ရခိုင်၊ ဧပြီ ၂၄ – ၂၀၂၄
GG (VOM)
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ထဲက ဒေါ်မြကျေးရွာနဲ့ ပုရစ်ရေကောက်ကျေးရွာနားမှာ AA နဲ့ နစက တပ်တွေအကြားတိုက်ပွဲကြောင့် ဒေသခံတွေရွာလုံးကျွတ်စစ်ဘေးရှောင်နေရသလို့ ကားတစီးလည်းပစ်ခတ်ခံရပြီး အရပ်တယောက်သေဆုံးမှုရှိနေတယ်လို့သိရပါတယ်။
တိုက်ပွဲကြောင့် ဒေါ်မြကျေးရွာနဲ့ ပုရစ်ရေကောက်ကျေးရွာက ဒေသခံတွေဟာ နေအိမ်တွေကိုစွန့်ခွာကာ အနီးပတ်ဝန်းကျင်နဲ့သံတွဲမြို့ပေါ်ကို စစ်ဘေးတိမ်းရှောင်နေကြရတာဖြစ်တာ်လို့သိရပါတယ်။
” ဒေါ်မြကျေးရွာနဲ့ ပုရစ်ရေကောက်ရွာက သံတွဲနဲ့ဆို မိုင်၂၀လောက်ဝေးပေမယ့် တိုက်ပွဲဖြစ်နေတဲ့လက်နက်ကြီးသံပေါက်ကွဲသံ ၊လေယာဉ်တွေ အကုန်ကြားနေရတယ်။အဲ့ဘက်ကဒေသခံတွေလည်း စစ်ရှောင်နေရတယ်။သံတွဲမြို့ပေါ်လည်းရှိပေမယ့် စစ်ရှောင်စခန်းလိုဖွင့်ထားတာမရှိဘူး။သူတို့ဘာသာအဆင်ပြေသလို မိသားစုတွေဆီရှောင်ကြတဲ့ပုံမျိုးပဲ၊အခုမနက်ပိုင်းတော့ပစ်ခတ်သံသိပ်မကြားရဘူးငြိမ်နေတယ် ” လို့ သံတဲမို့ဒေသခံတယောက်ကပြောပြပါတယ်။
အဆိုပါ ဒေါ်မြကျေးရွာနဲ့ ပုရစ်ရေကောက်ရွာမှာ ဧပြီလ ၂၂ ရက်နေ့မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး တိုက်ပွဲအတွင်း လက်နက်ကြီးပစ်ခတ်မှု၊လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေ ရှိတယ်လို့ဆိုပါတယ်။
ဒါအပြင် တိုက်ပွဲဖြစ်ပွားနေစဉ် သံတွဲ- တောင်ကုတ်ကားလမ်း ရွှေလှေရွာ တံတားဦးဂိတ်နားမှာ ဖြတ်သန်းသွားလာတဲ့ ခရီးသည်တင်ကားတစီး ပစ်ခတ်ခံရပြီး ယာဉ်မောင်းအမျိုးသားသေဆူံးကာ အမျိုးသမီးတယောက်နဲ့ အမျိုးသားတယောက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
“ကားတစီးပစ်ခံရတယ်၊ဒရိုင်ဘာတယောက်သေတယ်ဆိုပဲသိရတယ်၊တိုက်ပွဲကြားဖြတ်လို့ပစ်ခံရတယ်၊ကားရပ်ခိုင်းတာရပ်မပေးလို့ပစ်တယ်ပြောပေမယ့် ဘယ်ကပစ်တယ်ဆိုတာ အတိအကျသတင်းမရထားဘူး။ ကားကတော့တိုက်ပွဲ ဖြစ်တဲ့ရွာနားကနေဖြတ်သွားတာပေါ့ ” လို့ ဒေသခံကထပ်ပြောပြပါတယ်။
သံတွဲ – တောင်ကုတ်ကားလမ်းကို ၂၂ ရက်နေ့မှာပဲ အသွားအလာ ဖြတ်သန်းခွင့်ကို စစ်တပ်ကပိတ်လိုက်တယ်လို့သိရပါတယ်။ တိုက်ပွဲကြောင့် သံတွဲမြို့ပေါ်မှာလည်း စစ်ဆေးတင်းကြပ်ပြီး စစ်ဆေးရေးဂိတ်တွေ ကိုလည်း ထပ်တိုးချထားတယ်လို့သိရပါတယ်။
ဒေါ်မြကျေးရွာနဲ့ ပုရစ်ရေကောက်ရွာ နားမှာရှိတဲ့ သူဌေးရေအားလျှပ်စစ်စီမံကိန်းမှာ တပ်စွဲထား စစ်တပ် စစ်စခန်းကို AA ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့သိရပါတယ်။
Photo: MOI
Related posts
-
ဆွီဒင် စာသင်ကျောင်းတကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၀ ယောက်သေဆုံး
စတော့ဟုမ်း၊ ဖေဖော်ဝါရီ-၅-၂၀၂၅ ရတီ(VOM) ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ စာသင်ကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၀... -
ဂွမြို့နယ်ရှိ စစ်ရှောင်တွေမှာ အရေပြားရောဂါဖြစ်ပွားမှု နှစ်လအတွင်း ပိုမိုဆိုးရွားလာ
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက... -
ကုလ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်နုတ်ထွက်မယ့်အမိန့် ဒေါ်နယ်ထရန့် လက်မှတ်ထိုး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မယ့် အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး...