ရန်ကုန် ၊ ဧပြီ၂၄ – ၂၀၂၄
GG (VOM)
၂၀၂၄ ခုနှစ် လေးလအတွင်းမှာ ကုမ္ပဏီပေါင်း ၄၅၀၀ ဝန်းကျင်အထိ မှတ်ပုံတင်စာရင်းကနေ ပယ်ဖျက်ခဲ့တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနစာရင်းတွေအရ သိရပါတယ်။
အဆိုပါ ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ ၉၇ အရ နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ပြဖို့ ပျက်ကွက်ခဲ့တာကြောင့် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေပုဒ်မ ၄၃၀ (စ) အရ မှတ်ပုံတင်စာရင်းကနေ ပယ်ဖျက်ခြင်း (Struck Off) လုပ်ဆောင်ခံခဲ့ရတာဖြစ်ပါတယ်လို့သိရပါတယ်။
” ကုမ္ပဏီထောင်ထားပြီး လုပ်ငန်းလည်း လည်ပတ်နေတယ်ဆိုရက် Annual ရီပို့စ်ကတော့ မတင်လို့မရဘူး။ အခွန်ရှင်းရမယ်။ ရီပို့စ်တင်ရမှာပဲ။ ကုမ္ပဏီတာဝန်နဲ့ ကုမ္ပဏီစည်းကမ်းနဲ့အညီ ဆောင်ရွက်ရမယ့်ဟာတွေ ရှိတယ်။ တကာ်လို့ကုမ္ပဏီမလည်ပတ်တော့လို့ ဖျက်ချင်လည်းဖျက်ဆိုပြီး ထားလို့ ပယ်ဖျက်ခံရတာမျိုးလည်းရှိနိုင်ပါတယ်။နိုင်ငံကပထမ ကိုဗစ်ကြောင့်ထိခိုက်တယ်၊အခုကျစစ်ဘေးကြောင့်ထိခိုက်တော့လုပ်ငန်းရှင်တွေလည်း အဆင်မပြေကြဘူး ၊ ပယ်ဖျက်ခံရပြီးရင်တော့ နောက်တခါဒီနာမည်နဲ့ထပ်ပြီးကုမ္ပဏီထောင်လို့မရတော့ဘူးပေါ့ ၊ Blacklist ဖြစ်သွားတာကိုး ” လို့စီးပွားရေးလုပ်ငန်းရှင်တဦးကပြောပါတယ်။
နှစ်စဉ်အစီရင်ခံစာတင်ပြဖို့ပျက်ကွက်လို့ မှတ်ပုံတင်စာရင်းကနေပယ်ဖျက်ခံရတဲ့ လအလိုက်အနေနဲ့ ဧပြီလမှာ ကုမ္ပဏီ ၁၀၀၀ ၊ မတ်လ မှာကုမ္ပဏီ ၂၀၀၀ ၊ ဖေဖော်ဝါရီလမှ ကုမ္ပဏီ ၆၀၀ ၊ ဇန်နဝါရီလထဲမှာ ကုမ္ပဏီ ၇၅၀ နဲ့အားလုံးပေါင်း ကုမ္ပဏီ ၄၃၅၀ အထိရှိခဲ့တာဖြစ်ပါတယ်။
Struck Off( မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်း) ဖြစ်သွားရတဲ့ ကုမ္ပဏီေတွဟာ မှတ်ပုံတင်စာရင်းမှာ ပြန်လည် ပါဝင်လိုပါက တရားရုံးကို ဦးတိုက်လျှောက်ထားရမှာ ဖြစ်တယ်လို့ ကုမ္ပဏီ ဥပဒေအရသိရပါတယ်။
မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအရ ကုမ္ပဏီအားလုံးဟာ Myanmar Companies Online (My Co)မှာ နှစ်စဉ် အစီရင်ခံစာ (Annual Return-AR)ကို တည်ထောင်တဲ့ နေ့ကနေ နှစ်လအတွင်းနဲ့ နှစ်စဉ် အနည်းဆုံး တစ်ကြိမ် (နှစ်ပတ်လည် ကုန်ဆုံးပြီးနောက် တစ်လထက်နောက်မကျဘဲ) တင်ပြရမှာ ဖြစ်တယ်လို့သိရပါတယ်။
Photo:DICA
Related posts
-
ဆွီဒင် စာသင်ကျောင်းတကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၀ ယောက်သေဆုံး
စတော့ဟုမ်း၊ ဖေဖော်ဝါရီ-၅-၂၀၂၅ ရတီ(VOM) ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ စာသင်ကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၀... -
ဂွမြို့နယ်ရှိ စစ်ရှောင်တွေမှာ အရေပြားရောဂါဖြစ်ပွားမှု နှစ်လအတွင်း ပိုမိုဆိုးရွားလာ
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက... -
ကုလ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်နုတ်ထွက်မယ့်အမိန့် ဒေါ်နယ်ထရန့် လက်မှတ်ထိုး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မယ့် အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး...