ နာရီခွဲ၊ ၂ နာရီ ဝန်းကျင်က KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ သိမ်းလိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“စစ်တပ်ဘက်က ထွက်သွားတာ။ KIA နဲ့ ပူးပေါင်း အဖွဲ့က သိမ်းပြီးရင်လည်း မနေဘူးလေ။ အဲခါ ကျတော့ စစ်တပ် နဲ့ ရှမ်းနီ အဖွဲ့က ပြန်နေ။ ဟိုက ပြန်တိုက်၊ ပြန်သိမ်း။ သူတို့ ပြန်မနေရင် စစ်တပ်ဘက်က ပြန်ဝင်နေလိုက် နဲ့ အဲလိုပဲဖြစ်နေတာ။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့က ဆယ်ဇင်းရဲစခန်းကို KIA နဲ့ ပူးပေါင်း တပ်ဖွဲတွေသိမ်းပိုက်လိုက်ပြီး ဧပြီလ ၂၀ ရက်နေ့ကစ ခမရ – ၁၁၆ တပ်စခန်းကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ကာ ဒီနေ့ ဧပြီလ ၂၄ ရက်နေ့မှာသိမ်းပိုက်လိုက်တာဖြစ်ကာ နှစ်ဖက် တိုက်ပွဲကြော့င်ထိခိုက်မှုကို မသိရသေးဘူး လို့ဆိုပါတယ်။
မြစ်ကြီးနား – ဖားကန့် လမ်းပေါ်က နန့်ယားဂိတ် တပ်စခန်းကို ဧပြီလ ၁၁ ရက်နေ့ မနက် ၇ နာရီကျော်ခန့်က KIA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်ခဲ့ပါသေးတယ်။
Photo Crd# Google
Related posts
-
ဆွီဒင် စာသင်ကျောင်းတကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၀ ယောက်သေဆုံး
စတော့ဟုမ်း၊ ဖေဖော်ဝါရီ-၅-၂၀၂၅ ရတီ(VOM) ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ စာသင်ကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၀... -
ဂွမြို့နယ်ရှိ စစ်ရှောင်တွေမှာ အရေပြားရောဂါဖြစ်ပွားမှု နှစ်လအတွင်း ပိုမိုဆိုးရွားလာ
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက... -
ကုလ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်နုတ်ထွက်မယ့်အမိန့် ဒေါ်နယ်ထရန့် လက်မှတ်ထိုး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မယ့် အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး...